Friday, June 11, 2010

အန္တရာယ်မျဉ်းပြိုင်များ

ပထမမျဉ်းပြိုင်
ခြေဆင်း
တလောက မသွားမဖြစ်သော အသုဘတစ်ခုလိုက်ပို့ခဲ့ရသည်။ ထိုအသုဘမှာပင် မိတ်ဆွေတစ်ယောက် မိတ်ဆက်ပေး၍ နိုင်ငံခြား သားတစ်ဦးနှင့် သိကျွမ်းခွင့်ရသည်။ အဆိုပါနိုင်ငံခြားသားမှာ နာမည်ကြီးအမေရိကန်တက္ကသိုလ်ကျောင်းတိုက်ကြီးတစ်ခုမှ ပါရဂူဘွဲ့ ရခဲ့ပြီး ယခုလောလောဆယ် အာရှတက္ကသိုလ်တစ်ခုတွင် တာဝန်ထမ်း ဆောင်နေသည်ဟု သိရသည်။ မြန်မာ့နိုင်ငံရေးကို အထူးစိတ်ဝင်စား
သူဟုလည်း ဆိုပါသည်။ ပညာရှင်တစ်ယောက်၏အမြင်ကို ကြားလို၍ ကျွန်တော်ကပင် အဘိယာစကပြုလိုက်ရာူနခအကမန တစ်ခုအလား သူ့အမြင်တွေကို အားပါးတရပို့ချပါလေတော့သည်။ သူသင်ကြားခဲ့ရသော သညာ အသိဖြင့် ရိုးရိုးသားသားပြောနေသည်ကို ကျွန်တော်နားလည်နိုင်ပါသည်။
သို့နှင့်တိုင် သူထုတ်ပြသော ယုတ္တိတွေမှာ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၏ ဒီမိုကရေစီအပြောင်းအလဲကာလများမှ အတွေ့အကြုံများအပေါ် အခြေခံကြောင်းသတိပြုမိသည်။ ဆိုရလျှင် ၁၈ နှင့် ၁၉ ရာစုဥရောပ အတွေ့
အကြုံဖြင့် ၂၁ ရာစု မြန်မာ့နိုင်ငံရေးကို မျဉ်းပြိုင်ဆွဲကြည့်နေခြင်းဖြစ်သည်။ အားနာနာနှင့်ပင် သူ့နခအကမန ကိုဖြတ်ပြီး ခေတ်ပြိုင်ပညာရှင် တစ်ယောက်၏အမည်ကို ကျွန်တော်ပြောလိုက်သည်။ ''ဖလောရင့် တက္ကသိုလ်
က ပါမောက္ခရှမစ်ထာကို သိပါသလား'' သူက ကျွန်တော့်အမေးကို နှုတ်ဖြင့်မဖြေ။ မသိမသာခေါင်းရမ်းပြသည်။ ကျွန်တော်က ပါမောက္ခ ရှမစ်ထာ၏ စာအုပ်တစ်အုပ်နှင့် စာတမ်းနှစ်စောင်ကို ညွှန်းလိုက်ပြီး . . .။
''ခင်ဗျား အဲဒီစာအုပ်စာတမ်းတွေဖတ်ပြီးမှ မြန်မာ့နိုင်ငံရေးကို နောက်တစ်ကြိမ် ပြန်သုံးသပ်ကြည့်ပေါ့ဗျာ . . .။''
ပြောတော့ ကျွန်တော့်ကို ခပ်ကြောင်ကြောင်ငေးကြည့်နေသည်။
'ဒီကောင် ဘာကောင်လဲ' ပေါ့။
ပထမလှိုင်းနှင့် တတိယလှိုင်း ပါမောက္ခရှမစ်ထာ၏အမည်ကို ထုတ်ပြောလိုက်ရသည်မှာ အကြောင်းရှိ၍ဖြစ်သည်။ ၁၉၇၄ ပေါ်တူဂီနိုင်ငံမှ စတင်သော မျက် မှောက်ခေတ်ဒီမိုကရက်တစ်လှုပ်ရှားမှုများ (ဟားဗတ်ပါမောက္ခဟန် တင်တန်၏ စကားနှင့်ဆိုရလျှင် တတိယလှိုင်း) နှင့်ပတ်သက်လျှင် ပါမောက္ခရှမစ်ထာကို အထူးကျွမ်းကျင်သူအဖြစ် ပညာလောကမှ သိ မှတ်လက်ခံလာကြသောကြောင့်ဖြစ်သည်။ သူ့အလိုအရ တတိယ လှိုင်းမှာ ပထမလှိုင်း (ယနေ့အသားကျပြီး ဒီမိုကရေစီနိုင်ငံကြီးများ၏ ကနဦးအတွေ့အကြုံ) နှင့် မတူဟုဆိုသည်။ သဘောသဘာဝချင်းမတူ သည့် လှိုင်းနှစ်လှိုင်းကို
မျဉ်းပြိုင် ဆွဲလေ့လာလျှင် လက်တွေ့နှင့် အံ ချော်ရုံမျှမက အန္တရာယ်ရှိနိုင်သည်ဟု သတိပေးသည်။
အင်္ဂလန်၊ အမေရိကန်စသောယနေ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဒီမိုက ရက်တစ်အပြောင်းအလဲများကို ပါမောက္ခရှမစ်ထာက ယခုလို အနှစ် ချုပ်ကောက်ချက်ဆွဲပြပါသည်။
၁။ ဆိုခဲ့ပါ နိုင်ငံများတွင် ဒီမိုကရက်တစ်အပြောင်းအလဲများ မစတင်မီကပင် 'တင်ကူးအခြေအနေ' (ဏမနခသညိငအငသည) သုံးရပ်ရှိခဲ့ပြီးဖြစ် သည်။ တစ်စုံတစ်ရာသောအတိုင်းအတာဖြင့် စီးပွားရေးဖွံ့ဖြိုးမှု၊ လူလတ် တန်းစားနှင့် 'အရပ်ဘက်အဖွဲ့အစည်းများ' (ဃငလငှူသခငနအပ) တို့ဖြစ်သည်။
၂။ ဤသို့သော တင်ကူးအခြေအနေများရှိနေသည့်အတွက် ထိုနိုင်ငံကြီးများ၏ ဒီမိုကရေစီရေးမှာ အရင်းခံကျကျလှည့်ပြောင်းနိုင် ခဲ့သည်။ စနစ်ဟောင်းနှင့် ပြတ်ပြတ်သားသားလမ်းခွဲနိုင်ခဲ့သည်။
၃။ သို့နှင့်အမျှ အဆိုပါနိုင်ငံကြီးများအတွက် လစ်ဘရယ်လိုက် ဇေးရှင်းနှင့် 'ဒီမိုကရက်တိုက် ဇေးရှင်း' (democratization) တို့မှာ ထပ် တူညီသည်ဟုဆိုနိုင်သည်။ ပြောလိုသည်မှာ ဒီမိုကရေစီအပြောင်း အလဲမှနေ၍ လစ်ဘရယ်ဒီမိုကရေစီသို့ ချက်ချင်းလက်ငင်းဦးတည်သွား နိုင်သည်ဟု ဆိုလိုရင်းဖြစ်သည်။
ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဒီမိုကရက်တစ်အပြောင်းအလဲများ ကို အစွဲကင်းကင်းကြည့်မည်ဆိုလျှင် ဆိုခဲ့ပါလက္ခဏာသုံးရပ်လုံးတစ် ခုမျှမရှိ။ သူ့ထူးခြားချက်နှင့်သူဟုဆိုသည်။ ဤထူးခြားလက္ခဏာများ
ကိုလည်း ပါမောက္ခရှမစ်ထာက ယခုလို စိစစ်ပြသည်။
၁။ ယနေ့ ဒီမိုကရက်တစ်အပြောင်းအလဲများကို မျက်မှောက်ပြု နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျကျန်ရစ် သည့်အခြေအနေတွင်ရှိသည်။ အမှီခိုကင်းသောလူလတ်တန်းစား
ပီပီသသမရှိသလို လွတ်လွတ်လပ်လပ်ရပ်တည်လှုပ်ရှားနိုင်သော အရပ် ဘက်အဖွဲ့အစည်းများလည်း ပီပီပြင်ပြင်ရှိသည်မဟုတ်။ ဒီမိုကရက် တစ်တင်ကူးအခြေအနေများမရှိဘဲ ဒီမိုကရေစီရေးကို ရင်ဆိုင်နေကြရ
သည့်အနေအထားဖြစ်သည်။
၂။ ဤထူးခြားချက်၏ အကျိုးဆက်ကြောင့်ပင် ယခင်ပထမ လှိုင်းကလို စနစ်ဟောင်းနှင့် ပြတ်ပြတ်သားသား လမ်းခွဲနိုင်စရာမရှိ။ တည်ဆဲအီလစ်များနှင့် အင်အားစုသစ်များအကျေအလည်ညှိနှိုင်း အဖြေရှာရာမှ ထွက်ပေါ်လာသော 'ပဋိညာဉ်အပြောင်းအလဲ' (ဏခေအနိ မေည်ငအငသည်) သို့မဟုတ် တည်ဆဲအီလစ်များ ကိုယ်တိုင်က ဦးဆောင် သော 'သတ်မှတ်ပြဋ္ဌာန်းပြီးအပြောင်းအလဲ' (ှုာစသျနိ ႊမေည်ငအငသည်) တွေသာ အတွေ့ရများသည်။ ဤတွင်ပြောလိုသည်မှာ အရင်းအမြစ် ကစ မှောက်လှန်ပြောင်းလဲလိုသော ရယ်ဒီကယ် လမ်းကြောင်းနှင့် အလုပ် မဖြစ်နိုင်ဟုဆိုလိုရင်းဖြစ်သည်။
၃။ အဆိုပါထူးခြားချက်နှစ်ရပ်ကြောင့်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများ
၏ ဒီမိုကရက်တစ်အပြောင်းအလဲများမှာ လစ်ဘရယ်ဒီမိုကရေစီသို့
ချက်ချင်းလက်ငင်းတိုက်ရိုက်ဦးတည်သွားနိုင်ဖွယ်မရှိ။ ယေဘုယျအား ဖြင့် အဆင့်သုံးဆင့်ဖြတ်သန်းကြရမည့်သဘောရှိသည်ဟုဆိုသည်။
ဤသည်တို့မှာ ပထမအဆင့်- 'လစ်ဘရယ်လိုက်ဇေးရှင်းအဆင့်' (ူငဘနမေူငဖအေငသည)
၊ 'အကြမ်းထည်အော်တိုကရေစီ' (ျွငါငိ ကေအသခမခေပ)မှလစ်ဘရယ်လိုက်ဇ်အော်တိုကရေစီ' (ူငဘနမေူငဖနိ ကေအသခမခေပ) သို့ ရွေ့လာသောအဆင့်ဖြစ်သည်။ လိမ္မာပါးနပ်စွာတုံ့ပြန်နိုင်လျှင် ဒီမိုကရေစီရေးအတွက် အဖွင့်ကျားကွက်ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ ဒုတိယအဆင့် - အကူးအပြောင်းအဆင့် (ွှမညျေငအငသည)အင်အား စု အဟောင်းအသစ်များလက်တွဲပြီး ဒီမိုကရက်တစ်အင်စတီကျူးရှင်း များ တည်ဆောက်ရသည့်အဆင့်ဖြစ်သည်။ှုညျအငအကအငသညေူငဖအေငသည အဆင့်ဟုလည်းခေါ်သည်။
တတိယအဆင့် - ခိုင်မာစေရေးအဆင့် (ဃသညျသူငိအေငသညတည်ဆောက်ပြီး အင်စတီကျူးရှင်း အခြေခံပေါ်တွင် ရင့်ကျက်ခိုင်မာ သော ဒီမိုကရေစီကိုတည်ဆောက်ရင်း လစ်ဘရယ်ဒီမိုကရေစီသို့ ဦး
တည်ရမည့်အဆင့်ဖြစ်သည်။ လှိုင်းနှစ်လှိုင်း၏ ဆိုခဲ့ပါမတူခြားနားသော လက္ခဏာရပ်များမှာ
ပလေယာတို့၏ စိတ်ဆန္ဒနှင့်မဆိုင်၊ ပကတိအခြေအနေ၏ ပြဋ္ဌာန်းချက် ဖြစ်သည်ဟုလည်း ပါမောက္ခရှမစ်ထာကမှတ်ချက်ပြုပါသည်။ သို့နှင့် တိုင် ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပကတိအခြေအနေမှန်ကို အနောက် တိုင်းပညာရှင်များကိုယ်တိုင်က ဆုပ်မိကိုင်မိမရှိ။ ဤသို့ဖြစ်ရသည် မှာ သူတို့တစ်တွေ၏ ကျောင်းသင်ပညာရပ်များတွင် 'ဒီမိုကရေစီ' အကြောင်းသာပါပြီး 'ဒီမိုကရက်တိုက်ဇေရှင်းဘာသာရပ်' ကို မသင်
ကြားဖူးသောကြောင့်ဖြစ်နိုင်သည်ဟုလည်း သူကသုံးသပ်ဖော်ပြသည်။ အဆိုပါဘာသာရပ်သစ် (ီနာသခမအေငဖအေငသည)မှာ ယခုမှ သုတေသန အဆင့်တွင်ရှိနေဆဲဖြစ်ရာ ကျောင်းသုံးစာအုပ်ထဲသို့ မရောက်သေးဟု ဆိုပါသည်။ ရေဒီယိုတစ်လုံးသာဖြစ်သည်။ သို့နှင့်အမျှ သူအာရုံကျနေသည်မှာ
ပြင်ပမီဒီယာများ၏ အာဘော်သာဖြစ်နေတော့သည်။ အစ်ကိုကြီးကို လူချင်းခင်သည့်တိုင် သူ့အမြင်၊ သူ့အတွေးတွေကို ကျွန်တော်မထောက် ခံနိုင်တော့ပါ။ ဤအတွက် ကျွန်တော့်မှာ လုံလောက်သောအကြောင်း
ရှိပါသည်။ ၄၈ လှိုင်းနှင့် ၈၈ လှိုင်း ပြောရလျှင် အစ်ကိုကြီးတို့မျိုးဆက်ရော သူတို့အရင်မျိုးဆက်
ပါ (ဝန်ခံရလျှင် ကျွန်တော်တို့မျိုးဆက်သည်ပါ) ၁၉၄၈ လှိုင်းလုံးကြီး ၏ သြဇာအရှိန်အဝါအောက်တွင် လူဖြစ်ကြီးပြင်းခဲ့ရသူများဖြစ်မည် ထင်ပါသည်။ ဤအချက်ကြောင့်ပင် ကျွန်တော်တို့လူလတ်ပိုင်း၊ အစ်ကို
ကြီးတို့လူကြီးပိုင်းတွင် ကြုံလိုက်ရသော ၁၉၈၈ လှိုင်းလုံးကြီးကို ကျွန် တော်တို့ စွဲလမ်းရင်းစွဲရှိသည့် ၁၉၄၈ လှိုင်းလုံးကြီးနှင့် မျဉ်းပြိုင်ဆွဲ ချဉ်းကပ်ခဲ့ကြခြင်းဖြစ်တန်ရာသည်။ အမှန်စင်စစ် ဤလှိုင်းနှစ်လှိုင်း မှာ ဘယ်လိုမှမတူပါ။ ဆန့်ကျင်ဘက်ဟူ၍ပင်ဆိုနိုင်လောက်ပါသည်။ ကျွန်တော်ဆင်ခြင်မိသမျှ ၄၈ လှိုင်း၏ သဘာဝမှာ ၁။ မဟာ အိုင်ဒီယာကြီးတစ်ခု၏ ဦးဆောင်မှုအောက်မှဖြစ်သည်။ ၂။ ဤအိုင်ဒီ ယာကြီး၏ စေစားရာအတိုင်း ဆန့်ကျင်ဘက်အင်အားစုကို ဘယ်နည်း နှင့်မျှ မစေ့စပ်ရသော လူတန်းစားရန်သူဟုသဘောထားသည်။ ၃။ သို့အတွက် ရယ်ဒီကယ်တော်လှန်ရေးများဖြင့် အပြတ်စာရင်းရှင်းရ
မည်ဟု ခံယူသည်။ ဆိုရလျှင် 'အြ<ွကင်းသုညဂိမ်း' (zero-game)
ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရလျှင် စစ်အေးခေတ်ပါရာဒိုင်းနှင့် ရွေ့သော လှိုင်းဖြစ်သည်။
၈၈ လှိုင်းကားဤသို့မဟုတ်။ သူ့ထူးခြားချက်နှင့်သူဖြစ်သည်။
၁။ မဟာအိုင်ဒီယာကြီးများ လေလျှော့ခံထားရချိန်တွင် ပေါ်ထွက်သော လှိုင်းဖြစ်သည်။ ၂။ လူတန်းစားအကောက်အယူတွေ မှိန်ဖျော့ပြီး အမျိုး သားအကျိုးစီးပွားများရှေ့ရောက်လာချိန်ဖြစ်၍ 'ရန်သူမရှိ မိတ်ဆွေ သာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ' အနေအထားဖြစ်သည်။ အင်အားစု အားလုံးကို အမျိုးသားရေး အင်အားစုအဖြစ် ကြည့်မြင်ဖို့လိုသည်။ ၃။ သို့အတွက် ယခင်ရယ်ဒီကယ်ပေါ်ပြူလာများနှင့် အလုပ်မဖြစ်နိုင်။
ရန်သူကို မိတ်ဆွေပြောင်းရမည့် နိုင်ငံရေးဖြစ်သည်။ ဆိုရလျှင် 'အြ<ွကင်းသုညမဟုတ်ဂိမ်း' (သြည-ဇနမသ-ှကွာောန)ဖြစ်သည်။ အနှစ် ချုပ်ဆိုရလျှင် စစ်အေးလွန်ခေတ်ပါရာဒိုင်းနှင့် ရွေ့သောလှိုင်းဖြစ်သည်။
၄၈ လှိုင်းနှင့်မတူ။ ဘယ်လိုမှမတူ။ ဤသဘောတွေကို ရှင်းပြတော့ အစ်ကိုကြီးက ကျွန်တော့်ကို
ယခုလို ထောပနာပြုသည်။ ''အတော်ေ-ာက်သုံးမကျတဲ့ကောင်ကွာ။ မင်းအမြင်တွေက
ဓနရှင်ပညာတတ်တွေလောက်တောင် မပြတ်သားတော့ဘူး၊ ဒီအတိုင်း ဆို မင်းသစ္စာဖောက်ဖြစ်တော့မယ်. . .။''
ကျွန်တော်ဘာမှမတုံ့ပြန်ပါ။ စိတ်ထဲမှာတော့ ပြောစရာတွေ ရင် နှင့်အပြည့်။ 'ကျွန်တော်က ဘာကိုသစ္စာခံလို့ ဘာကိုသစ္စာဖောက်ရ မှာတဲ့လဲ . . .။' အိုင်ဒီအိုလိုဂျီတစ်ခု အဖွဲ့အစည်းတစ်ခု လူပုဂ္ဂိုလ်
တစ်ယောက်ကို သစ္စာခံသည်မျိုး ကျွန်တော့်တွင်မရှိတော့ပါ။ ကျွန်တော့် သားသမီးတွေအပါအဝင် နောက်မျိုးဆက်များ၏ မျက်နှာ တစ်ခုတည်းသာ ကျွန်တော်ကြည့်ပါတော့သည်။ ကျွန်တော်မမွေး
ခင်ကတည်းက ရှိနေခဲ့သော 'ချသမိုင်းကြီး' ကို နောင်မျိုးဆက်တွေ အတွက် အမွေချန်မထားချင်တော့။ ဤသည်ပင် ကျွန်တော့်သစ္စာ စကားဖြစ်ပါသည်။
အန္တရာယ်
သမိုင်းဖြစ်စဉ်များ 'မျဉ်းတန်းသဘော' (ူငညနမေ) အရွေ့ဖြင့် သွား ခဲ့စဉ်ကမူ ဆိုခဲ့ပါမျဉ်းပြိုင် လေ့လာနည်းများမှာ တစ်စုံတစ်ရာ အသုံး တည့်နိုင်ကောင်း တည့်နိုင်စရာရှိပါသည်။ သို့နှင့်တိုင် ဖြစ်စဉ်ဖြစ်ရပ်
တွေ 'မျဉ်းတန်းမဟုတ်သည့်သဘော' (ညသည-ူငညနမေ) ဖြင့်သွားနေသော
မျက်မှောက်ခေတ်တွင်မူ ဘယ်လိုမှ အသုံးတည့်စရာမရှိနိုင်တော့ပါ။ ပါမောက္ခရှမစ်ထာ၏ စကားနှင့်ဆိုရလျှင် - လက်တွေ့နှင့်အံချော်ရုံ မျှမက အန္တရာယ်ပင်ရှိနိုင်ပါသည်။ မြန်မာ့ဒီမိုကရေစီဝင်္ကပါလမ်းကို ပိုမို
ရှုပ်ထွေး ပိုမိုရှည်လျား ပိုမိုအန္တရာယ်များစေမည့် အန္တရာယ်လမ်းဟုမြင်သည်။ ပထမမျဉ်းပြိုင် (ပထမလှိုင်းနှင့်တတိယလှိုင်းထပ်တူပြုစဉ်းစား သည့် မျဉ်းပြိုင်) ကို အာရုံကျသူများမှာ မြန်မာ့နိုင်ငံရေးနှင့် မနီးသော အနောက်တိုင်းပညာရှင်ဆိုသူများနှင့် မြန်မာ့နိုင်ငံရေးနှင့်ဝေးကွာနေ သော အဝေးရောက်အချို့ဖြစ်ပါသည်။ အစ်ကိုကြီးပြောသော 'ဓနရှင် ပညာတတ်' ဆိုသူတွေဖြစ်ပါလိမ့်မည်။ စစ်အေးခေတ် သတ်မှတ်ချက် အရ လက်ယာ' ဆိုပါစို့။ ဒုတိယမျဉ်းပြိုင် (၄၈လှိုင်းနှင့် ၈၈လှိုင်း ဗလုံးဗထွေးဖြစ်နေသည့် မျဉ်းပြိုင်) ကမူ အစ်ကိုကြီးတို့လိုမြန်မာ့ လက်ဝဲသမားတော်တော်များများ၏ ချဉ်းကပ်နည်းဖြစ်ဟန်ရှိသည်။ စစ်အေးခေတ်သတ်မှတ်ချက်အရ ဆိုလျှင်'လက်ဝဲ'ဆိုပါစို့။ စစ်အေး လွန်ခေတ် မြန်မာ့နိုင်ငံရေးကိုကြည့်မြင်ရာတွင် စစ်အေးခေတ် လက် ယာနှင့်လက်ဝဲတို့ လာဆုံနေသည်မှာ ထေ့ငေါ့သရော်ချင်စရှာုမသညငခ ဖြစ်နေမည်လားမသိ။ ဤသည်ပင်မြန်မာ့နိုင်ငံရေးဓလေ့၏ ထူးခြား
ချက်ဖြစ်လိမ့်မည်လားတွေးမိသည်။ မည်သို့ပင်ရှိစေ၊ ပထမမျဉ်းပြိုင်သမားများအတွက် 'မြန်မာ့နိုင်ငံ
ရေးပကတိအရှိကိုကြည့်ကြပါ' 'ပါမောက္ခရှမစ်ထာ၏ စာတွေရှာဖတ် ကြပါ' ဟု မေတ္တာရပ်ခံလိုပါသည်။ အစ်ကိုကြီးတို့လို ဒုတိယမျဉ်းပြိုင် အာရုံကျသူများအတွက်မူ လက်ဝဲအိုင်ဒီအိုလိုဂျီ၏ ခေါင်းကိုင်ဖခင်ကြီး
ကားလ်မာက္ခ်၏ ကောက်ချက်တစ်ခုကို ဆွဲယူထုတ်ပြလိုပါသည်။ မာက္ခ်စကားက ယခုလို. . .။ 'တကယ့်လက်တွေ့၏ ခြေလှမ်းတစ် လှမ်းမှာ၊ သဘောတရားရေး ကျမ်းပေါင်းမြောက်မြားစွာထက်ပို၍အရေး
ကြီးပေသည် . . .' ဟူလို။
ကျော်ဝင်း

ကျမ်းထဲမပါ နိုင်ငံရေးအတွဲအစပ်

ပြဋ္ဌာန်းထဲမပါ
စာရေးသူ အမေရိကားရောက်စဉ် စာအုပ်တွေအတော်များများ
ဝယ်လာသည်။ ထိုအထဲ ဟားဗတ်တက္ကသိုလ်စာအုပ်ဆိုင်မှ ဝယ်လာ
သော ဒီမိုကရေစီအကြောင်း အကျဉ်းရှင်းပြသောစာအုပ်ငယ်လည်းပါ
သည်။ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်စာအုပ်ဆိုင်မှဝယ်လာသော 'ဘုံသိ
အများသိ' စာအုပ်ငယ်လည်းပါသည်။ စာရေးသူနှင့် ဇနီးတို့သည်
အတ္တလန္တာမြို့ရှိ စီအင်အင်ဌာနချုပ်သို့လည်းရောက်သည်။ နယူးယောက်
ရှိ သမီးအိမ်၌နေစဉ် အမေရိကန်ရုပ်မြင်သံကြားအစုံကိုလည်း ဖွင့်ကြည့်
နေမိသည်။
ထိုသို့ဖွင့်ကြည့်စဉ် ထိုင်းနိုင်ငံရေးအကျပ်အတည်းအကြောင်း
ကို မျက်ဝါးထင်ထင်တွေ့ရသည်။ စာရေးသူဝယ်ထားသော ဒီမိုက
ရေစီစာအုပ်တို့သည် သီအိုရီတွေများသည်။ ယခုထိုင်းနိုင်ငံရေးက
ဒီမိုကရေစီ၏ လက်တွေ့ပြဿနာ အသစ်အဆန်းတို့ဖြစ်နေသည်။
ပြဋ္ဌာန်းစာအုပ်တွေထဲမပါသော ဒီမိုကရေစီပြဿနာဖြစ်သည်။ ကိုယ့်
Óဏ်ပညာနှင့် သုံးသပ်ကြည့်ရသည်။
ပါလီမန်နိုင်ငံရေး
ဒီမိုကရေစီတွင် ပါလီမန်နိုင်ငံရေးသည် အခရာကျသည်။ သော့
ချက်ကျသည်။ ပြဿနာအရပ်ရပ်၊ အကျပ်အတည်းအရပ်ရပ်ကို
ပါလီမန်(လွှတ်တော်)၌ ဖြေရှင်းညှိနှိုင်းရမည်။ လွှတ်တော်သည် ပြဿနာ
ဖြေရှင်းရန် တစ်ခုတည်းသော ဖိုရမ်ဖြစ်သည်။ ဤကားဖြစ်ထိုက်သော
အရာဖြစ်သော်လည်း လုံလောက်ပုံမရပေ။
သို့ဖြင့် လမ်းပေါ်ထွက်ဆန္ဒပြသော(လမ်းပေါ်နိုင်ငံရေး-ှအမနနအ
ကျမ်းထဲမပါ နိုင်ငံရေးအတွဲအစပ်
ဏသူငအငချ)ပေါ်လာသည်။ ထိုင်းတွင် နိုင်ငံရေးပါတီတို့သည် လွှတ်တော်
နိုင်ငံရေးနှင့် လမ်းပေါ်နိုင်ငံရေးကို တွဲသုံးနေကြသည်။ လက်ရှိထိုင်း
ဝန်ကြီးချုပ်သည် အတိုက်အခံဘဝ၌ လွှတ်တော်နိုင်ငံရေးနှင့် လမ်း
ပေါ်နိုင်ငံရေးတွဲသုံး၍ အာဏာရလာခဲ့သည်။ ဤနည်းသည် ဟုတ်
လောက်ပြီဟုထင်နေကာ အတိုက်အခံတို့က သူ့နည်းကိုပင် ပြန်သုံး
လိုက်ကြသည်။ လမ်းပေါ်ထွက်ဆန္ဒပြကြသည်။ လမ်းတွေ၊ ရုံးတွေ
ပိတ်ဆို့ကြသည်။
ပျော့ပျောင်းမှု
သို့ဖြင့် လွှတ်တော်နိုင်ငံရေးနှင့် လမ်းပေါ်နိုင်ငံရေးကို အတွဲ
အစပ်ပြု၍ ထိုင်းနိုင်ငံရေးပါတီတို့က အလှည့်နှင့်သုံးနေကြသည်မှာ
စိတ်ပျက်စရာပင်ကောင်းတော့သည်။ ယခုပင် နိုင်ငံရေးသိပံ္ပပညာရှင်
တို့က ထိုင်းဒီမိုကရေစီသည် အတုယူစရာမဟုတ်ဟု ဝေဖန်ပြောဆို
လာသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး၌ လွှတ်တော်နိုင်ငံရေးပေါ်
လာတော့မည်။ ဤလွှတ်တော်နိုင်ငံရေးသည် အကျပ်အတည်းတို့ကို
လုံလုံလောက်လောက်ဖြေရှင်းနိုင်သည်အထိ ပျော့ပျောင်းမှုရှိရမည်။
မြန်မာနိုင်ငံ၏ လွှတ်တော်နိုင်ငံရေးသစ်တွင် စစ်ဘက်မှ ကိုယ်စားပြု
မှုပါရှိ၍ ထိုင်းမှာကဲ့သို့ အကျပ်အတည်းကြုံတိုင်း စစ်ဘက်၏ ဝင်
ရောက်စွက်ဖက်လာကိန်းမျိုး မပေါ်ပေါက်နိုင်ဟု အခြေခံအားဖြင့်
မှန်းဆထားကြသည်။
မောင်စူးစမ်း (၂၅.၅.၂၀၁၀)

ဖက်ဒရယ်-နှင့်-မြန်မာ့နိုင်ငံရေး

အတွေးအခေါ် တော်လှန်ရေး (၁) A Revolution of The Mind by Jonathan Israel




အတွေးအခေါ် အယူအဆသစ်ကို နှစ်ပေါင်းရာချီပြီးကြာမှ လူ့အဖွဲ့အစည်းက လက်ခံတယ်။ အနောက်တိုင်းမှာ ဒီကနေ့ ကျင့်သုံးနေတဲ့ လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ (၁၇) ရာစုမှာ မြစ်ဖျားခံတဲ့အတွက် သက်တမ်း အနှစ် (၃၀၀) ကျော်ရှိသွားပြီလို့ ပြောနိုင်တယ်။ ပြည်သူ့ကိုယ်စားလှယ်အစိုးရ၊ ညီမျှမှု၊ လွတ်လပ်မှု၊ ဥပဒေပြုရေးနဲ့ ပညာရေးမှာ ဘာသာရေးကင်းရှင်းမှု စတဲ့ အယူအဆတွေဟာ အခြေခံကျတဲ့ အသိဉာဏ်အမြင်ပွင့်လင်းမှု (radical enlightenment) ဖြစ်တယ်။ အာဏာရှင်ဘုရင်စနစ်နဲ့ ဘာသာရေးဂိုဏ်း ကြီးစိုးတဲ့ခေတ်မှာ ဒီလိုအတွေးအခေါ်အယူအဆတွေ ခေါင်းမထောင်နိုင်ဘူး။ လူတစုက လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ သဘောတရား ကမ္ဘာက လက်ခံလာတဲ့ အထိ အောင်ပွဲခံလာပုံကို Princeton Institute of Advanced Study ဆိုတဲ့ သုတေသနဌာနက သမိုင်းပါမောက္ခ ဂျော်နသန်အစ္စရေး (Jonathan Israel) ရေးထားတဲ့ စာအုပ် ၂၀၁၀ နှစ်ဆန်းမှာ ထွက်လာတယ်။

ဒေါက်တာ အောင်ခင် / ၁၀ မေလ ၂၀၁၀

အမည်က A Revolution of The Mind အတွေးအခေါ် တော်လှန်ရေးဖြစ်တယ်။ ခေတ်သစ်ဒီမိုကရေစီကို အထောက်အကူပြုတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် လူ့အဖွဲ့အစည်းတခုလုံး ပြောင်းလဲလာပုံကို ဖော်ပြထားတာပါပဲ။

အတွေးအခေါ်သမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးရှိတယ်။ ဂန္ထ၀င်စာအုပ်တွေရှိသလို မျိုးဆက်သစ်တွေက အမြင်သစ်နဲ့ ရေးထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် စနစ်ဟောင်း အကျင့်ဟောင်းကို တော်လှန်ပြီး လူ့စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့တဲ့ ဒီမိုကရေစီအခြေခံသဘောတရားတွေကို သီးသန့်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်က နည်းတယ်။ ဒီလိုအချိန်မှာ ဂျော်နသန်အစ္စရေးက အတွေးအခေါ် တော်လှန်ရေးအကြောင်း စာမျက်နှာ (၂၀၀) ကျော် ရေးလိုက်တာပါပဲ။ ရှားပါးတဲ့ အမျိုးအစားဖြစ်လို့ မြန်မာစာဖတ်ပရိသတ်အတွက် စာအုပ်ဝေဖန်ခန်းရေးဖို့ စိတ်ကူးမိတယ်။ ဝေဖန်တယ်ဆိုတာမှာ အဓိပ္ပာယ်နှစ်မျိုး ရှိတယ်လို့ မြန်မာစာအဖွဲ့ရဲ့ ၁၉၈၀ ထုတ် မြန်မာအဘိဓာန်အကျဉ်းချုပ်မှာ ဖော်ပြတယ်။ အကောင်းအဆိုးကို သုံးသပ်စိစစ်မှု သို့မဟုတ် ခွဲခြားညွှန်ပြပြောဆိုမှုလို့ အဓိပ္ပာယ်ရသလို၊ စိတ်ဖြာခွဲဝေပေးတာကိုလည်း ဝေဖန်တယ်လို့ ပြောနိုင်တယ်တဲ့။ ဒီအဓိပ္ပာယ်အားလုံး ခေတ်ပြိုင်စာအုပ်ဝေဖန်ခန်းမှာ တွေ့နိုင်မယ်။

မြန်မာက နွားလှည်းလောက်သာလုပ်တတ်ပြီး အမေရိကန်နဲ့အနောက်တိုင်းက အာကာသလောကမှာ သုတေသနလုပ်နေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့အရေးအသားကို သဘောပေါက်ရင်တောင် မြန်မာလိုပြန်ပြောဖို့ ဝေါဟာရ ခေါင်းပါးနေတာတွေ့ရတယ်။ စရိုက်ချင်း ကွဲပြားခြားနားတာရယ် မြန်မာပြည်မှာ လွတ်လပ်မှုဆိတ်သုဉ်းနေတာရယ်ကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ မြန်မာစာ အရေးအသား အလွန်နည်းတယ်။ အပေါ့အပါးစာပေ အရေးအသားတွေများပြီး လေးနက်တဲ့ အရေးအသားနည်းတယ်။ ဒါပေမယ့် ကျနော်တို့တာဝန်က ခက်တဲ့ကိစ္စကို လွယ်အောင်လုပ်ဖို့ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြပါမယ်။ စာမျက်နှာ (၂၀၀) ကျော်ကို (၁၅) မျက်နှာနဲ့ ရှင်းပြရတာမို့ စာရေးသူရဲ့ ဆိုလိုချက်ကို ခြုံငုံမိဖို့ကလည်း အရေးကြီးပါတယ်။ နောက်အခက်အခဲတခုက စာဖတ်ပရိသတ်နဲ့ သက်ဆိုင်တယ်။ ပညာတတ် အင်္ဂလိပ် စာဖတ်ပရိသတ်အတွက် ရေးထားတဲ့စာအုပ်ကို မြန်မာစာတတ်သူတိုင်း နားလည်အောင် ပြန်လည်ရှင်းပြရတာဟာ အတော်လေးဦးနှောက်ခြောက်စရာပါပဲ။

လူအများစုရဲ့ အကျိုးစီးပွားကိုမြှင့်တင်ပြီး လူနည်းစုကြီးစိုးတာကို ဟန့်တားဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို လက်ရှိမြန်မာစစ်အစိုးရ နားမလည်သလို ရှေးအာဏာရှင် ဥရောပဘုရင်တွေကလည်း လက်မခံနိုင်ကြဘူး။ လူသားရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်ရေးနဲ့အဆင့်အတန်းဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ညီမျှမှုသဘောကိုလည်း ဘုရင်ခေတ်က လက်မခံနိုင်ကြဘူး။ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်လိုအသားအရောင်ပဲဖြစ်ဖြစ် တရားဥပဒေအတိုင်း အားလုံးကို တပြေးတည်း ဆက်ဆံရမယ်ဆိုတဲ့ အယူအဆကို အာဏာရှင်တွေက လက်မခံနိုင်ဘူး။

ဒါကြောင့် အာဏာပိုင်ဘုရင်၊ မြေရှင်ပဒေသရာဇ်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီဓလေ့ကို ပြုစုပျိုးထောင်တဲ့အယူအဆ အတွေးအခေါ်တွေ ပြန့်ပွားအောင်လုပ်ရတာ အလွန်ခက်ခဲတယ်။ Enlightenment (ခေါ်) ပွင့်လင်းတဲ့ အသိဉာဏ်ပညာက ပေါ်ထွက်လာတဲ့ အယူအဆတွေဟာ အနောက်တိုင်းရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေခံအတွေး အခေါ်တွေ ဖြစ်လာတယ်။ အစပိုင်းမှာတော့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ဖိနှိပ်မှု၊ အာဃာတထားမှု၊ အယူသည်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒီအယူအဆတွေ ခေတ်မစားအောင် နှစ်ပေါင်းသုံးရာကျော် ဖိနှိပ်ဟန့်တားခဲ့ပေမယ့် နောက်ဆုံးမှာ အုပ်ချုပ်သူလူတန်းစားကပါ လက်ခံလိုက်ရတဲ့အတွက် လစ်ဘရယ်ဒီမိုကရေစီ ပေါ်ထွက်လာတာပါပဲ။

အသိဉာဏ်ကင်းမဲမှုနဲ့ ယုံလွယ်မှုကြောင့် လူသားတွေဟာ အဖိနှိပ်ခံ/အနှိမ်ခံနေရတာလို့ (၁၈) ရာစုပညာရှင်အချို့ ပြောတာဟာ အခုခေတ်အထိ မှန်နေတုန်းပါပဲတဲ့။ အသိဉာဏ်ကင်းမဲ့မှုနဲ့ ယုံလွယ်မှုဟာ ဒီမိုကရေစီနဲ့ ပုဂ္ဂလိကလွတ်လပ်မှုရဲ့ ရန်သူတွေဖြစ်ပါတယ်။ (၁၇) ရာစုပညာရှင် ဒေးကတ် (Descartes 1596-1650)၊ ဟော့ဗ်စ် (Hobbes 1588-1679)၊ စပင်နိုဇာ (Spinoza 1632-1677)၊ ဘာလ် (Bayle 1647-1706) စတဲ့ ပညာရှင် (၄) ဦးကို တော်လှန်ရေးအမြင်ရှိသူအဖြစ် ဖော်ပြထားတယ်။

လူ့ဘ၀တိုးတက်ကောင်းမွန်ရေးအတွက် လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အယူအဆဟာ စာတွေ့မှာ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ (၁၇) ရာစုက ယူဆကြတယ်။ (၁၈) ရာစုရောက်လာတော့မှ တော်လှန်တဲ့ အတွေးအခေါ်အယူအဆကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်အောင် အတတ်ပညာသစ်တီထွင်နိုင်မှု၊ တရားဥပဒေနဲ့ လူ့အဖွဲ့အစည်းတည်ငြိမ်မှု၊ ရောဂါကပ်ကွယ်ပျောက်မှု စတာတွေကြောင့် လူ့ဘ၀ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်လို့ ယုံကြည်လာကြတယ်။ ဆင်ခြင်တုံတရား အားထားရင် တိုးတက်လိမ့်မယ်လို့ ယုံကြည်လာကြတယ်။ ဘိုးဘွားတွေ လက်ထက်ကလို အသိဉာဏ်ခေါင်းပါးမှု နည်းပါးသွားတာဟာ တိုးတက်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းပဲလို့ ယူဆလာကြပါတယ်။

(၁၈) ရာစုနှောင်းပိုင်းမှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ သည်းခံနိုင်မှုတွေ ရှိလာတဲ့တွက် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးကို ဘက်ပေါင်းစုံမှာ မြင်တွေ့နေရပြီလို့ ဗောလ်တဲ (Voltaire 1694-1778) က သုံးသပ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားကို လူတစုကသာကျင့်သုံးပြီး လူများစုဟာ ခိုင်းတာကိုသာ လုပ်ချင်နေကြတဲ့အတွက် အဖြစ်မှန်ကို မြင်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ လူထုကိုယ်စားပြုတဲ့ ညီလာခံတွေ အဖွဲ့အစည်းနဲ့ဥပဒေတွေ များပြားလာတာကို ဂျာမန်ပညာရှင် ကန့် (Kant 1724-1804) မှတ်တမ်းတင်ထားပါတယ်။ လူ့အဖွဲ့အစည်းဟာ ဘုရင်စနစ်မှာ နိဂုံးမချုပ်ဘဲ ဆက်လက်တိုးတက်နိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံလာကြတယ်။ ဒီနေရာမှာ အယူအဆနှစ်မျိုးကွဲသွားပါတယ်။ စနစ်ဟောင်းကို ပြောင်းပစ်ချင်သူနဲ့ စနစ်ဟောင်းအတွင်းမှာပဲ ပြုပြင်ရေးလုပ်ချင်သူဆိုပြီး နှစ်စုကွဲသွားပါတယ်။

တနည်းဆိုရင်တော့ ဆင်ခြင်တုံတရားနဲ့ စနစ်ဟောင်းကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး လက်ရှိစနစ်အတွင်းမှာ ပြုပြင်ရေးလုပ်လိုသူတွေကတဖက်၊ စနစ်ဟောင်း အကျင့်ဟောင်းကို စွန့်လွှတ်ပြီး ဆင်ခြင်တုံတရားတခုတည်းကိုသာ ရှေ့ဆောင်လမ်းပြအဖြစ် အသုံးပြုလိုသူတွေကတဖက် အုပ်စုနှစ် ကွဲသွားပါတယ်။ ဆင်ခြင်တုံတရား (သို့မဟုတ်) စဉ်းစားဉာဏ်ကိုသာ အားကိုးတဲ့ အတွေးအခေါ်အယူအဆမှာ ကိုးကွယ်ယုံကြည်မှုအတွက် နေရာမရှိပါဘူး။ ဒါကြောင့် ခရစ်ယာန်ဘာသာရေးရာမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုလာကြပါတယ်။ တချို့ကလည်း တော်လှန်တဲ့ အတွေးအခေါ်မှာ ကိုးကွယ်ယုံကြည်မှု (ဘာသာရေး) ဆိုတာမရှိဘူးလို့ ထောက်ပြကြတယ်။ ဒီလိုအတွေးအခေါ် အယူအဆသစ်ကို အပြင်းအထန် ဆန့်ကျင်သူတွေဟာ ဥရောပဘုရင်အစိုးရတွေနဲ့ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါတယ်။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီး ပေါ်ထွက်လာတဲ့နောက်မှာ ဥရောပအစိုးရတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာလည်း ပိုမိုပြင်းထန်လာတယ်။

အင်္ဂလိပ်ပညာရှင်တွေထဲမှာလည်း (၁၈) ရာစုပါလီမန်စနစ်ကို အကျင့်ပျက်နိုင်ငံရေးစနစ်လို့ ယူဆသူတွေရှိတယ် (Price, Priestly, Paine, Jebb, Thelwall)။ အတိုက်အခံလုပ်ပြီး ရုန်းကန်လှုပ်ရှားတာကို သမိုင်းဖြစ်စဉ်အဖြစ် Thomas Paine(1737-1809) ကမြင်တယ်။ လူတစုကောင်းစားရေးအတွက် အင်အားသုံးပြီး လိမ်ညာအုပ်ချုပ်တဲ့ အစိုးရစနစ်ကနေ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံပြီး ဆင်ခြင်တုံတရားနဲ့ အုပ်ချုပ်တဲ့အစိုးရစနစ်ကို Tom Paine လိုလားတယ်။

ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နိုင်တဲ့အရာဖြစ်ကြောင်း၊ လွတ်လပ်တဲ့ လူ့ဘောင်မှာ ညီမျှမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ဘ၀ကို အစိုးရစနစ်ကတဆင့် တည်ဆောက်နိုင်တယ်လို့ ပြင်သစ်ပညာရှင် ဒေါလ်ဘတ်ရှ (d’Holbach) က ၁၇၇၀ မှာ ရေးတယ်။ မှားယွင်းမှု၊ မသိနားမလည်မှု၊ ဉာဏ်ပညာကင်းမဲ့မှုကြောင့် ပြည်သူတွေဟာ အဖိနှိပ်ခံနေကြရပြီး အစွဲအလမ်းကြောင့် အဖိနှိပ်ခံဘ၀ သက်ဆိုးရှည်နေမယ်ဆိုရင် ဆင်ခြင်တုံတရား၊ သိပ္ပံပညာနဲ့ အမှန်တရားက သူတို့ကို ကယ်တင်လိမ့်မယ်လို့ ဒေါလ်ဘတ်ရှက ဆိုပါတယ်။ လှပတဲ့ ရင်သပ်ရှုမောဖွယ် အတွေးအခေါ်ပါပဲလို့ ဂျော်နသန်အစ္စရေးက မှတ်ချက်ချလိုက်ပါတယ်။

(၁၇) ရာစု မြန်မာပြည်မှာ ဘုရင့်နောင်ရဲ့သားတဦးဖြစ်သူ ညောင်ရမ်းမင်းရဲ့ အဆက်အနွယ်တွေ ကြီးစိုးတဲ့အတွက် ညောင်ရမ်းခေတ် (၁၆၀၀-၁၇၀၀) လို့ ခေါ်ကြတယ်။ စကားပြေအရေးအသားနဲ့ ရဟန်းစာဆို ထွန်းကားတဲ့ခေတ်လို့ ပထမဆုံးသော မြန်မာစာပါမောက္ခ ဦးဘေမောင်တင်က မြန်မာစာပေသမိုင်းမှာ ရေးထားတယ်။ မြန်မာစာပေကို နန်းတော်က အားပေးချီးမြှင့်တဲ့ဓလေ့ကြောင့် မြန်မာစာပေမှာ ဘုန်းတော်ဘွဲ့တွေ များတယ်။ (၁၇) ရာစုမှာ ညောင်ရမ်းမင်း (၇) ဦး နန်းစံတဲ့အထဲမှာ သာလွန်မင်း (၁၆၂၆-၁၆၄၈) ဟာ စစ်မတိုက်ဘဲ ပြုပြင်ရေးလုပ်ငန်းကို အာရုံစိုက်တဲ့အတွက် ထင်ရှားတယ်။ သာလွန်မင်းဟာ မြို့တော်ကို ပဲခူးက အင်းဝကို ရွှေ့ပြောင်းလိုက်သူဖြစ်တယ်။ တိုင်းပြည်အေးချမ်းသာယာမှု မရှိတဲ့အခါမှာ ဗမာမင်းတွေဟာ မြို့တော်ကို ရွှေ့ပြောင်းလေ့ရှိတယ်လို့ မြန်မာပြည်ရောက် ဒတ်ရှကုန်သည်တို့ရဲ့ အစီရင်ခံစာမှာ တွေ့ရကြောင်း ပထမဆုံးသော မြန်မာ့သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်က ၁၉၆၂ ထုတ် မြန်မာနိုင်ငံသမိုင်းမှာ ရေးထားတယ်။ ဒါပေမယ့် နောက်တက်တဲ့မင်းတွေ ညံ့ဖျင်းတဲ့အတွက် သာလွန်မင်းရဲ့ ဆောင်ရွက်ချက်တွေ အချည်းနှီးအလဟဿ ဖြစ်ရတယ်လို့ ဆရာကျော်သက်က ဆိုပါတယ်။

ညောင်ရမ်းမင်းရဲ့သား အနောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) လက်ထက်မှာ မြန်မာ-အင်္ဂလိပ် ဆက်ဆံရေးစတယ်။ မြန်မာတပ် ဇင်းမယ် (ချင်းမိုင်) ကို သိမ်းတဲ့အခါ အဲဒီမှာရောက်နေတဲ့ အင်္ဂလိပ်ကုန်သည်နှစ်ဦးနဲ့ တွေ့တယ်။ ဒီအင်္ဂလိပ်နှစ်ဦး မြန်မာပြည်နဲ့ ကုန်သွယ်ရင်း ပြည်နှင်ဒဏ်ပေးခံရတယ်။ ဗမာဘုရင်ဟာ အလွန်ဆိုးသွမ်းရက်စက်တဲ့အတွက် ပြည်သူ့သွေး တစက်မထွက်ရင် ထမင်းမစားနိုင်တဲ့ မင်းဆိုးမင်းညစ်သာဖြစ်တယ်လို့ အင်္ဂလိပ်ကုန်သည်နှစ်ဦးက ထွက်ဆိုတယ်တဲ့။ မြန်မာစာဆိုတွေကတော့ ဗမာမင်းရဲ့ ဘုန်းတော်ဘွဲ့ကိုသာ ရေးလေ့ရှိတယ်။

သာလွန်မင်းလက်ထက်မှာ ရဟန်းစာဆိုတွေ ခေတ်စားတယ်။ ၁၆၄၅ ခုနှစ်မှာ ထင်ရှားတဲ့ ရှင်ကရ၀ိက ဆိုသူ ရဟန်းစာဆိုဟာ `“တက်ထွန်းလျှံဝါ” အစချီတဲ့ ပိုဒ်စုံရတုသုံးပုဒ်ကို ဘုရင့်ရွှေနားတော် ဆက်သွင်းတယ်ဆိုပဲ။ ရှင်ကရ၀ိကရဲ့ ရတုကို သာလွန်မင်းက ကြိုက်နှစ်သက်လွန်းတဲ့အတွက် ရွှေကျည်တောက်ထဲသွင်းပြီး ခေါင်းရင်းမှာ အမြဲထားတယ်တဲ့။ ဒါတင်မကသေးဘဲ အလွတ်ကျက်မှတ်ပြီး အာဂုံဆောင်သေးတယ်တဲ့။ ရတုထဲမှာ “ဖြူရိပ်ဖြန့်လွှား၊ လူ့ဘုရားလျှင်၊ လေးပါးတန်ခိုး၊ နေ့တိုင်းတိုးလျက်…” စသဖြင့် ရှင်ဘုရင်ကို လူ့ဘုရားလို့ အမွှန်းတင်လိုက်တော့ သာလွန်မင်းကြီးလည်း အလွတ်ကျက်ရတဲ့အဖြစ်ကို ရောက်သွားတော့တာပေါ့။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်

Thursday, June 10, 2010

မြန်မာပြည်သားစာစောင် (အတွဲ ၇ - အမှတ် ၂၊ ဇွန်လ - ၂၀၁၀ ခုနှစ်)

June-2010

Tuesday, June 8, 2010

“ဘာသာစကားတိ ပျောက်ကွယ်လားနိန်ရခြင်း”

ကုလသမဂ္ဂဌါနခွဲတခုဖြစ်တေ ယိုင်ကျေးမှုထိန်းသိမ်းရေ အေဂျင်စီ ယူနက်စကို (UNESCO) အဖွဲ့က ကမ္ဘာမှာ ပြောဆိုသုံးစွဲနိန်ကတ်တေ ဘာသာစကားပေါင်း ခြောက်ထောင်ထဲက သုံးပုံတပုံစွာ မျိုးတုံးဆိတ်သုဉ်း ပျောက်ကွယ် လားဖို့ အန္တရာယ်နန့် ရင်ဆိုင်နိန်ကတ်ရရေလို့ ထုတ်ဖော်ပြောဆိုလိုက်ပါရေ။ ဒေပိုင် အခြိမ်းခြောက်ခံနိန်ရရေ ဘာသာ စကားနှစ်ထောင်ကို မပျောက်ပျက် လားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှုတိ ဟိဖို့လိုအပ်တေပိုင် လူတိကလေ့သူရို့ ဘာသာ စကားတည်တံ့ကျန်နိန်စီဖို့ “ကိုယ့်ရို့ စကားကို ကိုယ်ရို့ ပြောကတ်ခြင်း” ကိုတန်ဖိုးထားဂုဏ်ယူကတ်ဖို့ အေယူနက်စကိုအဖွဲ့ချူပ်က တိုက်တွန်းလိုက်ပါရေ။

ဘာသာစကားတခုနိဂုံးချူပ်သီဆုံးလားတိုင်း တန်ဖိုးမဖြတ်နိုင်ရေ ဓလေ့ထုံးတမ်းစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိ မျိုးဆက်တိနန့် ရင်းပနာ စုဆောင်းထိန်းသိမ်းလာကတ်တေ အသိပညာ ကဗျာစာပီဂီတ သမိုင်းရိုးရာ ဂန္တ၀င်အနုပညာ လက်ရာကောင်းတိ အားလုံးဆုံးရှုံးလားကတ်ရရေ လို့ ဒေအဖွဲ့ကြီးက ထောက်ပြ ပြောဆိုပါသိမ့်ရေ။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်၏မူရင်းဘာသာစကားကိုပြောတတ်တေ နောက်ဆုံးတယောက်တည်းရာ ကျန်ရေ အသက် ၈၉ နှစ် ၀ါကြီးမ အီးယာခ် (Eyak) ကွယ်လွန်လားရေခါ ဘာသာစကားလည်း ကပ်ပါလားခရပါရေ။

ဘာသာဗေဒပညာသျှင်အများစုက အဂုလက်ဟိ ကမ္ဘာ့ရွာထဲက ဘာသာစကား ခြောက်ထောင်မှာ အနည်းဆုံးတ၀က် လောက်က သက္ကရာဇ် ၂၀၅၀ မှာ ပျောက်ကွယ်သီဆုံးလားနိုင်ရေလို့ ခန့်မှန်းထားကတ်ပါရေ။ ဘာသာစကားတိ မျိုးတုံး ပျောက်ကွယ်ခြင်းရေ အယင်ခါထက်နှစ်ဆမြင့်ပါလတ်ပနာ အေပုံစံအတိုင်းရှိဆက်ပြီးကေလားနိန်ကေ အနာဂတ်ကမ္ဘာ မှာ တစ်ဒါဇင်နှစ်ဒါဇင်လောက်ဘာသာစကားတိကရာ လွှမ်းမိုးချူပ်ကိုင်ထားနိန်လီဖို့လို့ သုံးသပ်ကတ်ပါရေ။ အေချင့် ထက်ဆိုးရေ ပျက်စီးဆုံးရှုံးမှုနှုန်းမြင့်တက်လာခြင်းတိ ဖြစ်လာနိုင်ပနာ ၉၀ ရာခိုင်နှုန်းလောက် ဘာသာစကားတိ သက္ကရာဇ် ၂၁၀၀ မှာ မျိုးပြုန်းလားခြင်းတိ ဖြစ်လာနိုင်ရေ လို့ အကြံပြုထောက်ပြရေ ဘာသာဗေဒပညာသျှင်တိလေ့ ဟိပါသိမ့်ရေ။ ဒေပိုင် ကြုံတွိလာနိုင်ရေ ဘာသာစကားတိပျောက်ကွယ်လားနိန်ခြင်း အခြေအနေဆိုးကို တမျိုးတဖုံဖြစ် လားအောင်ပြောင်းလဲလာစီဖို့  လိမ်မာပြီးကေ ဥာဏ်အမြော်အမြင်ကြီးရေ သူရို့ ဘာသာစကားပျောက်ပျက်လားဖို့စွာကို စိုးရိမ်ရေ လူမျိုးတိက အဂုအချိန်ကပင်စပနာ ကိုယ်ပိုင်ဘာသာစကားကို ကျယ်ကျယ်ပြန့် ပြန့် ပြောဆိုသုံးစွဲခြင်းတိ ထိန်းသိမ်း စောင့် ရှောက်ဖွံ့ ဖြိုးတိုးတက်လာအောင်လုပ်ခြင်းတိကို ဆောင်ရွက်လားပြီးကေ အကောင်းဆုံးအဖြေရှာလား နိုင်ရေ ကိုယ်ရို့  ဘာသာစကားအန္တရာယ်ကျရောက်နိန်ခြင်းက ကာကွယ်လားသင့်ရေ လို့ ပညာသျှင်တိက တိုက်တွန်း ထားပါရေ။

ခိုင်မာသန်စွမ်းရေ ဘာသာစကားတခုကို အဓိပ္ပါယ်ဖွင့်ဆိုရဖို့ ဆိုကေ စကားပြောရေလူသစ်တိ စိုင်ဆက်မပြတ်ရဟိ နိန်ခြင်းပင် ဖြစ်ပါရေ။ လက်ဟိလူကြီးတိ ဇာလောက်ပင် ယင်းဘာသာစကားကို သုံးနိန်ကတ်ပတ်စီ ဒေဘာသာ စကားကို လက်ဆင့်ကမ်းပီးလားဖို့  မျိုးဆက်သစ်တိ မဟိကေ ဒေဘာသာစကား၏ကံကြမ္မာစွာ မှေးမှိန်ပနာ အရောင် နွမ်းလားဖို့ စွာ ကျိန်းသီနိန်ပါရေ။ နှစ်ပေါင်းထောင်
နန့် ချီပြီးကေ ဘာသာစကားတခုတည်တံ့လာကေလေ့ ဒေနိန့် ကာလ မှာ အချေသူငယ်တိက ဒေဘာသာစကားသင်ယူခြင်းကို ရပ်ပစ်လိုက်စွာနန့်  အေဘာသာစကားနိဂုံးချူပ်လားဖို့ စွာပါ ဗျာလ်။

လူမျိုးတမျိုးဖြစ်ခြင်း၏ဂုဏ်အင်္ဂါလက္ခဏာရပ်ဖွံ့ ဖြိုးတိုးတက်လာခြင်းနန့်  ယိုင်ကျေးမှုထွန်းကားလာခြင်းတိကို ဘာသာစကားကရာ ပုံဖော်ပီးနိုင်ပါရေ။ လူမျိုးတမျိုးအဆင့်ဟိခြင်းကို ဘာသာစကားနန့် ရာ တိုင်းတာနိုင်ပါရေ။ ဘာသာ စကားပျောက်ကွယ်လားစွာနန့် လူမျိုးတမျိုးဖြစ်ခြင်း၏အနှစ်သာရတည်တံ့ရှင်သန်ခြင်းတိလည်းနိဂုံးချူပ်လားနိုင်ပါရေ။

ဘာသာစကားတခု လူမျိုးတမျိုး၏ပင်မသုံး ရုံးသုံးအနေအထားက ပျောက်ကွယ်လားပြီးခါမှ ယင်းလူမျိုး၏ကိုယ်ထူ ကိုယ်ထ ထိန်းသိမ်းမှုနန့်  ပြန်ပြီးကေ နိုင်ငံသုံးဘာသာစကားအဖြစ် အသက်ဝင်လာစွာတိလေ့ ဟိပါသိမ့်ရေ။ ပြန်ရှင် ပါလတ်တေ ဘာသာစကားတခုက အဂုအစ္စရေးနိုင်ငံသားဂျူးလူမျိုးတိ ပြောဆိုသုံးစွဲနိန်ကတ်တေ ခေတ်သစ် ဟီဘရူး (Hebrew) ဘာသာစကားပင် ဖြစ်ပါရေ။ ဒေဘာသာစကားက ရာစုနန့် ချီပနာ လူမျိုးသုံးနိုင်ငံသုံးဘာသာစကား အဆင့်က ပျောက်ကွယ်လားပြီးကေ ဘာသာရေးနန့်  ပညာရပ်ဆိုင်ရာ ဘာသာစကားအဖြစ် ကျန်ဟိနိန်ခပါရေ။ ယကေ လေ့ လားရေနိန်ရာ ရောက်တေအရပ်နန့် နိန်ထိုင်ရေ တိုင်းပြည်နိုင်ငံတိုင်းမှာ ဂျူးလူမျိုးအသိုင်းအ၀ိုင်းတိက သူရို့  ဘာသာ စကားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လားပြီးကေ ၁၉ ရာစုနှောင်းပိုင်းမှာ ဒေ ဟီဘရူးဘာသာကို အယ်လီဇာ ဘမ် ယေဟူဒါ (Eliezer Ben-Yehuda) ၏ ဦးဆောင်မှုနန့်  ပါလက်စတိုင်းဒေသမှာ ပြန်ပနာ ဂျူးလူမျိုးတိပြောဆိုရေ စကားအဖြစ် မိတ်ဆက်အသက်သွင်းလာနိုင်ပြီးကေ အစ္စရေးနိုင်ငံထူထောင်လာရေခါ ကျောင်းတိမှာ သင်ကြားပို့ ချပနာ အဓိကပင်မ ဘုံရုံးသုံးဘာသာစကားတခုအဖြစ် ပြဌါန်းနိုင်ခစွာ
အေနိန့် ထက်ထိ ပင်ဖြစ်ပါရေ။

ရခိုင်ရို့ ဘာသာစကားကလေ့သော့ ဒေနိန့် ကာလမှာ မျိုးတုံးပျောက်ကွယ်လားဖို့  စိုးရိမ်ရရေ အဆင့်ကိုရောက်ပါ လတ်ပါရေ။ နှစ်ပေါင်းထောင်နန့် ချီပနာတည်တံ့လာရေ ဒေရခိုင်ရို့ ဘာသာစကားစာပီနိဂုံးချူပ်လားစွာနန့် ရခိုင်လူမျိုး လေ့ ကမ္ဘာ့မြီပြင်ထက်က ပျောက်ကွယ်လားဖို့ စွာ ကျိန်းသီနိန်ပါရေ။ ကိုယ်ရို့ ဘာသာစကားစာပီ မပျောက်ပျက်လား အောင် ထိန်းသိမ်းစောင့်ရှောက်ရဖို့ စွာက ရခိုင်သားတိုင်း၏ မွီးရာပါ တာဝန်ဝတ္တရားတခု ဖြစ်ပါလတ်ပါရေ။ ရခိုင် စကား ကိုပြော ရခိုင်စာကိုရီးလို့  ရခိုင်ဖြစ်ခြင်းကိုဂုဏ်ယူကတ်ခါမှ အဘိုးအဖီးရို့ လက်ဆင့်ကမ်းပီးခရေ အမွီအနှစ်ကိုမြတ်မြတ် နိုးနိုးတန်ဖိုးထားရာ ရောက်ပါဖို့ ။နောက်လာနောက်သား မျိုးဆက်သစ်တိကိုလေ့ရခိုင်ရို့ ကိုယ်ပိုင် ယိုင်ကျေးမှု အစိုင်အ လာကောင်းတိကို မျှဝီပီးလားနိုင်ဖို့  ကိုယ့်ရိုးရာစာပီကို မြှင့်တင်လားပနာ သမိုင်းပီးတာဝန်ကို ထမ်းဆောင် လားကတ် ပါမေ။ ။ ။


ခိုင်အောင်အောင်
၀၄၊ ၀၇၊ ၂၀၀၉

ရခိုင်သားမှာ နိုင်ငံရေးဝမ်းစာ မပြည့်သိမ့်ပါ

သွီးစစ်တေ အမျိုးချစ်ခြင်းဆိုစွာ အမိအဖက သားသမီးတိကို ချစ်စွာနန့် တူရေ။ သားသမီးတိထဲမှာ ဆိုးရေအချေနန့်  ကောင်းရေအချေတိ ဟိကေလေ့ မစောင်းမယွဲ့ မပဲ့လား တယောက်ဘားမှာလေ့မပို တယောက်ဘားမှာလေ့မလျော့ တူညီရေချစ်ခြင်းနန့် အမိအဖက သားသမီးတိကို ချစ်တေ။ အမြတ်အစွန်းမရနိုင်ရေ ပီးဆပ်လိုခြင်းမိတ္တာတရားနန့် 
အနစ်နာခံရင်းနှီးမြှပ်နှံခြင်းပင် ဖြစ်တေ။ ဒေပိုင်ချစ်ခြင်းတရားကို နားလည်ကတ်ကေ နိုင်ငံရေးညီညွတ်မှုကို
အချိန် မရွီးတည်ဆောက်လို့ ရရေ။ အမျိုးသားနိုင်ငံရေးနယ်ပယ်ထဲမှာ ကောင်းရေလူတိဟိရေပိုင်
ဆိုးရေလူတိဟိနိုင်ကေလေ့ အမျိုးချစ်ခြင်းက အရောင်မပြောင်းဘဲ အမျိုးသားအကျိုးစီးပွါးနိုင်ငံရေးစည်းဝိုင်းထဲမှာ
အတူတူလက်တွဲပနာလားကတ် ကေ မျှော်လင့်ချက်တိပြည့်ဝပနာ နိုင်ငံရေးဘုံပန်းတိုင်ကို

လှမ်းဆုပ်ကိုင်နိုင်ဖို့ စွာက ကျိန်းသီရေ။


ဂရုစိုက်ရဖို့ ၊သတိပြုရဖို့ ၊အလေးထားရဖို့ အရာတခုက “ရခိုင်သားတိမှာ နိုင်ငံရေးဝမ်းစာ မပြည့်သိမ့်ပါ။”

ဒေအလိုအပ် ဆုံးအရာကိုဖြည့်တင်းပီးထားနိုင်ခါမှရာ ထိရောက်တေနိုင်ငံရေးအလုပ်တိကိုလုပ်လာနိုင်ကတ်

ပါဖို့ ။ ဒေနိုင်ငံရေး ၀မ်းစာ ကို ရေရှည်ဖြည့်လားမှရာ ပြည့်လာနိုင်လို့  နိုင်ငံရေးခရီးကိုလားကတ်တေခါ
အချင်းချင်းနားလည် အချင်းချင်းယုံကြည် အချင်းချင်းအသိအမှတ်ပြု အချင်းချင်းလက်ခံ အချင်းချင်းလေးစား
အချင်းချင်းတန်ဖိုးထားကတ်ရပါဖို့ ။


တယောက်ယောက်က တခုခုအမှုန့် ကြိတ်ဖို့ ပီးနိန်မှရာ အလုပ်လုပ်တေ အမှုန့် ကြိတ်စက်ပိုင် နိုင်ငံရေးစွာ

လည်ပတ်လားနိန်ရေ ဖြစ်စိုင်တခု ဖြစ်တေ။ အေပိုင် ဖြည့်ပီးနိန်ခြင်းကို ရပ်ပနာ နိုင်ငံရေးလုပ်နိန်ကတ်တေလူတိက
အချင်းချင်းရန်စဖြစ်ကတ်ကေ ဒေစက်စွာ ရပ်လားရေ။
(Politics is a process which is like a grinding machine that can work only if someone keeps giving it something to grind. When the political actors start quarreling
and stop providing, the machine stops.)


အဂုရခိုင်ရို့ ရင်ဆိုင်နိန်ကတ်ရရေအချိန်ကာလက နိုင်ငံရေးလဆုတ်လကွယ်ရက်တိ ဖြစ်နိန်ရေ။

တိုးတက်လာမှုမဟိဘဲ ဆုတ်ယုတ်ခြင်းတိရာများပါလတ်ပနာ နိုင်ငံရေးအနိမ့်ဆုံးအဆင့်ကို

ရောက်ပါလတ်တေ။ ဒေပိုင်အခြေအနေဆိုးကို ကျော်လွှားလားနိုင်ဖို့ နိုင်ငံရေး

ဝမ်းစာပြည့်ရေ လူတိ နိုင်ငံရေးဝမ်းစာဖြည့်ပီးနိုင်ရေလူတိ သွီးစစ်တေအမျိုးချစ်စိတ်

နန့် အားသစ်လောင်းပနာ ရခိုင်ရို့ နိုင်ငံရေးကို မြှင့်တင်လားကတ်ရပါဖို့ ။


နှစ်သစ်မှာ စိတ်ကူးသစ်၊ အမြင်သစ်၊ ခြီလှမ်းသစ်နန့်  ယုံကြည်ခြင်းကို ထပ်လို့ ယုံကြည်ပနာ

လွတ်လပ်တေဘ၀တိကို ပိုင်ဆိုင်လာကတ်ဖို့  အနာဂတ်အတွက် နိုင်ငံရေးဝမ်းစာဖြည့်လားကတ်ပါမေ။ ။ ။





ခိုင်အောင်အောင်


၁၆၊၀၄၊၂၀၁၀

ဥပဒေ မဟုတ်သော ပြဌာန်းချက်များ၏ ပြင်မရသော အမှားများ

ဥပဒေ မဟုတ်သော ပြဌာန်းချက်များ၏ ပြင်မရသော အမှားများ

အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များကို (၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံ၏ အခန်း (၁၄) ပုဒ်မ (၄၄၃) တွင်- ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သည့်နေ့ မတိုင်မှီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များ သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။

အခြေခံဥပဒေ အာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လုပ်ငန်းရပ်များကို ဆန်းစစ်ကြည့်ရန် လိုပါသည်။ တရားဝင် နိုင်ငံရေးပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲတွင် မဲ (၈၂%) ဖြင့် အပြတ် အသတ် အနိုင်ရခဲ့သည့် ရလဒ်ကို ပစ်ပယ်ခဲ့သည်။ ဒီချုပ် ခေါင်းဆောင်များကို အပုပ်ချပွဲ တိုင်းနှင့်ပြည်နယ်အလိုက် ပြုလုပ်ခဲ့ခြင်း။ ဒီပဲယင်း အစုလိုက် အပြုံလိုက် လူသတ်မှုကို ကျူးလွန်ခြင်း၊ ရွှေဝါရောင် သံဃာ့အရေးတော်ပုံအား သတ်ဖြတ်နှိမ်နှင်းခဲ့ခြင်း၊ ယခု ရှိပြီးသား တရားဝင် နိုင်ငံရေး ပါတီများကို (နအဖ) ရွေးကောက်ပွဲ ဥပဒေအမှတ်- (၁/၂၀၁၀) ၏ ပုဒ်မ- (၁၄) ဖြင့် ဖျက်သိမ်းလိုက်ပြန် ပါသည်။ နိုင်ငံရေးကို ဥပဒေထုတ်ပြီး သတ်၍ရသလော။ ထုံးစံမရှိပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေး နိုင်ငံရေးတိုက်ပွဲကို နယ်ချဲ့ အင်္ဂလိပ် ဥပဒေများဖြင့် သတ်ဖြတ်၍ ရခဲ့ပါသလော။ ဒီမိုကရေစီရေး တိုက်ပွဲများကို နအဖ ဥပဒေများဖြင့် ချေဖျက်ပစ်၍ မရနိုင်ပါ။ နအဖ ၏ လုပ်ငန်းရပ်များ အားလုံးမှာ စစ်ရာဇ၀တ်မှုများ ဖြစ်နေသည်ကို ရှေ့ဆက် ထပ်ကာ ထပ်ကာ မြင်တွေ့ ရပါလိမ့်ဦးမည်။

(၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များဟု ဖော်ပြထားချက်မှာ တရားဥပဒေ ထုတ်ပြန်ပိုင်ခွင့် မဟုတ်ပါ။ ထုတ်ပြန်ချက်၊ ပြဌာန်းချက်များမှာ ဥပဒေကဲ့သို့ စည်းနှောင်အားလည်း မရှိပါ။ မတရားပြဌာန်းချက်မှာ ဥပဒေ တရပ်ဖြစ်တည် မလာနိုင်ပါ။ တချိန်က (မဆလ) အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်၊ ယခု ကြံ့ဖွံ့ နာယကကြီး ဗိုလ်သန်းရွှေက ကြံ့ဖွံ့ ပါတီ ထူထောင်နိုင်ရေးအတွက် ပြဌာန်းလာသည့် လုပ်ရပ်များမှာ စစ်အာဏာရှင်စနစ် ပါတီ တပါတီတည်း သက်သက် အတွက် ဖြစ်နေကြောင်း ပေါ်လွင်လွန်း လှပါသည်။

ပြဌာန်းချက်များ ပုဒ်မ (၄၄၅) တွင်- နိုင်ငံတော်သည် (နအဖ) ကောင်စီကို ဆက်ခံသည်။ ယင်းကောင်စီ၏ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဟု ဖော်ပြထား သေးသည်။ (နအဖ) စစ်အစိုးရ ကျူးလွန်ခဲ့သမျှ ဒီပဲယင်း အပါအ၀င် ရာဇ၀တ်မှု အားလုံးကို ပြည်ဖုံးကားချ ကင်းလွတ်ခွင့် ရယူနိုင်အောင် မဟုတ်မမှန် ပြဌာန်းချက်မှာ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး တို့ကို တဖက်သတ် ငြင်းပယ်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ရာဇ၀တ်ဘေး ပြေးမလွတ်ပါ။ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာဥပဒေ) အခန်း (၉)၊ ပြည်သူ့ဝန်ထမ်းတို့ ကျူးလွန်သော သို့တည်းမဟုတ်-ပြည်သူဝန်ထမ်းတို့နှင့် သက်ဆိုင်သော ပြစ်မှုများ (ပုဒ်မ- ၁၆၁-မှ ပုဒ်မ- ၁၇၁ အထိ ပြစ်မှုများ) နှင့် အခန်း ( ၉ -ဂ) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ (ပုဒ်မ- ၁၇၁ (က) မှ ပုဒ်မ-၁၇၁ (ည) အထိ ပြစ်မှုများ) ရှိ ပင်မ ဥပဒေကြီးများကို ဖျက်ပစ်ရမည်လော။ ဤဥပဒေရှိ ပြစ်ဒဏ်များအား မည်သူ့ကိုမျှ ကင်းလွတ်ခွင့် မပေးပါ။ နိုင်ငံသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် တူညီသည့် အခွင့်အရေးရှိရပါမည်။

နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၇) တွင်- နိုင်ငံသားတိုင်းသည် ဥပဒေ၏ ရှေ့မှောက်တွင် တူညီသည့် အခွင့်အရေး ရှိသည့် အပြင် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်ဟု အတိအလင်း ပြဌာန်းထားပါသည်။ စစ်အစိုးရ အဖွဲ့ဝင်များကို နိုင်ငံသားတိုင်းနှင့် ဥပဒေအရာတွင် တန်းတူ ညီတူ မထားဘဲ၊ ရာဇ၀တ်မှု ကျူးလွန်ခြင်းမှ ကင်းလွတ်ချက် ရယူလိုသည့် ဆန္ဒ ကိုယ်၌က ပြစ်မှု ဖြစ်နေပါသည်။ ရာဇ၀တ်ကောင်များ အဖြစ်မှ ဘေးမဲ့လိုချင်သည့် မှတ်တမ်းကို နောင်လာနောင်သားများ တွေ့ရှိအောင် ထားရစ်ခဲ့မည် ဆိုလျှင် ရာဇ၀င် ရိုင်းရာ ကျပါလိမ့်မည်။

ပြဌာန်းချက်များ ပုဒ်မ (၄၄၈) တွင်လည်း နအဖ ကောင်စီ လက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော် အပါအ၀င် ၀န်ထမ်းများသည် အစိုးရက အခြားပြဌာန်းခြင်း မပြုသမျှ ဆက်လက် အမှုထမ်းရမည်ဟု ဖော်ပြထားသည်။ တပ်နှင့် ၀န်ထမ်း အားလုံးသည် နအဖကောင်စီ အောက်ရောက်သွားပါသည်။ နအဖ ကောင်စီက ကြံ့ဖွံ့ပါတီ တည် ထောင်သွားပြီ ဖြစ်၍ အားလုံး ကြံ့ဖွံ့ပါတီဝင်များ ဖြစ်သည်ဟု ထပ်ဆင့် ပြဌာန်းလာလေ ဦးမလား နိုင်ငံရေး ပါတီတိုင်း က စောင့်ကြည့်ရမလို ဖြစ်လာသည်။ ကြံ့ဖွံ့ ပါတီခေါင်းဆောင် အားလုံးမှာ လောလောလတ်လတ် စစ်တပ် နှင့် အရပ်ဘက် ၀န်ထမ်း ဗျူရိုကရက် အရာရှိကြီးများ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ ပါတီစုံစနစ်ကို ဤပြဌာန်းချက် များဖြင့် ဖျက်ဆီးနေလေပြီ။

(၂၀၀၈) ဖွဲ့စည်းပုံ ကျောရိုးကိုယ်၌က (၁၉၇၄) မဆလ တပြည်ထောင် ဖွဲ့စည်းပုံကဲ့သို့ “ရော့…ညီလေး တလုံး အကိုကြီး….(၇) လုံး” တန်းမတူ မညီမျှသည့် ပြည်ထောင်စု သွေးကွဲရေး၊ သွေးခွဲရေး အတွက် တမင်တကာ ပြဌာန်း လာပြန်ပါသည်။ ထိုထက် ဆိုးညစ်သည်က (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံရှိ ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းခြင်း၊ အခန်း (၄)၊ ပုဒ်မ (၇၄) အရ ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့ လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် (၁၁၀) ဦးနှင့် အမျိုးသား လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် (၅၆) ဦး) တပ်မ တော်သား စုစုပေါင်း (၁၆၆) ဦး ပါရှိ နေကြောင်း စစ်ခရာမှုတ်ကာ ကြေညာထားသည်။ မည်သည့် ရွေးကောက်ပွဲဆိုင်ရာ မူ၊ လမ်းညွန်ချက်ကိုမှ ဂရုစိုက် စရာမလို၊ ခေါင်းမော့ရင်ကော့ ဘယ်ညာနင်းကာ လွှတ်တော်သို့ ချီတက်ကြတော့မည်။ စစ်အာဏာရှင် ဥပဒေ စနစ်ကို ပေါ်ပေါ်ထင်ထင် အကောင်အထည်ဖော်နေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးသည် ပြည်ထောင်စုလွတ်လပ်ရေး ဖြစ်သင့်ပါသည်။ တလူမျိုး တပါတီ အတွက် လုံးဝ မဖြစ်သင့်ပါ။ ဤနေရာတွင် မလိမ်မညာစတမ်း ပြတ်ပြတ်သားသား စည်းခြားရမည် ဖြစ်ပါသည်။ ပြည်ထောင်စုကို လိုလားသည်က ဗိုလ်ချုပ်အောင်ဆန်း၊ မလိုလားသူများ ရှိသည်ကို ဖော်ထုတ်ပြ သင့်ပါသည်။ ဗစိန် ဂိုဏ်းသား ကျော်ငြိမ်း၊ ဂဠုန်ဦးစော၊ နေ၀င်း၊ သန်းရွှေ တို့ကို ပြည်ထောင်စုကို မလိုလားသူ၊ ဖျက်ဆီးသူများ အဖြစ် စွဲချက် တင်သင့် ပါသည်။ ယနေ့ထိ ပြည်ထောင် မစုနိုင်သေးပါ။ လူညီလျှင် ဤကို ကျွဲဖတ်လို့ရသည် ပြောစကားမှာ စစ်တပ်ထဲမှ လာသော စကားဖြစ်သည်။ သူတို့ သမုတ်လျှင် သစ်ငုတ်တောင် ကျား ဖြစ်ရမည့်အလား ထင်နေသည်။ အာဏာရှင်တိုင်း ကောက်ကျစ် စဉ်းလဲမှု၊ ဖြိုခွဲသပ်လျှိုမှု နယ်ချဲ့လုပ်ရပ် အားလုံးကို ခေါက်ရိုးကျိုး နေအောင် သင်ကြား တတ်မြောက် ထားကြသည်။ လူ့အဖွဲ့အစည်း အတွက် အန္တရာယ် ကြီးလွန်းလှပါသည်။

မြန်မာ့လူအဖွဲ့အစည်း၏ မိသားတစု စီမံမှု ဓလေ့ထုံးတမ်း စဉ်လာကို မမေ့သင့်ပါ။ မိသားတစု စီမံ ဆုံးဖြတ်ချက်ကို ဘယ်ဥပဒေနှင့်မျှ ဘယ်တရား ရုံးကမျှ ပယ်ဖျက်၍ မရပါ။ ညီကိုမောင်နှမ စိတ်ထားကို အရင်းခံသင့်ပါ သည်။ ငါတကော ကောလို့မရပါ။ တဖက်သတ် ဘက်လိုက်မှု ကင်းရ ပါသည်။ လောကပါလ တရားကို လက်ကိုင်ထား ရပါမည်။ အလိုအလျောက် ကိုယ့်သဘောနှင့်ကိုယ် လက်ခံပြီးသား ဖြစ်ရပါမည်။ အတင်းအဓမ္မ လုပ်ရပ်အားလုံး ရှောင်ကြဉ် ရပါမည်။ လက်နက်အားကိုး ခြိမ်းခြောက်ခြင်းများ ကင်းရပါသည်။ စစ် နှင့် ငြိမ်းချမ်းရေးမှာ ဆန့်ကျင်ဘက် ဖြစ်သည်ကို သတိမူ သင့်ပါသည်။ စစ်ကို လုံးဝ ရှောင်ခြားကြရန် အရပ်သား အစိုးရ ပေါ်ပေါက်မှ ဖြစ်ပါမည်။ စစ်အစိုးရ အဖြစ် ရာသက်ပန် အုပ်ချုပ်သွားရန်၊ ပြည်သူတရပ်လုံးအား စစ်ကျွန်ပြုရန် ပြဌာန်းထားသည့် (၂၀၀၈) ခုနှစ် တပြည်ထောင် ဥပဒေကို အသက်မသွင်းသင့်ပါ။ လုံးဝ ဖျက်သိမ်းပစ် ရပါမည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့စဉ်က လူမျိုးရေးပြဿနာ လုံးဝမရှိခဲ့ပါ။ မရှိခဲ့သည့် ပြဿနာကို လွတ်လပ်ရေး ရပြီးမှ ပြဿနာဖြစ်အောင် မည်သူ ဖန်တီးပါသနည်း။ ကျော်ငြိမ်း က အစ နေ၀င်း၊ သန်းရွှေ စစ်အုပ်စု အဆက်ဆက်က ဖန်တီးခဲ့၍ ဖြစ်သည်။ လူမျိုးရေး ပြဿနာ အားလုံးကို ဖြေရှင်းချင်လျှင် လွတ်လပ်ရေး တိုက်ပွဲ ၀င်ခဲ့စဉ်က အတိုင်း ဘုံရန်သူ၊ ဘုံပစ်မှတ် တခုတည်း အဖြစ် နအဖ စစ်အုပ်စုကို အမြစ်ဖြုတ်ပစ်မှ ဖြစ်ပါမည်။ လွှတ်တော်ထဲဝင်ပြီး ဖွဲ့စည်းပုံပြင်ပါ ပြောစကားမှာ ပြင်ဆင်ရန်တင်းကြပ်လွန်းသည့် အခြေခံ ဥပဒေကြောင့် မည်သူမျှ အယုံအကြည်မရှိပါ။ လူမျိုးစု လက်နက်ကိုင် အပစ်ရပ်အဖွဲ့ (၁၃) ဖွဲ့ စုပေါင်း၍ ညောင်နှစ်ပင် နအဖ ညီလာခံတွင် တရားဝင် တင်ပြချက်များကို သတိရသင့်ပါသည်။ တရားဝင်တင်ပြခဲ့သည့် အချက်(၇) ချက်စလုံးကို လုံးဝပစ်ပယ်ပြီး ထည့်သွင်း စဉ်းစားခြင်းမပြုခဲ့ပါ။ နအဖ တင်ပြခဲ့သည့် (၁၀၄) ချက်ထဲတွင်လည်း မပါ၊ ညီလာခံ ဆုံးဖြတ်ချက်လည်း မဟုတ်သော ပုဒ်ထီး ပုဒ်မများကို (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံထဲတွင် နအဖ စစ်အုပ်စု အလိုကျ တဖက်သတ် ထည့်သွင်း ပြဌာန်း ထားသည်ကို တွေ့ရပါသည်။ (၂၀၀၈) ဖွဲ့စည်းပုံ မူကြမ်းကို ပြည်သူ လူထုသို့ ရှင်းပြ ဆွေးနွေးခြင်းလည်း မပြု၊ ဆန္ဒ တောင်းခံခြင်းလည်း မရှိဘဲ တဖက်သတ် အတည်ပြုခဲ့သည်။ နအဖ ပြုသမျှ နု ကြရမည် ဆိုလျှင် စစ်ကျွန်ပြုခြင်း ခံရပါတော့မည်။

ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်နေသည့် တိုင်အောင် မည်သူမဆို အခွင့် အရေး မရှိသူ တဦးဖြစ်ကြောင်း (နအဖ) အကြောင်းပြချက်ဖြင့် ထုတ်ပစ်နိုင်ရန် ပြဌာန်း ထားသည့် ပုဒ်မ (၂) ခု ကို တွေ့ရှိရ ပါသည်။ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ (၈၈) ။ ။ ပြည်ထောင်စု လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ် နေရာအချို့ လစ်လပ် နေစေကာမူ ပြည်ထောင်စု လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့် ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူ တဦး က ပြည်ထောင်စု လွှတ်တော် အစည်းအဝေသို့ တက်ရောက်ခြင်း၊ ဆန္ဒ မဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

ပုဒ်မ (၁၃၁) ။ ။ ပြည်သူ့ လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့ လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူ တဦး က ပြည်သူ့ လွှတ်တော် အစည်း အဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒ မဲပေးခြင်း သို့မဟုတ် လွှတ်တော် လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင် ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များ သည် ပျက်ပြယ်ခြင်း မရှိစေရ ဟု ဖော်ပြထားသည်။

ဥပဒေ အရာတွင် တိကျရသည်။ အခွင့်အရေး မရှိသူကို တက်ရောက်ခွင့်ကို မပေးရပါ။ နောင်အခါတွင်မှ စစ်ဆေး တွေ့ရှိစေကာမူ ဟု နောက်နောင်မှ စစ်ဆေး၍ အခွင့်အရေးမရှိကြောင်း ကြေညာနိုင်ရန် တဖက်လှည့်ဖြင့် ပြဌာန်း ထားခြင်း ဖြစ်ပါသည်။ နအဖ စစ်အုပ်စုက သူတို့လူကို သူတို့ကိုယ်တိုင် ခွင့်ပြုထားပြီး (အခွင့်အရေးမရှိဘဲ) သူတို့ လိုချင်သည့် ဆုံးဖြတ်ချက် ရယူကာ စစ်အုပ်စု သဘောအကြိုက် မလိုက်သည့် အချိန်တွင် ဖြုတ်ပစ်နိုင်ရန် ကြိုတင် အကွက်ဆင် ပြဌာန်းထားခြင်း ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ အာဏာ လည်ပတ်မှု ပန်ကာ ထိပ်မှ ဘု ပုဒ်မ- (၂) ခု ကို တွေ့နေရပါသည်။

ဥပဒေ အရေးအသားမှာ တည့်မတ် မှန်ကန်ရေးကို အလေးထား၍ လိုရင်း တိုရှင်း ပွင့်ပွင့် လင်းလင်း ရေးရပါ မည်။ တရားမျှတမှုကို ဖော်ပြရာတွင် ဖြောင့်စင်း ရသည်။ ရှုပ်ရှုပ် ထွေးထွေး လိမ်ညာ လှည့်ပတ်လိုသည့် သဘော ကင်းစင် ရပါသည်။ တရားမျှတမှု မရှိ ၊ ဥပဒေနှင့် မတူရုံသာမက ဘာသာ စကားအရလည်း အဓိပ္ပာယ်မပေါက်၊ ၀ါကျ လည်း မမှန် ညံ့ဖျင်းသည့် အရေးအသားများဖြင့် မှတ်တမ်း တင်ထားခြင်းမှာ နိုင်ငံတနိုင်ငံ၏ စာပေ ယဉ်ကျေးမှု ရေချိန် ကို အလွန်နိမ့်ကျ စေပါသည်။ နိုင်ငံတကာ အလယ်တွင် ပျက်ရယ်ပြုခြင်း ခံရပါမည်။ အင်မတန် ရှက်စရာ ကောင်းပါ သည်။ နအဖ စစ်အုပ်စုကြောင့် အောက်တန်း နောက်တန်း ရောက်သွားပေတော့မည်။ ထို့ကြောင့် ဥပဒေ မဟုတ် သော (၂၀၀၈) ခုနှစ် ပြဌာန်းချက် များ၏ ပြင်မရသော အမှားများကို ဖျက်ပစ်ရမည် မှတပါး တခြားမရှိပြီ။


မလေးရှားရောက် ရခိုင်လူမျိုးများရေး UNHCRရုံးရှေ့တွင် တောင်းဆိုခဲ့ကြ

မိုးမိုးကျော်

ဇွန်(၇)၊ ၂၀၁၀။

လူမျိုးရေး ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်ရန်နှင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် (UNHCR) အား မလေးရှားရှိ ရခိုင်လူမျိုးများက ဆန္ဒပြ တောင်းဆိုနေကြစဉ်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ယနေ့ ဇွန်လ (၇) ရက်နေ့ နံနက်ပိုင်းက မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုး (၇၀) ကျော်ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှု တခု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ရခိုင်လူမျိုးများအပေါ် ခွဲခြား ဆက်ဆံမှုများအား ရပ်တန့်စေရန် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အား တောင်းဆို ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် အဓိက ပါဝင် လှုပ်ရှားခဲ့သူ တဦးဖြစ်သည့် ကိုမင်းမင်းထွန်းက Arakan Review သို့ ပြောသည်။

“ဒီမှာ ရှိနေကြတဲ့ ရခိုင်လူမျိုးတွေကို (UNHCR) က ဒုက္ခသည် အဖြစ် အသိအမှတ် မပြုပေးဘူး၊ ကျနော်တို့ ဒီမှာ နေရတဲ့ အခြေအနေက ဘ၀အတွက် လုံးဝ လုံခြုံမှု မရှိသလို ဖြစ်နေတယ်။ ပြသနာ တစုံတရာ ဖြစ်လာရင် လည်း စောင့်ရှောက် ကူညီပေးမှု မရှိဘူး။ တခြား လူမျိုးတွေ အပေါ် (UNHCR) က ဆက်ဆံတာတွေနဲ့ ကျနော်တို့ ရခိုင် လူမျိုး တွေ အပေါ် ဆက်ဆံတာ လုံးဝ ခြားနား နေတယ်။ အဲဒါ ဘာကြောင့်လဲ စဉ်းစားလို့ကို မရဘူး။ ဒါကြောင့် (UNHCR) ကို ကျနော်တို့ ဒီနေ့မှာ တောင်းဆို ခဲ့တယ်။ လူမျိုးရေး ခွဲခြား ဆက်ဆံမှု တွေ မပြုလုပ်ကြဖို့ အတွက်ပေါ့၊ ပြီးတော့ ကျနော်တို့ မလေးရှားမှာ ရောက်ရှိနေကြတဲ့ ရခိုင်လူမျိုး ဒုက္ခ သည်တွေကို တရားဝင် ဒုက္ခသည် အဖြစ် အသိအမှတ် ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ ကြတာပါ” ဟု သူက ပြောသည်။

မလေးရှား နိုင်ငံတွင် ရခိုင်လူမျိုး ဒုက္ခသည် (၁၀၀၀၀) ကျော် ခန့် ရှိကြောင်း အဆိုပါ ရခိုင် လူမျိုးများအား ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည် အဖြစ် တရားဝင် အသိအမှတ် မပြုဘဲ ဒုက္ခသည် အစစ်အမှန် မဟုတ်ဟု စွပ်စွဲ ထားကာ ယင်း ဒုက္ခသည် ရခိုင် လူမျိုးတို့အား အကာအကွယ် ပေးမှု လုံးဝ မရှိ ကြောင်း သိရှိရသည်။

ဆန္ဒပြ တောင်းဆို ရာတွင် “ မလေးရှားရောက် ရခိုင် ဒုက္ခသည် များအား (UNHCR) မှ အသိအမှတ် ပြုပြီး ကူညီ စောင့်ရှောက်ရန်၊ မလေးရှားရှိ ထောင်နှင့် ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်း ခံထားရသော ရခိုင် ဒုက္ခသည်များအား (UNHCR) မှ သွားရောက် ကူညီ ဖြေရှင်း ပေးရန်နှင့် (UNHCR) ရုံးတွင် ရခိုင် ဘာသာပြန် ထားရှိရန်” စသည့် အချက် သုံးချက်ကို အဓိက တောင်းဆို ဆန္ဒပြခဲ့ ကြကြောင်း သိရှိရသည်။

ကွာလာ လမ်ပူမြို့ရှိ (UNHCR) ရုံးရှေ့တွင် ဆန္ဒပြ တောင်းဆို နေစဉ်တွင် မလေးရှားနိုင်ငံရှိ လုံခြုံရေး ရဲများက ဆန္ဒပြ အုပ်စုများ၏ အနီးအနားတွင် နေရာ ယူကာ စောင့်ကြည့် နေခဲ့ကြကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက် သုံးချက်အား (UNHCR) ရုံးမှ တာဝန် ရှိသူ တဦးက စဉ်းစားပေးမည်ဟု ပြောကြားခဲ့ ကြောင်း ကိုမင်းမင်းထွန်းက ဆက်လက် ပြောသည်။

“ကျနော်တို့ ဆန္ဒပြလို့ ခဏအကြာမှာ (UNHCR) ရုံးက တာဝန် ရှိတဲ့သူ တဦး ထွက်လာပြီး ကျနော်တို့ တောင်းဆို ချက် တွေနဲ့ ပတ်သက်လို့ စဉ်းစား ပေးမယ်လို့ ပြောတယ်၊ သူ ပြောတာကို ကျနော် ယုံတယ်။ မလေးရှားမှာ ရှိနေတဲ့ ရခိုင်လူမျိုး ဒုက္ခသည် (၁၀၀၀၀) ကျော် အတွက် သူတို့ တခုခု စီစဉ် ပေးလာလိမ့်မယ် ဆိုတာ။ တကယ်လို့ အဲဒီ တောင်းဆို ချက်တွေ အပေါ်မှာ ဘာတခုမှ လိုက်လျော ပေးတာမရှိဘူး၊ ဆောင်ရွက် ပေးတာ မရှိခဲ့ဘူး ဆိုရင်တော့ ကျနော်တို့ ထပ်ပြီး တောင်းဆို သွားမယ်” ဟု သူက ပြောသည်။

ရခိုင် လူမျိုးများသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် များ၏ မတရားသော အုပ်ချုပ်မှု စနစ်များကြောင့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း၊ ယင်းသို့ ထွက်ပြေး တိမ်းရှောင် နေကြရသော ရခိုင် လူမျိုးများသည် မြန်မာနိုင်ငံတွင် ခွဲခြား ဆက်ဆံခံရသည် သာမကပဲ ယခုကဲ့သို့ ကမ္ဘာ့ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ခွဲခြား ဆက်ဆံမှုကိုပါ တဆက်တည်း ခံစား နေရသည့် အတွက် ကြောင့် (UNHCR) ၏ ရခိုင် လူမျိုးများ အပေါ် ခွဲခြား ဆက်ဆံ ရသည့် အဓိက အကြောင်း အရင်းအား မည်သည် အတွက်ကြောင့် ဆိုသည်ကို ဆက်စပ်၍ မရနိုင် လောက်အောင် ဖြစ်ရသည်ဟု ရခိုင်လူမျိုး အများစုက ဝေဖန် သုံးသပ် နေကြသည်ဟု သိရှိရသည်။

Sunday, June 6, 2010

ဖက်ဒရယ်-နှင့်-မြန်မာ့နိုင်ငံရေး

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP