“ နိုင်ငံရေး သီလ”-
နိုင်ငံရေးဆောင်ရွက်ခြင်းသည် အတ္တဟိတ မဟုတ်၊ အများအကျိုးဆောင်သော ပရဟိတ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ဆောင် ရွက်ခြင်းသည် မွန်မြတ်သော အလုပ်ဖြစ်သည်။ နိုင်ငံရေးဆောင်ရွက်သူများအား နိုင်ငံရေးသမားဟု ခေါ်ဝေါ်ခြင်းသည် တွင်ကျယ် သော အများသိဝေါဟာရ ဖြစ်လျှက်ရှိသည်။
`“ပညတ်သွားရာ ဓါတ်သက်ပါ ”ဆိုသကဲ့သို့ နိုင်ငံရေးသမားဆိုလျှင် သတိထားဆက်ဆံရမည့် သူဟူ၍ နားလည်မှုလွဲနေသူ များ စွာရှိနေသည်။ နိုင်ငံရေးသမားနှင့် ဆက်ဆံရသည့်အခါများတွင် ကြောက်သလိုလို၊စိတ်မချသလိုလို ၊မိမိအပေါ် တစုံတရာ အမြတ်
ထုတ်သွားတော့မလိုလို၊ မသိုးမသန့် ဖြစ်တတ်ကြသည်။ တိုသို့ ဖြစ်နေအောင်လည်း နိုင်ငံရေးသမား ဆန့် ကျင်သူတို့က“အဆင်း ဘီးတပ်ပေးပေးခဲ့ ကြသည်။ရေ နစ်သူကို ၀ါးလုံးဖြင့်ထိုး၍ပင် နှစ်ခဲ့ကြသေးသည်။ နိုင်ငံရေးသမားဆိုတာ ကိုယ်ကျိုးရှာ သမား တွေဟု အများပြည်သူ ထင်မြင်ချက် ဖြစ်ပေါ်လာအောင် နည်းမျိုးစုံသုံးကာ နာမည်ဖျက်ခဲ့ကြသည်။ ”
သို့ဖြစ်ရာ နိုင်ငံရေးသမား ဟူသော အသုံးအနှုန်းကို `“နိုင်ငံရေး အကျိုးတော်ဆောင်” ဟုပြောင်းလဲခေါ်ဝေါ်ပါက ဆက်ဆံရန် စိုးကြောက်မှုများ လျော့နည်း သွားလေမည်လား ယူဆမိပေသည်။
နိုင်ငံရေး ဆောင်ရွက်သူများသည် တဦးနှင့်တဦး အယူအဆ၊ မူဝါဒ အားလုံးတူနိုင်မည်မဟုတ်ပေ။ အယူအဆ မတူတိုင်း ရန်သူ များ မဖြစ်သင့်ပေ။ မိမိတို့ မူဝါဒနှင့် လမ်းစဉ်ကောင်းကြောင်း၊ လူထုထံတင်ပြခြင်းနှင့် တချိန်တည်းတွင် မိမိပြိုင်ဘက်များ၏ မူဝါဒ နှင့်လုပ်ငန်းစဉ်များ လွဲမှား ချွတ်ချော်နေကြောင်း ကိုလည်း တင်ပြကြမည်သာ ဖြစ်သည်။ထိုသို့ တင်ပြရာတွင် ရန်စွယ်ငေါငေါ အ မျက်စောက်မန် ကြီးစွာဖြငသ့် မိမိပြိုင်ဘက်ကို တိုက်ခိုက်နှိပ်ကွပ်ခြင်းသည် မလိုလားအပ်သော အပြူအမူဖြစ်၍ နိုင်ငံရေး အကျိုး ဆောင်များ ရှောင်ရှား အပ်ပေသည်။
အတိတ်ကာကတွင်ယင်းသို့ အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကြောင့် နိုင်ငံရေးသမားများ နာမည်ဖျက်ခြင်းဟုဆိုနိုင် ပေသည်။ တဦးနှင့် တဦး ငယ်ကျိုး ငယ်နာမျာများ ဖော်ထုတ်တိုက်ခိုက်ခြင်းကို အဓိက ထားခဲ့ကြရာ ယင်းတို့၏ ကောင်းကွက် များကို လူထုက လုံးဝ မသိရပဲ မကောင်းကွက်များကိုချည်း ထပ်ဖန်တလဲလဲ ကြားသိနေရသည်ဖြစ်၍ နိုင်ငံရေးသမားများသည် လူထုအမြင်တွင် အထင်သေးစရာ ဖြစ်ခဲ့ရပေသည်။
သို့ဖြစ်ရာ နိုင်ငံရး အကျိုးဆောင်လိုသူများသည် အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကို မပြုမိအောင်စောင့်စည်းခြင်းနှင့် ပြိုင်ဘက်ကို လေးစားခြင်းတည်းဟူသော နိုင်ငံရေးသီလ မြဲစေရန် ကြိုးစားသင့်ကြသည်။
နိုင်ငံရေးသီလ မြဲခြင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှု ဖြစ်ထွန်းကာ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းသော ရလာဒ်များပေါ်ထွက် လာမည် ဖြစ်ပေသည်။
အတွေးအမြင် အမှတ်--(၂၀၇)မှ ကားယူဖော်ပြလိုက်ပါသည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ
ဒီမိုကရေစီ ၀ိရောဓိ
ဒီမိုကရေစီ စနစ်ကျင့်သုံးမှုကို လိုလားသည့် လူ့အဖွဲ့ အစည်းတိုင်းရှိ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးဆိုင်ရာ အသိပညာနှင့် စိတ် ၀င်စားမှု ကင်းမဲ့ခြင်း၊ နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် အခြေအနေများမှာ ဒီမိုကရေစီအပေါ်ထားရှိသည့် ၄င်းတို့ ၏ မျှော် လင့်ချက် ၀ိရောဓိဖြစ်လာသည်။
ဒီမိုကရေစီ နိုင်ငံရေးတွင် အရေးပါသော ဇာတ်ကောင်များမှာ အုပ်ချုပ်သူအီလစ်များ၊ နိုင်ငံရေးကိုစိတ်ဝင်စားပြီး ၀င်ရောက်လုပ် ကိုင်သော လူများနှင့်၊ ဒီမိုကရေစီဆိုသည်ကို နားမလည်ဘဲ အားကစား၊ဂီတနှင့် အခြားဖျော်ဖြေရေး အရာများတွင် ပျော်မွေ့ နေ သည့် လူအများစုဟူ၍ သုံးမျိုး သုံးပိုင်းရှိလေသည်။
ပြည်သူများ နိုင်ငံရေးနှင့် ခပ်ကင်းကင်း နေရသ်ည့် အဓိက အကြောင်းရင်း ၃ ချက်ရှိသည်။
၁။ ဆက်သွယ်ရေး စနစ်ပြောင်းလဲသွား၍ဖြစ်သည်။ မီဒီယာသည် နိုင်ငံသားများ မည်သည့်အရာကို သိသင့်သည်ဟု ဆုံးဖြတ် သည့် ကဏ္ဍကို ၀င်ရောက်နေရာ ယူလိုက်ခြင်ေးကြာင့်ဖြစ်သည်။
၂။ မျှော်လင့်မှု ပြောင်းလဲသွား၍ဖြစ်သည်။ ပြည်သူများက အစိုးရနှင့် နိုင်ငံရေးသမားများသည် လူထုမျှော်လင့်သည့် ကိစ္စကိုသာ လုပ်သင့်သည်ဟုထင်ပြီး လက်တွေ့ တွင် ဖြစ်မလာသောကြောင့် ဖြစ်သည်။
၃။ ကြိုစား အားထုတ်မှု မအောင်မြင်ခြင်း။ အုပ်ချုပ်မှုကောင်း မပေါ်ပေါက်ခြင်း ကြောင့်ဖြစ်သည်။
နိုင်ငံသားများ အုံနှင့်ကျင်းနှင့် ပါဝင်မှု ကင်းမဲ့ခြင်း၏ နောက်အကြောင်းတရားတခုမှာ နိုင်ငံရေး ပါတီများကြောင့်ဖြစ်သည်။ နိုင်ငံရေး ပါတီအများစုက လူများစုအတွက် ကိုယ်စားပြုပြီး ရပ်တည်နိုင်ခြင်း မရှိခြင်းကြောင့် ပါတီများအတွေးအခေါ်အရ ၊လက် တွေ့ အရ၊ လူထုအတွက် ရပ်တည်နိုင်မှု မဲ့လာခြင်းကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေများ တိုးတက်ဖြစ်ပေါ်မှု အပေါ် အခြေပြုပြီး တည်ဆာက်သည့်အခါ လူထု ယုံကြည်မှု ကင်းမဲ့စေသည့် အနေအထားများကို တပါတည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
ယင်းမှာ မဖြစ်သေးသည့် အရာများနှင့်ပတ်သက်ပြီး လူထုအပေါ် မျှော်လင့်ချက်အတုများပေးခြင်း၊ လက်တွေ့ကျသော နိုင်ငံရေး ကိုမပြောဘဲ စိတ်ကူးယဉ် နိုင်ငံရေးလမ်းကြောင်းဖြင့် လူထု အား နှပ်ကြာင်းပေးခြင်း၊ အတိတ်က အိုင်ဒီရော်လော်၈ျီတို့ ဖြင့် နိုင်ငံ ရေး ရာသီဥတုကိုမှိုင်းတိုက်ခြင်း၊
ပြုလုပ်ပေးမည့်အစား၊ ပေးထားသည့် ကတိက၀တ်များကို ဂုဏ်သိက္ခာရှိရှိ အကောင်အထည်ဖော် ပေးခြင်း၊
နိုင်ငံသားတို့၏ လူမှ စီးပွါး ဘ၀ တိုးတက်စေမည့် နိုင်ငံရေး လမ်းစဉ်များပေါ်ပေါက်စရန် ဖန်တီးပေးခြင်း၊
ဒီမိုကရေစီ တန်ဖိုးများ ကျယ်ကျယ်ပြန့် ပြန့်  ထွန်းကားလာစေရေးအတွက် မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး အားပေးခြင်းတို့ ပြုလုပ်သင့်သည်။
၁၇။၂။၁၀
အညွှန်း---
--The Voice 6-8 မှ နေသန်းမောင် ဆောင်းပါး- ပါ အချက်အချို့ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။