Saturday, July 24, 2010
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် (၁၉ဝ၉-၂ဝဝ၉)
| |
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်
(ရာပြည့်အမှတ်တရ ၁၉ဝ၉-၂ဝဝ၉)
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့သည် မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် ဦးသန့်၏ နှစ်တစ်ရာပြည့် ဖြစ်သည်။
ဦးသန့်သည် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြှင့်တင်ခဲ့သလို မြန်မာနိုင်ငံ၏ဂုဏ် သတင်းကိုလည်း ထင်ရှားကြီးမားစေ အောင်စွမ်းဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးသည် ကမ္ဘာတွင်အကြီးမားဆုံးနှင့် တာဝန် အရှိဆုံးနေရာဖြစ်သည်။ အာရှတိုက် မှပထမဦးဆုံးမြန်မာနိုင်ငံသားတစ်ဦး က ထိုရာထူးနှင့်တာဝန်ကို ထမ်း ဆောင်ခွင့်ရသည်မှာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံအတွက် ကြီးမြတ်သော ဂုဏ်သိက္ခာပင်ဖြစ်ပေသည်။
ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသော်တို့မှ ၁၉ဝ၉ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်မွေးဖွား ခဲ့သည်။ မွေးချင်းညီအစ်ကိုလေးဦး ရှိသည့်အနက် ဦးသန့်မှာ အစ်ကို အကြီးဆုံးဖြစ်သည်။ သူ့အောက် တွင် ဦးခန့်၊ ဦးသောင်းနှင့် ဦးတင် မောင်ညီသုံးဦးရှိကြသည်။ အသက် ၂၆ နှစ်တွင် ဒေါ်သိန်းတင်နှင့်လက် ထပ်ခဲ့ရာ သမီးကြီးအေးအေးသန့်နှင့် သားငယ် တင်မောင်သန့် နှစ်ဦးမွေး ဖွားခဲ့သည်။ ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သားငယ်တင်မောင် သန့်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် မီးပွိုင့်အနီးတွင် ဘတ်စ် ကားပေါ်မှ လိမ့်ကျသေဆုံးခဲ့သည်။
ဦးသန့်သည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သူတစ်ဦးဖြစ် သည်။ သူငယ်ချင်းဖြစ်သူ နိုင်ငံ တော်ဝန်ကြီးချုပ်ဦးနုက ¤င်း၏ အစိုးရအဖွဲ့အစည်းတွင် တာဝန်ပေး ထမ်းဆောင်စေခဲ့သည်။ ထို့ကြောင့် ဦးသန့်သည် ဦးနုလက်ထက်တွင် လည်းကောင်း၊ ဗိုလ်ချုပ်ကြီးဦးနေ ဝင်းအစိုးရလက်ထက်တွင်လည်း ကောင်း နိုင်ငံတာဝန်များကို ကျေပွန် စွာထမ်းဆောင်နိုင်စွမ်းခဲ့သလို ကမ္ဘာ့ နိုင်ငံများ၏အလယ်တွင်လည်းအဆင့် အမြင့်ဆုံးဖြစ်သော ရာထူးဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ စွမ်းစွမ်းတမံထမ်း ဆောင်နိုင်ခဲ့ပေသည်။
ဦးသန့် ပြည်တွင်းအစိုးရ
အဖွဲ့အစည်းများတွင်
ထမ်းဆောင်ခဲ့သောတာဝန်များမှာ
၁။ ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေး ပြန်လည်စုစည်းမှုတွင် အတွင်းရေးမှူးတာဝန်။
၂။ ၁၉၄၇ ခုနှစ်တွင် သတင်းနှင့်စာ နယ်ဇင်းညွှန်ကြားရေးမှူးတာဝန်။
၃။ ၁၉၄၈ ခုနှစ်တွင် ပြန်ကြားရေး ဌာန၊ ညွှန်ကြားရေးဝန်။
၎။ ၁၉၅၁ ခုနှစ်တွင် သမိုင်းကော်မ ရှင်နှင့် ဘာသာပြန်စာပေအသင်း။
၅။ ၁၉၅၂ ခုနှစ်တွင်ရုပ်ရှင် အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌတာဝန်။
၆။ ၁၉၅၂ခုနှစ်တွင် ပြည်တော်သာ ၈ နှစ်စီမံကိန်းရေးဆွဲရေးတာဝန်။
၇။ ၁၉၅၃ ခုနှစ်တွင် ဝန်ကြီးချုပ်ရုံး စီမံကိန်းအတွင်းဝန်။
၈။ ၁၉၅၅ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ အတွင်းဝန်ရာထူးနှင့် စီးပွား ရေးနှင့်လူမှုရေးဘုတ်အဖွဲ့ အတွင်း ဝန်။
ဦးသန့် မြန်မာနိုင်ငံ၏ ပြင်ပတွင် ထမ်းဆောင်ခဲ့သော တာဝန်များ
၁။ ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး။
၂။ ၁၉၆ဝ ခုနှစ်တွင် ကုလသမဂ္ဂ ရန်ပုံငွေတိုးပွားရေးအဖွဲ့၏ ဥက္ကဋ္ဌ။
၃။ ၁၉၆၂ ခုနှစ်တွင် ရုတ်တရက် လေယာဉ်ပျက်ကျသေဆုံးသွားသော ဒုတိယမြောက် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ခ်ဟမ္မား ရှိုးလ်၏ ကျန်ရစ်သောသက်တမ်း အတွက် ယာယီအတွင်းရေးမှူးချုပ် တာဝန်။
၎။ ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် တရားဝင်ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်တာဝန် (၁၉၇၁ ဒီဇင်ဘာ ၃၁ ရက်အထိ)။
ဦးသန့်ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ပါရဂူ (ဒေါက်တာဘွဲ့)များ
၁။ ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင် ဘွဲ့
၂။ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီဘွဲ့
၃။ ၁၉၅၇ ခုနှစ်တွင် စည်သူဘွဲ့
၎။ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည် သူဘွဲ့။
ပါရဂူ (ဒေါက်တာဘွဲ့များ)
၁။ ယူနီဗာဆယ်လ်ဘုရားရှိခိုး ကျောင်း (၁၉၇ဝ၊ မေ ၁၁ရက်)
၂။ ဖလော်ရီဒါတက္ကသိုလ်မှ နိုင်ငံ တကာဥပဒေမဟာဘွဲ့ (၁၉၇၁၊ ဇန်နဝါရီ ၂၅ ရက်)
၃။ ကော်နီတိကပ်ဟတ်ထ်ဖော့စ် တက္ကသိုလ်မှ ဥပဒေမဟာဘွဲ့ (၁၉၇၁၊ နိုဝင်ဘာ ၂၃)
၎။ နယူးယောက် ဟာမင်လ်တန် တက္ကသိုလ်ကောလိပ်မှ မြို့ပြဆိုင်ရာ ဥပဒေမဟာဘွဲ့ (၁၉၇၁ ခုနှစ်)
၅။ မြောက်ကယ်ရိုလိုင်းနားဒါဟမ်မှ ဒုစ်တက္ကသိုလ် Humane Letters ပါရဂူဘွဲ့
၆။ အိန္ဒိယနိုင်ငံမှ ချီးမြှင့်သော နေရူးဆု (၁၉၆၆)။
ပြည်ပကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များမှရရှိခဲ့သော အယ်လ်အယ်လ်ဒီ LLD ဘွဲ့များ
၁။ ကနေဒါနိုင်ငံ အာလီတန်တက္က သိုလ် (၁၉၆၂၊ မေ ၂၅)
၂။ နယူးဂျာစီပြည်နယ် ပရင့်စတန် တက္ကသိုလ် (၁၉၆၂၊ ဇွန် ၁၂)
၃။ မက်ဆာချူးဆက်ပြည်နယ် ဝီလီ ယမ်ကောလိပ် (၁၉၆၂၊ ဇွန် ၁ဝ)
၎။ မက်ဆာချူးဆက်ပြည်နယ် ဟတ် ဒလေတောင်ပိုင်း၊ မောင့်ဟိုလ် ယုတ်ခ်ကောလိပ် (၁၉၆၃၊ ဇွန် ၂)
၅။ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ခ်ျရှိ ဟားဗတ်တက္ကသိုလ် (၁၉၆၃၊ ဇွန် ၁၃)
၆။ နယူးဟမ်ရှိုင်းယားပြည်နယ် ဟင်နိုဘာရှိဒက်မောကောလိပ် (၁၉၆၃၊ ဇွန် ၁၆)
၇။ ကယ်လီဖိုးနီးယားတက္ကသိုလ် (၁၉၆၄၊ ဧပြီ ၂)
၈။ ဒင်ဘာတက္ကသိုလ်၊ ကော်လိုရာဒို (၁၉၆၄၊ ဧပြီ ၃)
၉။ ပင်ဆီဗေးနီးယားပြည်နယ်၊ ဆွပ်မိုးကောလိပ် (၁၉၆၄၊ ဇွန် ၈)
၁ဝ။ နယူးယောက်တက္ကသိုလ် (၁၉၆၄၊ ဇွန် ၁ဝ)
၁၁။ မော့စ်ကိုတက္ကသိုလ် (၁၉၆၄၊ ဇူလိုင် ၃ဝ)
၁၂။ အွန်တာရီယို ကင်းစတန်း ဘုရင်မတက္ကသိုလ် (၁၉၆၅၊ မေ ၂၂)
၁၃။ ဝါတာဗီး***ရှိ ကောလ်ဘိုင် ကောလိပ် (၁၉၆၅၊ ဇွန် ၆)
၁၄။ ယေးလ်တက္ကသိုလ် (၁၉၆၅၊ ဇွန် ၁၄)
၁၅။ ဟယ်လ်မင်တန်ကောလိပ်၊ နယူးယောက် (၁၉၆၆၊ ဇွန် ၅)
၁၆။ မင်ဟက်တန်ကောလိပ်၊ နယူးယောက် (၁၉၆၆၊ ဇွန် ၁၄)
၁၇။ မီချီဂန်တက္ကသိုလ် (၁၉၆၇၊ မတ် ၃ဝ)
၁၈။ ဒေလီတက္ကသိုလ်၊ အိန္ဒိယ (၁၉၆၇၊ ဧပြီ ၁၃)
၁၉။ ဘယ်လ်ဂျီယံ လိုဗိန်း တက္ကသိုလ် (၁၉၆၈၊ ဧပြီ ၁ဝ)
၂ဝ။ အယ်လ်ဘာတာတက္ကသိုလ်၊ ကနေဒါ (၁၉၆၈၊ မေ ၁၃)
၂၁။ ဘော့စ်တန်တက္ကသိုလ် (၁၉၆၈၊ မေ)
၂၂။ ရူးဂါးစ်တက္ကသိုလ်၊ နယူးဂျာစီ (၁၉၆၈၊ မေ ၂၉)
၂၃။ ဒပ်ဘလင်တက္ကသိုလ်၊ အိုင်ယာလန် (၁၉၆၈၊ ဇူလိုင် ၁၂)
၂၄။ လားဗားလ်တက္ကသိုလ်၊ ကနေဒါ (၁၉၆၉၊ မေ ၃၁)
၂၅။ ဖိလစ်ပိုင်တက္ကသိုလ် (၁၉၇ဝ၊ ဧပြီ ၁၁)
ဦးသန့်သည် ကမ္ဘာ့နိုင်ငံအရေး အခင်းပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အောင်မြင် စွာဖြေရှင်းနိုင်ခဲ့သော ခေါင်းဆောင် ကောင်းတစ်ယောက် ဖြစ်သည့်အ တွက်မြန်မာနိုင်ငံတွင်မက ကမ္ဘာ့ နိုင်ငံခေါင်းဆောင်အကြီးအကဲများ၊ ကမ္ဘာ့ပြည်သူများကပါ ချီးကျူးဂုဏ် ပြုခြင်း၊ လေးစားရိုသေခြင်းခံရသူ၊ ကမ္ဘာ့ခေါင်းဆောင်ကောင်း လူကြီး လူကောင်းတစ်ယောက် အဖြစ်မှတ် တမ်းတင် သမိုင်းကမ္ပည်းတင်ခံရသူ ဖြစ်ခဲ့ပါသည်။
၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည် ထောင်စုတွင် နေထိုင်ရင်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ် လွန်ချိန်တွင် ဇနီးဒေါ်သိန်းတင်နှင့် သမီးကြီးအေးအေးသန့်တို့ ကျန်ရစ် ခဲ့သည်။
ဦးသန့်၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ သယ်ဆောင်လာပြီး ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ဗိုလ် ချုပ်အောင်ဆန်း၏ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည်ဂူဗိမာန်၊ စုဖုရား လတ်ဂူဗိမာန်တို့နှင့်အတူ အမှတ် တရဂူဗိမာန် တည်ဆောက်ထား သည်။
ဦးသန့်ကဲ့သို့ မြန်မာ့သား ကောင်းရတနာများ ပေါ်ထွန်းနိုင်ကြ ပါစေ။
ရည်ညွှန်း (၁) တက္ကသိုလ်စိန်တင်၏
ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်စာအုပ်
(၂) ဖြိုးသာရ ၏
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးများစာအုပ်
Thursday, July 22, 2010
နိုင်ငံတော်နှင့် အစိုးရ
နိုင်ငံတော်လို့ဆိုလိုက်ရင် ခိုင်မြဲသောသဘောဆောင်သွားပါတယ်။ နိုင်ငံတော်မှာ အစိုးရအဖွဲ့ဆိုတာ ရှိရပါတယ်။ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအတွက် တရားရုံး၊ အေးချမ်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဆိုတာတွေ ထားရပါတယ်။ ဒါတွေကိုထားဖို့လိုတယ်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်သလို၊ မရှိမဖြစ်အနေနဲ့ အားလုံးက လက်ခံထားကြရတဲ့ သတ်မှတ်ချက်လည်းဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ ဥပဒေချမှတ်ဖို့၊ ချမှတ်ထားတဲ့ဥပဒေကို လိုက်နာဖို့ဆိုတာတွေကလည်း ဖွဲ့စည်းသတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မလွဲမသွေ လုပ်ဆောင်ကြရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတာ ပထ၀ီအနေအထားအရ သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာ "တိုင်းပြည်" လည်းဖြစ်နိုင်သလို "လူမျိုး" လည်း ဖြစ်နိုင်ပါတယ်။
"အစိုးရ" ဆိုတာကတော့ ဥပဒေပြုခြင်း၊ ဥပဒေကို အကောင်အထည်ဖော်ခြင်း၊ ဥပဒေကို လိုက်နာစေခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်။ အစိုးရဆိုတာကို ကျဉ်းမြောင်းတဲ့အမြင်နဲ့ကြည့်လိုက်ရင် နိုင်ငံတော်ရဲ့အာဏာကို ချုပ်ကိုင်ထားတဲ့ အဖွဲ့လို့မြင်ကြပါလိမ့်မယ်။ ဒီလိုပြောရတာကလည်း အစိုးရဖွဲ့ကြဟေ့လို့ အခွင့်ရလိုက်တာနဲ့ ရလိုက်တဲ့ အုပ်စုတစ်စု သို့မဟုတ် ပါတီတစ်ပါတီက နိုင်ငံတော်ကြီးတစ်ခုလုံးကို သူစွဲကိုင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒသဘောတရားတွေ၊ စနစ်တွေနဲ့ အကောင်အထည်ဖော်ပြီး တည်ဆောက်ကြရပါတော့တယ်။
အစိုးရဆိုတာ သူတို့အဖွဲ့ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ဥပဒေတွေအတိုင်း ပြည်သူပြည်သားတွေ လိုက်နာနိုင်အောင် လုံခြုံမှုပေးနိုင်ရပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးလို့ လွယ်လွယ်နဲ့သုံးလိုက်ရင် သဘောပေါက်လိမ့်မယ် ထင်ပါတယ်။ အစိုးရအနေနဲ့ သူဖန်တီးချင်တဲ့ မူဝါဒသဘောတရားတွေ၊ စနစ်တွေအောင်မြင်ဖို့ အပိုင်းနှစ်ပိုင်းနဲ့ လုပ်ဆောင်ကြရပါတယ်။ ပထမတစ်ပိုင်းက "အာဏာ" ဖြစ်ပါတယ်။ အာဏာဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တာကို မဖြစ်မနေလိုက်နာကြရအောင် မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ့်ကို မုန်းနေတဲ့သူကို ပြုံးပြပြီး သွားခိုင်းနေလို့ အောင်မြင်ချင်မှာပေါ့။ အာဏာကိုတည်မြဲစေဖို့ အမိန့်ဆိုတာကို သုံးသင့်ရင်သုံးရပါတယ်။ ငါတို့ ဒါတွေ ဆုံးဖြတ်ထားတယ်။ လိုက်ကိုလိုက်နာရမယ်။ သူလိုက်နာပြီး ငါမလိုက်နာဘူးဆိုတာမျိုး မရှိစေရပါဘူး။ မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုးတွေကိုလည်း ပြဌာန်းပေးကြရပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ သဘောတရားတွေကို အောင်မြင်ချင်ရင် အာဏာကို ကျင့်သုံးရတာဟာ နိုင်ငံရေးမှာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။
အာဏာကိုလက်ကိုင်ထားပြီး သုံးခွင့်ရှိတဲ့ အစိုးရအနေနဲ့ ဥပဒေကို မလေးစားမလိုက်နာသူတွေ ကြောက်လောက်တဲ့ အနေအထား၊ အရှိန်အ၀ါလည်း ရှိနေရပါလိမ့်မယ်။ ဘိန်းစားကနေ ကံကောင်းလို့ ဘုရင်တက်ဖြစ်တဲ့ခေတ် မဟုတ်ပါဘူး။ ဖုတ်သွင်းရထားဆိုက်လာလို့ ဘုရင်လုပ်မယ်ဆိုတာမျိုးလည်း မရှိတော့ပါဘူး။ ပညာမတတ်၊ အရည်အချင်းမရှိသူတွေက တိုင်းပြည်အာဏာလိုချင်ပါတယ်လို့ အော်နေတိုင်းလည်း ပြည်သူအများရဲ့အကျိုးအတွက် ၀ကွက်အပ်လို့ မရပါဘူး။ အာဏာကို အစိုးရသာ သုံးခွင့်ရှိတယ်ဆိုတော့ အရည်အချင်းပြည့်ဝတဲ့ အစိုးရဆိုတာ ဘယ်ကနေလာသလဲဆိုတာ သေချာစွာသုံးသပ်သင့်တဲ့ နိုင်ငံရေးကိစ္စဖြစ်လာရပါတော့တယ်။
ဒုတိယအနေနဲ့ အစိုးရမှာ အာဏာဆိုတာရှိသလို လုပ်ပိုင်ခွင့်လည်း ရှိတယ်လို့သိထားရပါမယ်။ အစိုးရဆိုတာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး ပြည်သူကို ထိန်းသိမ်းအုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အသုံးပြုခွင့်တွေဟာ ကိုယ်ကျင့်တရားနဲ့လည်း ဆိုင်ပါတယ်။ လူတစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းမှာဖြစ်စေ အပြန်အလှန် လေးစားလိုက်နာခြင်းဆိုတာ ရှိရပါတယ်။ လူရယ်လို့ဖြစ်လာကတည်းက ငါ သူပုန်ထဖို့ လူဖြစ်လာတာမဟုတ်ဘူးလို့ သဘောပေါက်ထားရပါမယ်။ လူ့ဘောင်အဖွဲ့အစည်းနဲ့နေသူတွေဖြစ်လို့ လူ့ဘောင်က သတ်မှတ်ချက်တွေကို လိုက်နာကြရပါလိမ့်မယ်။ လူသားရယ်လို့ဖြစ်လာကတည်းက အခြေခံလိုက်နာရမယ့်စံတွေကို သတ်မှတ်ပြီးသားဖြစ်နေလို့ ဘောင်ထဲကထွက်ချင်လို့လည်း မရပါဘူး။ ဘောင်ထဲကနေ ကိုယ်သန်ရာ ကိုယ်ပြောပြီး ငါတကောကောနေလည်း မောရုံပဲရှိပါလိမ့်မယ်။ နိုင်ငံသားဆိုတာ အစိုးရအုပ်ချုပ်ခြင်းကို လေးစားလိုက်နာရပါလိမ့်မယ်။ ကိုယ်လူဖြစ်နေရတဲ့လောကမှာ ကိုယ်က ဘာမှမဟုတ်ရင် အုပ်ချုပ်မှုကိုခံရတာ သဘာဝပါပဲ။
လွတ်လပ်သော ဒီမိုကရေစီစနစ်မှာ အာဏာဆိုတာ လုပ်ပိုင်ခွင့်နဲ့ အတူယှဉ်တွဲပြီး ပေါ်ပေါက်လာရပါတယ်။ အစိုးရဆိုတာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို လိုက်နာစောင့်ထိန်းကြရတဲ့သူတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခွင့်အာဏာဆိုတာ ပြည်သူက ပေးအပ်ထားလို့ပဲဖြစ်ပါတယ်။ ဒီတော့ တရားဥပဒေနဲ့ အာဏာသက်ရောက်စေဖို့ တရားရုံးတွေ ပေါ်လာရတယ်။ ပြဌာန်းထားတဲ့ ဥပဒေကို မလိုက်နာရင် အရေးယူကြရပါတယ်။ ဖောက်ဖျက်ကျူးလွန်သူတွေကို ရဲတွေက ဖမ်းဆီး အရေးယူပေးကြရပါတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့် ကင်းကွာသွားချိန်ဟာ နိုင်ငံရေးမတည်ငြိမ်ချိန်နဲ့ အကြမ်းဖက်လိုမှုတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆန့်ကျင်ပုန်ကန်မှုတွေ ဖြစ်ပေါ်လာရင်၊ လက်ရှိ အစိုးရကို ခြိမ်းခြောက်လိုမှုတွေဖြစ်လာရင်၊ ဥပဒေကို မလိုက်နာရင် အချုပ်အခြာအာဏာကို ထိပါးခြင်းလို့လည်း သတ်မှတ်နိုင်ပါတယ်။
(၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်းတွင် ပါရှိသည့် တင်ညွန့်ရေးသားသော နိုင်ငံရေးနှင့် နိုင်ငံရေးသမား ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။)
နိုင်ငံရေးဆိုသည်မှာ
နိုင်ငံရေးလို့ပြောရင် အာဏာဆိုတာလည်း မဖြစ်မနေ ထည့်ပြောရပါတယ်။ နိုင်ငံရေးဆိုသည်မှာ အုပ်ချုပ်မှုဆိုင်ရာ သိပ္ပံပညာဖြစ်သကဲ့သို့ ၀ိဇ္ဇာပညာလည်းဖြစ်သည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်၊ အုပ်ချုပ်မှုအပိုင်းတို့သည် သိပ္ပံနည်းကျ စီမံရသောကြောင့် သိပ္ပံပညာဖြစ်ပြီး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပေါင်းကူးဆက်ဆံရမှုများတွင် စောင့်ထိန်းအပ်သော တရားများကို လိုက်နာကြရခြင်းကြောင့် ၀ိဇ္ဇာပညာလည်းဖြစ်ပါသည်ဟု Oxford အင်္ဂလိပ် အဘိဓါန်မှာ ဖော်ပြထားပါတယ်။ Harold Lasswell (1936) ကလည်း နိုင်ငံရေးဆိုတာ ဘာကို၊ ဘယ်အချိန်မှာ၊ ဘယ်လို ရအောင်လုပ်ရမယ်ဆိုတာကို သိခြင်းလို့ ဆိုပါတယ်။ Bertrand de Jouvenal (1963) ကတော့ နိုင်ငံရေးဆိုတာ လူကို လူက မောင်းနှင်တဲ့စွမ်းအားတဲ့။ David Easton (1979) က နိုင်ငံရေးဆိုတာ အာဏာရှိသူက ခွဲဝေပိုင်းဖြတ်ပေးရသော တန်ဖို့ လို့ ဆိုထားပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများကို လမ်းညွှန်ပေးခြင်း၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ ၀ိဇ္ဇာ သို့မဟုတ် သိပ္ပံပညာ ဖြစ်သည်လို့ Oxford Concise Dictionary of Politics မှာ ဖော်ပြထားပါတယ်။ လူမှုရေးဆိုင်ရာသဘောအရတော့ နိုင်ငံရေးဆိုတာ တစ်ဦးတစ်ယောက်ကနေ စီမံအုပ်ချုပ်ရတာမျိုးလို့ဆိုရင် သဘောကျချင်မှ ကျကြပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်ချက်အရကတော့ ဒီလိုလုပ်ဆောင်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။
လူဆိုတာက စဉ်းစားမှု ရင့်သန်သူတွေဖြစ်လေတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး အတွေးအမြင်တွေ အတော်လေးကွဲပြား ကြပါတယ်။ အတိုက်အခံတွေလုပ်ကြတယ်။ သဘောထားတွေကွဲကြတယ်။ နိုင်ငံတော်ရဲ့ ပင်ကိုယ်သဘာဝကိုက မတူညီများ၊ ၀ိရောဓိများနှင့် မကင်းနိုင်တာကြောင့် နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်းလည်း စစ်ပွဲတွေ ဖြစ်နိုင်ပါတယ်။ ပိုင်ဆိုင်မှုတွေ မတူညီတာ၊ အလိုလောဘတွေကြောင့်လည်း စစ်တွေဖြစ်နိုင်ပါတယ်။ နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ကိုယ်မဟုတ်တာလုပ်တာကိုလည်း လူ့အခွင့်အရေးလို့ ကိုင်ပေါက်လိုက်ကြတော့တယ်။ လူတွေမှာကလည်း ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို လိုက်နာချင်သူရှိသလို အမြဲဆန့်ကျင်နေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိမိအကျိုးစီးပွားကို မထိခိုက်သရွေ့ အကောင်းမြင်တတ်ပြီး အကျိုးစီးပွားကိုထိခိုက်တာနဲ့ အခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ဖြစ်ကြပြန်တော့ နိုင်ငံရေးဆိုတာ လူ့အရေး၊ လူတိုင်းရဲ့အလိုဆန္ဒအရေးတို့ကို မဖြည့်ပေးနိုင်သေးသမျှ ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မ၀ဆိုသလို ဖြစ်နေမှာပါပဲ။
(၂၀၀၇ ဒီဇင်ဘာလထုတ် မျက်မှောက်ရေးရာမဂ္ဂဇင်းတွင် ပါရှိသည့် တင်ညွန့်ရေးသားသော နိုင်ငံရေးနှင့် နိုင်ငံရေးသမား ဆောင်းပါးမှ ကောက်နုတ်ထားပါသည်။ နိုင်ငံတော်နှင့် အစိုးရ အကြောင်းကိုလည်း ဆက်လက်ရေးသားပါဦးမည်။)
နိုင်ငံရေးနှင့် နိုင်ငံရေးသမား(၁၀)
ဘာကြောင့် စစ်တပ်က ကြားဝင်လာရသလဲ
စစ်တပ်ဆိုတာ ယေဘူယျပြောရရင် တိုင်းပြည်ရဲ့အာဏာကို ထိန်းသိမ်းရသူတွေလို့ ပြောရင်ရတယ်။ ဘယ်နိုင်ငံ ဘယ်လူ့အဖွဲ့အစည်းမှာမဆို နိုင်ငံရေးသမားတွေ ဗလောင်းဗလဲနဲ့ အပြောင်းအလဲတွေ လုပ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေချိန်တွေမှာ စစ်တပ်ဆိုတာ ၀င်လာရစမြဲ ဖြစ်နေတယ်။ ဒီမိုကရေစီအကြောင်းပြပြီး လက်သီး လက်မောင်းတန်းကာ တက်လာကြတဲ့ နိုင်ငံရေးသမားတိုင်းဟာ နောက်ဆုံးမှာ ငါ့ဖို့လမ်းစဉ်လိုက်ပြီး လာဘ်ပေး လာဘ်ယူတွေနဲ့ ဇာတ်လမ်းရှုပ်၊ အထုပ်တွေပြေမှ စားထား ၀ါးထားတာတွေ လျှံကျ၊ ဖုံးသမျှ ကုန်းမှပေါ်ဆိုတော့ ပြည်သူတွေကလည်း နိုင်ငံရေးနဲ့ နိုင်ငံရေးသမားဆိုရင် ကြောက်ချင်နေကြပါပြီ။ ဒါကြောင့်လည်း လူထုထဲမှာ နိုင်ငံရေးဆိုတာနဲ့ ငါတို့ကအပြည့်ပေးပြီး တို့ကို တစ်ဝက်မပြောနဲ့ တစ်စိတ်တောင် ပြန်ပေးမယ့်ကောင်တွေ မဟုတ်ဘူးဆိုပြီး ရွံကြောက်တွေ ဖြစ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှာ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေက လုပ်ချင်ရာလုပ်နေရင် စစ်တပ်က ကြားဝင်ဖို့သာ ပြင်ပေတော့လို့တောင် ပြောစမှတ်ပြုကြရတယ်။ နိုင်ငံရေးမှာ လူကောင်းရင်ကောင်း၊ လူမကောင်းရင် မူကောင်းမှ တော်ရုံကျတယ်လို့ ပြောကြတယ်။ ပါကစ္စတန်က လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ကလီးမင့်ဂျွန်ဆိုသူက အာရှက နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး ဒီလိုပြောသွားဖူးတယ်။
''အာရှတိုက်က ပြည်သူတွေဟာ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အမျိုးသားရေး၊ လူမျိုးရေး အမြင်ကျဉ်းမှု တွေကြောင့် နိုင်ငံရေးမှာ ရှုပ်ထွေးနေကြရတာ။ အယူအဆတွေ အမြင်တွေက အမျိုးမျိုး ဖြစ်နေတာကြောင့် အများဆန္ဒကို လိုက်နာရမယ်ဆိုတာတွေ သိပ်နားမလည်ကြဘူး'' လို့ ဝေဖန်သွားပါတယ်။
စစ်တပ်ဆိုတာ တစ်ဘက်သပ် ဆုံးဖြတ်ချက်တွေ၊ ကိုယ်လိုရာကိုဆွဲပြီး ဖြည့်ထားတာတွေ၊ အကြမ်းဖက် သတ်ဖြတ် လိုမှုတွေ၊ တရားမမျှတတဲ့ လမ်းညွှန်မှုတွေကို ရှိလာရင် တရားမျှတစွာနဲ့ ကြားဝင်ပေးရတဲ့ အဖွဲ့အစည်းဖြစ်ရတယ်။ စစ်တပ်ကတော့ အားလုံးရဲ့ အမြင်တွေ သဘောထားတွေကို လိုက်လံ ဖျန်ဖြေပေးနေမှာ မဟုတ်ပါဘူး။ လတ်တလော အကွဲကွဲ အပြားပြားနဲ့ တိုင်းပြည်ကြီး ကစဥ့်ကလျား မဖြစ်သွားအောင် ထိန်းသိမ်းပေးရမယ့် တာဝန်ကိုသာ ယူကြရပါလိမ့်မယ်။
တိုင်းပြည်မှာ ဖိနှိပ်ချုပ်ချယ်တယ်ဆိုတာ စစ်တပ်မှ လုပ်ကြတာမဟုတ်ဘူး။ အာဏာရ နိုင်ငံရေး ပါတီတွေလည်း အာဏာကို မဖြစ်မနေ ပြဋ္ဌာန်းရတော့မယ်ဆိုရင် အာဏာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သုံးကို သုံးကြရတယ်။ ဥပမာ တူရကီပြည်မှာ ဗိုလ်ချုပ်ဂါဆဲလ် အုပ်ချုပ်တုန်းက တိုင်းပြည်နှစ်ချမ်းကွဲဖို့ နိုင်ငံရေးသမားတွေ အားထုတ်လာကြတယ်။ ဒီအချိန်မှာ စစ်တပ် အုပ်ချုပ်ရေး မဟုတ်ဘဲ အရပ်သား အုပ်ချုပ်ရေးဆိုရင် ကျိန်းသေ အကြောင်းမဲ့သတ်ဖြတ်မှုတွေ ပေါ်လာနိုင်တယ်။ တိုင်းပြည်မှာ သူကခွဲမယ်၊ ငါကတွဲမယ်နဲ့ ညှပ်ပူးညှပ်ပိတ် ဖြစ်နေချိန်မှာ စစ်တပ်ကပဲ အခြေအနေ အရပ်ရပ်ကို ၀င်ထိန်းလိုက်ရတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် အက်စ်အီးဖင်းနားကတော့ လူမျိုးရေးပြဿနာတွေမှာ စစ်တပ်သာလျှင် ကြားဝင်ဖျန်ဖြေမှု အားပေးနိုင်ဆုံးလို့ ဆိုခဲ့ပါတယ်။ လူမှုရေးအဆင့်အတန်းနိမ့်လေ စစ်တပ်က ကြားဝင် ရလေဖြစ်တတ်တယ်။ စစ်တပ်ဘာကြောင့် ၀င်လာရသလဲဆိုရင် လူမှုရေးမှာသာမက နိုင်ငံရေးမှာပါ အဆင့်အတန်း မရှိကြလို့ ဖြစ်တယ် ဆိုပြီး ဖင်းနားက ဝေဖန်ထောက်ပြခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးသမားတွေကလည်း အသုံးမကျ၊ ဦးဆောင်ဦးရွက်မှုလည်း မပေးနိုင်၊ ရေသာများပြီး ငါးမတွေ့နိုင်တဲ့အဆုံးမှာ စစ်တပ်က ၀င်ထိန်းပေးရရုံသာမက အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးတွေကို မဖြစ်မနေ ပါဝင် ဆောင်ရွက်ပေးလာရတာတွေလည်း ရှိတယ်။ အရင်တုန်းက စစ်တပ်ထဲကို ပညာမတတ်သူတွေသာ ၀င်ကြတယ်လို့ ပြောကြတယ်။ ဒါ ဟိုးလွတ်လပ်ရေးမရမီ ခေတ်လောက်တုန်းက မှန်ကောင်း မှန်ပါလိမ့်မယ်။ နိုင်ငံဆူပူအုံကြွပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေချိန်မှာ စစ်သားတွေ စာသင်နေကြတယ်။ တိုင်းပြည်မှာ ကြိတ်မနိုင်ခဲမရတွေဖြစ်နေချိန်မှာ စစ်သားတွေ ဘွဲ့ယူကုန်ပြီ။ ဒေါက်တာတွေ ဖြစ်ကုန်ကြတယ်။ ငါနိုင်ငံရေးသမားကွလို့ သိမ်းကြုံးအော်နေသူတွေက ဆယ်တန်းတောင် မအောင်ချိန်မှာ တိုင်းပြည်ကို ထိန်းသိမ်းထားရတဲ့ စစ်သားတွေက ပညာတွေတတ်သမှ တစ်ဘွဲ့တောင် မဟုတ်။ နောက်က ဘွဲ့တွေ တန်းစီရနေကြပြီ။ တိုင်းပြည်ကို မငြိမ်းချမ်းအောင် ဆူပူအောင် ဆွသူတွေက ဆွလို့ ကျောင်းတွေ မဖွင့်နိုင်ချင်မှာပဲ အတတ်ပညာ၊ အသိပညာတွေကို ယောင်တောင်တောင် နိုင်ငံရေးသမားဆိုသူတွေ ထက်ပို၍ ပညာတတ်သောသူတွေက စိုးမိုးအုပ်ချုပ်နေကြပြီ ဖြစ်ပါတယ်။ ဒါဘာကြောင့် ဘယ်သူတွေ ကြောင့်လည်း ဆိုတာ အဖြေပြန်ရှာကြည့်ကြဖို့ လိုပါလိမ့်မယ်။
နိုင်ငံရေးသမားဋီကာ
မောင်ဝံသ
နိုင်ငံရေးသမား (Politician) နဲ့ နိုင်ငံပြုခေါင်းဆောင် (Statesman) ကို ခွဲခြားရှင်းပြတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖတ်ရှုလေ့လာကြပြီး နိုင်ငံရေးသမားတွေကို ကိုယ်ကျိုးရှာ သမားတွေလို့ ထင်မြင်ယူဆသူတွေ အတော်များနေတယ်ဗျ။ နိုင်ငံရေးဆောင်ရွက်သူ အားလုံးကို လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ ခေါ်ဆိုပါတယ်။
နိုင်ငံရေးသမားတွေဟာလည်း ပုထုဇဉ်တွေဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်းအများတော့ ကွာခြားကြမှာပေါ့။ အဲဒီအပေါ် မူတည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေးသမားကောင်းရယ်လို့ ကွဲပြားလာကြတယ်။ ဆိုးတယ် ကောင်းတယ်ဆိုတာ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုက အကဲဖြတ် သတ်မှတ်ကြတာပါ။ ကောင်းကျိုး၊ ဆိုးကျိုးဘယ်ဟာ လုပ်သလဲ။ အစိုးရအရာရှိတယောက်ဟာ သူ့အလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင် အရာရှိကောင်း တယောက်လို့ ပြောနိုင်တယ်။ သူနဲ့ ဆက်ဆံရတဲ့ ပြည်သူတွေကို အကျပ်ကိုင်၊ ပညာပြပြီး လာဘ်လာဘရအောင်လုပ်ရင် အရာရှိဆိုးလို့ ပြောကြတယ်။ နိုင်ငံရေးသမားလည်း ထိုနည်း၎င်းပါပဲ။ ပြည်သူလူထုကို အလုပ်အကျွေးပြုရင် နိုင်ငံရေးသမားကောင်း၊ ပြည်သူလူထုကို အာဏာအလွဲသုံးပြီး ပြန်လည်နှိပ်စက်နေရင် နိုင်ငံရေးသမားဆိုးပါပဲ။ အရာရာကို ပြည်သူလူထု ကောင်းကျိုးလုပ်သလား၊ ဆိုးကျိုးလုပ်သလားနဲ့ပဲ တိုင်းတာရပါမယ်။
ပီတိကိုပဲ စားရမယ်
အစိုးရ၀န်ထမ်းနဲ့ နိုင်ငံရေးသမား ကွာခြားတာက အစိုးရ၀န်ထမ်းက သူ့ပညာနဲ့ ကျွမ်းကျင်မှု အားလျှော်စွာ လစာ၊ ငွေကြေးရရှိတယ်။ နိုင်ငံရေးသမားက လစာငွေကြေးမရဘူး။ စေတနာ့ ၀န်ထမ်းအလုပ်ဖြစ်တယ်။ သူ့ကို နိုင်ငံရေးလုပ်ရမယ်လို့ ဘယ်သူကမှ ခိုင်းတာမဟုတ်ပါ။ သဘောတရားအရပြောရရင် မိမိအလိုဆန္ဒအလျောက် အများအကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် ထက်သန်လွန်းလို့ နိုင်ငံရေးလုပ်ကြတာ ဖြစ်တယ်။ နိုင်ငံရေးလုပ်ခြင်းဟာ မိမိကိုယ်ကိုမိမိ တာဝန်အပ်နှင်းပြီးလုပ်တဲ့ မစ်ရှင် (Mission) အလုပ် ဖြစ်တယ်။ ကုသိုလ်ဖြစ် အလုပ်ဖြစ်တယ်။ ဘာသာရေးစကားလုံးနဲ့ ပြောရင် သာသနာပြု အလုပ်မျိုး ဖြစ်တယ်။ ဒါဖြင့် နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ်လို့ ဘာရသလဲ။ ဘာမှ မရပါဘူး။ ဒါဖြင့် ဘာစားသလဲ။ ပီတိကိုပဲ စားရပါမယ်။ သူပါဝင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းကြီးတစ်ခု အောင်မြင်သွားတာကိုကြည့်ပြီး တစိမ့်စိမ့်နဲ့ ပီတိဖြစ်နေမယ်။ အဲဒါ အရသာပဲပေါ့။ သူပါဝင်စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ မော်ကွန်း တင်ခံရရင်လည်း ပီတိဖြစ်တာပါပဲ။ ရင်ဘတ်မှာ ဖဲဝါကြိုးလေး ချိတ်ဆွဲပေးတာခံရရင်ပဲ ပင်ပန်းနွမ်းနယ်ခဲ့သမျှ အနစ်နာခံခဲ့သမျှတွေအားလုံး ပြေပျောက်သွားတော့တာပေါ့။
တပည့်တွေကို ကြည့်ရ၊ ဆရာတွေကို ကျေးဇူးဆပ်ရ
နိုင်ငံရေးသမားတွေထဲမှာ ၀န်ကြီး၊ ၀န်ကလေး၊ အမတ်စသည်ဖြင့် နိုင်ငံရေး ရာထူးဌာနန္တရတွေ အသီးသီးရရှိသူတွေကတော့ လစာငွေကြေးတင်မက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ ရကြတယ်။ လုပ်ပိုင်ခွင့်အာဏာတွေကနေ ငွေကြေးတွေ ဒလဟော ၀င်လာတယ်။ အဲဒီအခါ သူတို့ကို အဲဒီနေရာမျိုးရောက်အောင် ပခုံးနဲ့ထမ်းပြီး တွန်းတင်ပေးခဲ့တဲ့ တပည့်တပန်းတွေကို ပြန်ပြီး ကြည့်ရရှာတယ်။ တချိန်တည်းမှာ သူ့ကိုလာဘ်ရွှင်စေတဲ့ နေရာကောင်းပေးထားတဲ့ အထက်အရာရှိများကိုလည်း ကျေးဇူးတုန့်ပြန်ရတယ်။ ဒီလိုနဲ့ပဲ ရထားတဲ့လုပ်ပိုင်ခွင့် အာဏာလေးကို လက်မလွှတ်ချင်တော့ဘူး။ အာဏာတည်မြဲဖို့ နည်းလမ်းမျိုးစုံ ကျင့်သုံးတော့တယ်။ ဘယ်လောက်ဖြူစင်တဲ့ နိုင်ငံရေးသမားဖြစ်ပါစေ၊ အာဏာမှာ ယစ်မူးသွားတတ်တယ်။
နေရာနှင့် ခံယူချက် မတူသူ
နိုင်ငံရေးသမားတွေထဲမှာပဲ ရင့်ကျက်မှုရှိပြီး အမျှော်အမြင်ကြီးတဲ့ပုဂ္ဂိုလ်ကို Statesman လို့ ခေါ်ဝေါ်သုံးနှုန်းတယ်။ Statesman ဟာ နိုင်ငံရေးသမားပါပဲ။ သို့ပေမယ့် Politician နိုင်ငံရေးသမားဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေ တာဝန်ယူလို့ရတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က ရွေးကောက်တင်မြှောက်ခံရဖို့ ဖြစ်တယ်။ လူသားရေးရာတွေဟာ သူ့အတွက် အရေးမကြီးဘူး။ ရာထူးနေရာရှိမှ သူ့သြဇာအာဏာကို လူတွေက လိုက်နာကြမယ်လို့ သိထားတယ်။ တိုင်းပြည်ကောင်းကျိုးလုပ်ဆောင်ဖို့ ပထမဆုံး အာဏာရအောင် လုပ်ရမယ်လို့ ခံယူထားတယ်။ Statesman နိုင်ငံရေးသမားတွေက လူသားရေးရာကို ပိုစိတ်ဝင်စားတယ်။ သူ့အတွက် နေရာဟာ အရေးမကြီးဘူး။ လူအများကောင်းကျိုးကို ဘယ်နေရာက လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ လူတွေကို ကူညီနိုင်သမျှ ကူညီတယ်။ Statesman နဲ့ Politician ကို ခွဲခြားပြီးပြောထားတဲ့ နာမည်ကျော် အဆိုအမိန့်တချို့ရှိတယ်။
“နိုင်ငံရေးသမားဟာ လာမယ့်ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်စားတယ်။ နိုင်ငံပြုခေါင်းဆောင်က လာမယ့် မျိုးဆက်အတွက် စိတ်ဝင်စားတယ်။”
ဒီအဆိုအမိန့်ကို အမေရိကန် နိုင်ငံရေးသမား၊ တရားဟောဆရာနဲ့ စာရေးဆရာ ဂျိမ်းဖရီးမန်းကလပ်က မိန့်ဆိုခဲ့တာပါ။ နိုင်ငံရေးလောကမှာတော့ အတော်လေး ပေါ်ပြူလာဖြစ်ပါတယ်။ အဲဒီအတိုင်းဆိုရင် နိုင်ငံရေးသမားဟာ မျက်တောင်မွှေးတဆုံးပဲ ကြည့်တတ်သူလို့ ယူဆရမလို ဖြစ်နေတာပေါ့။
အမေရိကန် သမ္မတကြီး အေဘရာဟမ်လင်ကွန်းကလည်း နိုင်ငံရေးသမားတွေနဲ့ ပက်သက်လို့ ထင်ရှားတဲ့ အဆိုအမိန့်တွေ မိန့်ဆိုခဲ့ပါတယ်။
“နိုင်ငံရေးသမားတယောက်အဖို့ ၀ါရင့်နိုင်ငံပြုခေါင်းဆောင် အမြန်ဆုံး ဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲမှာ ရှုံးဖူးခြင်းပါပဲ”
“သူ့နိုင်ငံရေးကို ခင်ဗျားလက်မခံနိုင်ရင် သူ့ကို နိုင်ငံရေးသမားလို့ ခေါ်တယ်။ အကယ်၍ လက်ခံနိုင်တယ်ဆိုရင် သူဟာ နိုင်ငံပြုခေါင်းဆောင်ပဲ”
“နိုင်ငံပြုခေါင်းဆောင်အစစ်ဆိုတာ စွန့်လွှတ်၊ စွန့်စားရဲသူကို ခေါ်တယ်”
ပြည်သူ့မေတ္တာ ရောင်ပြန်ဟပ်မည်
အထက်ဖော်ပြပါ အဆိုအမိန့်စာကိုးများအရ နိုင်ငံရေးသမားဆိုတာ နိုင်ငံတကာမှာလည်း လူအများရဲ့ ကိုးစားယုံကြည်ခြင်းကို သိပ်မရဘူးလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ နိုင်ငံပြုခေါင်းဆောင်အဆင့်ကို လူတိုင်းရောက်ဖို့ မလွယ်ပါဘူး။ မည်သို့ဆိုစေ အသက်ရှင်နေတဲ့အခိုက် တတ်နိုင်သမျှ အများအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြရင်ဖြင့် နိုင်ငံရေးသမားများအပေါ် ပြည်သူ့မေတ္တာ ရောင်ပြန်ဟပ်လာမှာပါလို့ ပြောချင်ကြောင်းပါ ခင်ဗျာ။
နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး
မောင်ဝံသ
( ဇန်န၀ါရီလ ၂၉ ရက်နေ့ထုတ် Popular News journal ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါးကို မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်တွင်းဂျာနယ်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ပိုပြီးဖော်ပြ ခွင့်ပြုလာတာကို သတိထားမိပါတယ်။ တင်းပြည့်ကျပ်ပြည့် လွတ်လွတ်လပ်လပ် ဆွေးနွေး ရေးသားခွင့် မရှိသေးပေမယ့် အခုလို ဆောင်းပါးလေးတွေကို တွေ့လာရတာဟာ တိုးတက်တဲ့ ပြောင်းလဲမှု တစ်ခုအဖြစ် မှတ်ယူမိပါတယ်။ )
………………….
ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ပြီဆိုရင် ပါလီမန် (လွှတ်တော်) ရှိလာမယ်။ အဲသည် လွှတ်တော်သို့ ပြည်သူများက ရွေးကောက် တင်မြှောက်တဲ့ “အမတ်” ခေါ် လွှတ်တော် ကိုယ်စားလှယ်များ ရှိလာမယ်။ (အမတ်ဆိုတာ တည်ကြည် ဖြောင့်မတ်စွာ ဆောင်ရွက်သူလို့ ဆိုလိုပါတယ်) ၎င်းအမတ်များကို ရွေးကောက် တင်မြှောက်တဲ့ ရွေးကောက်ပွဲတွေ ရှိလာမယ်။ ရွေးကောက်ပွဲ တွေမှာ ပါဝင် ယှဉ်ပြိုင်မယ့် အမတ်လောင်းများ ကိုယ်စားပြုတဲ့ နိုင်ငံရေး ပါတီများ ရှိလာမယ်။ သို့အားဖြင့် နိုင်ငံရေး သမားများလည်း ရှိလာမယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံကြမှာပါ. . .
နိုင်ငံရေးသမား အရည်အချင်း
ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ရမယ့် နိုင်ငံရေးသမားတွေဟာ ဘယ်လို အရည်အချင်းတွေ ရှိသင့်သလဲ။ ပြည်သူတွေက ဘာကိုကြည့်ပြီး မဲပေးကြမှာလဲ။ သည်အချက်တွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အလွန် အရေးပါ ပါတယ်။
နိုင်ငံရေးသမား ဆိုတာ အထက်တန်းလွှာ၊ လူလတ်တန်းစား၊ ပညာတတ်၊ နိုင်ငံ့ဝန်ထမ်းဟောင်း၊ သူဌေး ဘယ်သူ ဖြစ်ရမယ်၊ ဘယ်သူတော့ မဖြစ်ရဘူးဆိုတာ အကန့်အသတ် မရှိပါဘူး။
ဆရာဝန် တစ်ယောက် ဖြစ်ဖို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဆေးတက္ကသိုလ် စသည်ဖြင့် အနည်းဆုံး ၁၇ နှစ်လောက် ပညာ သင်ကြားရမယ်။ အနည်းဆုံး တစ်နှစ် အလုပ်သင်အဖြစ် အတွေ့အကြုံ ယူရမယ်။ ဘာကြောင့် သည်လောက် နှစ်တွေများများ သင်ကြား လေ့ကျင့်ရသလဲ ဆိုတော့ ဆရာဝန်ဆိုတာ လူ့အသက်နဲ့ စပ်ပြီး အလုပ်လုပ် ကြရတာကိုး။ တတ်ယောင်ကား ဆရာဝန် လက်ထဲ ရောက်သွားလို့ကတော့ အသက်ပါ ဆုံးရှုံးရနိုင်တယ်။
ဒါဆိုရင် ဆရာဝန် တစ်ယောက်ရဲ့ အရည်အချင်း မပြည့်စုံမှုဟာ တစ်ကြိမ်မှာ လူတစ်ယောက် အသက်လောက်ပဲ ဆုံးရှုံးနိုင်တယ်။ တိုင်းပြည် ကံကြမ္မာကို ၀ကွက် အပ်ရမယ့် နိုင်ငံရေး သမားတွေ အရည်အချင်း မပြည့်စုံရင်၊ အမြော်အမြင် မရှိရင် (ဥပမာ- မဖြစ်သင့်ဘဲ စစ်ဖြစ်သွားခဲ့ရင်) လူ့အသက်ပေါင်း ရာထောင်ချီ ဆုံးရှုံးရနိုင်တယ်။ ဥပမာ- စီးပွားရေး မူဝါဒ တစ်ချက် မှားလိုက်ရင် တိုင်းပြည် မွဲသွားနိုင်တယ်လို့ မပြောနိုင်ဘူးလား။
ဒါကြောင့် နိုင်ငံရေးသမားဟာ တခြား အသက်မွေး ၀မ်းကျောင်း သမားတွေထက် အရေးကြီးတယ်။ အမြော်အမြင် ရှိဖို့ လိုတယ်။ သည်တော့ နိုင်ငံရေးသမား ဖြစ်ဖို့ ဘာအရည်အချင်း လိုအပ်သလဲ။
အမေရိကန် စာရေးဆရာ ရော်ဘင်ရေဗင်က “နိုင်ငံရေးသမားမှာ ပထမဆုံး လိုအပ်တဲ့ အရည်အချင်းက နိုင်ငံရေး လုပ်ချင်စိတ်ပဲ။ နိုင်ငံရေးသမား လုပ်တော့မယ်ဆိုရင် ဦးဆုံး မိမိကိုယ် မိမိ ဆန်းစစ်ဖို့က တကယ် နိုင်ငံရေးလုပ်ချင်ရဲ့လား ဆိုတာပဲ” လို့ ရေးခဲ့ဖူးတယ်။
ရော်ဘင်ရေဗင်က “နိုင်ငံရေးသမားဟာ မွေးရာပါ ပါရမီရှင် ဖြစ်ဖို့မလိုဘူး။ တချို့ ငယ်ငယ်လေး ကတည်းက နိုင်ငံရေးသမား လုပ်ချင် ဖြစ်ချင်တဲ့ ရည်မှန်းချက် ထားရှိခဲ့ကြပေမယ့် ဖြစ်မလာသူတွေ အများကြီးပဲ။ တချို့ကျတော့ မတော်တဆ နိုင်ငံရေး နယ်ထဲ ရောက်ပြီး အောင်မြင်သွားတတ်ကြတယ်။ အမေရိကန် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်ရေဂင်ဟာ ရုပ်ရှင်မင်းသားဘ၀ကနေ နိုင်ငံရေးနယ်ထဲ ရောက်ပြီး သမ္မတအထိ တက်ဖြစ်ခဲ့တယ် မဟုတ်လား”လို့ ထောက်ပြတယ်။
ပြီးတော့ နိုင်ငံရေးသမား ဖြစ်လာဖို့ အကြောင်းတရားတွေကို ဆက်ရေးတယ်။
(၁) နိုင်ငံရေးသမားလုပ်ဖို့ မဆုံးဖြတ်ခင် နိုင်ငံရေးသမား ဖြစ်ချင်တဲ့ ဆန္ဒ ဘယ်ကလာသလဲ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ဘာကြောင့် နိုင်ငံရေး လုပ်ချင်သလဲဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြမယ်။ အကြောင်းရင်းအမှန်ကို ဘယ်သူ့ကိုမှ ပြောပြစရာ မလိုဘူး။ တိုင်းရေး ပြည်ရေးကို ကိုယ့်နယ်ပယ် ဒေသအကျိုးကို တကယ် နှစ်နှစ်ကာကာ လုပ်ချင်လို့ ဖြစ်ချင် ဖြစ်မယ်။ ဘ၀တက်လမ်း ရှာချင်လို့ ဖြစ်ချင် ဖြစ်မယ်။ အာဏာရရင် ငါနှင့် မတူ ငါ့ရန်သူတွေကို မှတ်လောက် သားလောက် ဆော်လိုက် နှက်လိုက်မဟဲ့ ဆိုတဲ့ ဒေါသဇောကြောင့် ဖြစ်ချင် ဖြစ်မယ်။ ကိုယ့်အကြောင်း ကိုယ်ပဲ သိတယ်တော့ မထင်နဲ့။ ကြာလာတဲ့အခါ ကျတော့ ပြည်သူတွေကလည်း သိလာမှာပဲ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံရေး လုပ်ချင်စိတ် အလွန်အမင်း ပြင်းပြနေပြီဆိုရင် ဆုံးဖြတ်ချက်ချပါ။
(၂) နိုင်ငံရေးပါတီ ရွေးပါ။ နိုင်ငံရေးသမား လုပ်ပြီဆိုရင် ခြံစည်းရိုး ခွထိုင်လို့ မရပါ။ မိမိခံယူချက်တွေနဲ့ ကိုက်ညီတဲ့ ပါတီရှိနိုင်သလို ပါတီတွေရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို လေ့လာပြီး မိမိက နှစ်သက် သဘောကျတဲ့ ပါတီကိုလည်း တွေ့နိုင်တယ်။ မိမိ နိုင်ငံရေး စိတ်ဝင်စားကြောင်း သိလို့ ချဉ်းကပ် စည်းရုံးတာတွေနဲ့လည်း ကြုံရတတ်တယ်။ ပါတီက မိမိကို မရွေးပါစေနဲ့။ မိမိက ပါတီကို ရွေးပါ။ ပါတီမူဝါဒနဲ့ လုပ်ငန်းစဉ်ပြီးရင် သေသေချာချာ ကြည့်ရမှာက (က) ပါတီခေါင်းဆောင်မှု၊ (ခ) ပါတီမှာ မိမိတွဲဖက် လုပ်ဆောင်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ။
(၃) သင်ပါဝင် ဆောင်ရွက်မယ့် ပါတီ ရွေးပြီးရင် သင်ကြည်ညို လေးစားတဲ့ ခေါင်းဆောင် တစ်ဦးဦးနဲ့ ဆွေးနွေးပါ။ လူချင်း မတွေ့နိုင်ရင် စာရေးဆက်သွယ်ပြီး တိုင်ပင်ပါ။ သင်သိချင်တာတွေ မေးပါ။ သင်ဖြစ်ချင်တာတွေ တင်ပြပါ။ သင့်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါ။
(၄) အောက်သက်ကျေပါစေ။ ပါတီမှာ သင်ထမ်းဆောင်နိုင်မယ့် တာဝန်ကို စေတနာ့ ၀န်ထမ်းလုပ်ပေးပါ။ အချိန်ပြည့် လုပ်နိုင်သလား။ အချိန်ပိုင်း လုပ်နိုင်သလား၊ သင်ပေးနိုင်တဲ့ အချိန်ကို မိမိနယ်မြေ တာဝန်ခံထံ သတင်းပို့ပါ။
(၅) လေ့လာ ဆည်းပူးမှု အဆက်မပြတ်ပါစေနှင့်။ အထူးပြု လေ့လာမှုနှင့် အထွေထွေ လေ့လာမှု နှစ်မျိုးစလုံးကို ဆက်လုပ်ပါ။ ဥပမာ- သင့်ကို မော်တော်ယာဉ် လုပ်သားများ စည်းရုံးရေးအတွက် တာဝန်ပေးထားရင် မော်တော်ယာဉ် လုပ်သားများရဲ့ ဘ၀၊ သူတို့ရဲ့ လိုအင်ဆန္ဒ၊ သူတို့အတွက် လိုအပ်ချက် စတာတွေကို အထူးပြု လေ့လာနေရမယ်။ တစ်ချိန်တည်းမှာ တစ်နိုင်ငံလုံးက အလုပ်သမား ရေးရာတွေကိုလည်း မျက်ခြည်မပြတ်ရဘူး။
(၆) အချိန်တန်ပြီဆိုရင် အဆင့်ဆင့်သော ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပါ။ သည်လိုနဲ့ပဲ သင်ဟာ နိုင်ငံရေး သမားကောင်း တစ်ယောက် အဖြစ် ဘ၀ကို နေသွားလို့ ရပါတယ်။
ကျောင်းနေကတည်းက လေ့ကျင့်ပေးရမယ်
ရော်ဘင်ရေဗင်က နိုင်ငံရေးသမား ပျိုးထောင်မှုအကြောင်းကို ဆက်ရေးတယ်။ သူက နိုင်ငံတစ်နိုင်ငံဟာ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံရေး သမားကောင်းတွေ အရေအတွက်များမှ ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ ကြီးပွား တိုးတက်မယ်လို့ ယုံကြည်ဖို့ လိုတယ်တဲ့။ ဒါကြောင့် စာသင်ကျောင်းတွေကနေ နောက်မျိုးဆက်အတွက် နိုင်ငံရေးသမားတွေ လေ့ကျင့် ပျိုးထောင်ပေးရမယ်လို့ သူက တိုက်တွန်းတယ်။ ကျောင်းတွေမှာ အသင်းအဖွဲ့တွေကို ဦးဆောင်မယ့် ကျောင်းသား အမှုဆောင် လူကြီးရွေးပွဲတွေ လုပ်ပေးရမယ်။ လွတ်လပ်တဲ့ လျှို့ဝှက်မဲပေးစနစ်ကို လေ့ကျင့်ပေးရမယ် စာတော်နေရုံနဲ့ မပြီး ပေါင်းသင်း ဆက်ဆံရေး ၀င်ဆံ့မှ လူချစ်လူခင်များမှ ထောက်ခံဆန္ဒမဲ များများရမှာဆိုတဲ့ အသိကို သွတ်သွင်း ပေးရမယ်လို့ သူ့ရဲ့စာတမ်းမှာ ရေးသားထားပါတယ်။
ဆက်လက်ပြီး ပါလီမန် မိခင်နိုင်ငံကြီးလို့ ထင်ရှားတဲ့ ဗြိတိန်နိုင်ငံက “နိုင်ငံရေးသမား အကြောင်း သိကောင်းစရာ” မှတ်စုလေး တစ်ခုကို မြန်မာပြန် တင်ပြလိုက်ပါတယ်။ ယခုတင်ပြချက်ဟာ သူတို့ဆီက ကျောင်းသား လူငယ်လေးများကို ဗဟုသုတအဖြစ် သင်ပေးတဲ့ သင်ခန်းစာဖြစ်လို့ လိုရင်း အချက်များကိုပဲ ဖော်ပြထားပါတယ်။
နိုင်ငံရေးသမားဆိုတာ
သူတို့ဆီမှာ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးပါတီ တစ်ခုခုမှာ ပါဝင်ဆောင်ရွက်နေသူ၊ ပါလီမန် အမတ်၊ ရွေးကောက် တင်မြှောက်ခံ ရာထူးဌာနနန္တရ တစ်ခုခုမှာ ၀င်ရောက် အရွေးခံသူ၊ သက်ဆိုင်ရာ ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးပေးသူတွေကို ခေါ်ပါတယ်။
ပါလီမန် အမတ်ဖြစ်သွားရင် လစာ တစ်နှစ် ပေါင် ၆၀၀၀၀ မှ ပေါင် ၁၃၆၄၀၀ ရပါတယ်။
အမတ်တွေမှာ အလုပ်ချိန်ရှိတယ်။ ရက်သတ္တတစ်ပတ်လျှင် လန်ဒန်မှာ လေးရက်၊ မိမိရဲ့ မဲဆန္ဒနယ်မှာ တစ်ရက်နေကြရတယ်။
အရည်အချင်းအားဖြင့် ပါလီမန်အမတ် အများစုဟာ GCSE အောင်ပြီးသူ၊ A အဆင့်နဲ့ အောင်သူ၊ ဘွဲ့တစ်ခုခု ရပြီးသူတွေ ဖြစ်တယ်။
ပါလီမန် အမတ် (MP-Members of Parliament) ဆိုတာ မဲဆန္ဒနယ် အသီးသီးက မဲဆန္ဒရှင် ပြည်သူတွေကိ ရွေးကောက် တင်မြှောက်လိုက်သူ ဖြစ်တယ်။ အမတ်အများစုဟာ နိုင်ငံရေးပါတီများကို ကိုယ်စားပြုတယ်။ အမတ် အနည်းစုကတော့ တစ်သီး ပုဂ္ဂလ ၀င်အရွေးခံခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံမှာ အမတ်လစာက တစ်နှစ်အတွက် ပေါင် ၆၀၀၀၀၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးက ပေါင် ၁၃၆၄၀၀ ရပါတယ်။
စေတနာ့ဝန်ထမ်း အလုပ်မဟုတ်
ဗြိတိသျှ နိုင်ငံရေး လောကမှာ နိုင်ငံရေးသမားဆိုတာ ဂုဏ်သိက္ခာ ရှိတဲ့ အလုပ်ဖြစ်တယ်။ စေတနာ့ဝန်ထမ်း အလုပ်လို့ မခေါ်ပါဘူး။ လခကြေးငွေ ရသော တာဝန်ရှိသော အလုပ် (job)လို့ သုံးနှုန်းပါတယ်။ အချိန်ပို လုပ်ကိုင်ရတဲ့ အခါများမှာ လွှတ်တော် စီမံဌာနကို စာရင်းပေးပို့ပြီး အိုဗာတိုင် တောင်းနိုင်ပါသေးတယ်။
ပါလီမန် အမတ်တစ်ယောက် ဖြစ်ဖို့ ပညာအရည်အချင်း ဘယ်လောက်ရှိရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ သို့သော် ဗြိတိန်က အမတ်အားလုံး လောက်ဟာ အနိမ့်ဆုံးအားဖြင့် အထက်တန်းအောင်ပြီး သူများဖြစ်တယ်။ သူတို့ဆီမှာ (General Certificate of Secondary Education-GCSE) လို့ ခေါ်တယ်။ ပြီးတော့ အေအဆင့် (A Level grades) အောင်ပြီးသူနဲ့ ဘွဲ့ရပြီးသူတွေ များပါတယ်။
ဗြိတိန်မှာ နိုင်ငံရေးထဲ မ၀င်ခင် တခြား အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုခုကို လုပ်ခဲ့ကြတာ များတယ်။ နောက်လေး ငါးဆယ်နှစ် လောက်နေမှ နိုင်ငံရေး ၀င်လုပ်လေ့ ရှိတယ်။ တချို့ကျတော့ လက်ရှိပါလီမန် အမတ်တစ်ယောက် ယောက်ဆီမှာ သုတေသနမှူး၊ လူမှု ဆက်ဆံရေးမှူး၊ အကြံပေးစသည်ဖြင့် အချိန်အတော် ကြာကြာ ၀င်လုပ်ပြီးမှ ရွေးကောက်ပွဲ ၀င်တယ်။ အချို့ပုဂ္ဂိုလ်တွေကတော့ ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ လူကြီးနေရာတွေ အတွက် ရွေးကောက်ပွဲဝင် အရွေးခံတာကို အရင်လုပ်တယ် (မြူနီစီပါယ် ရွေးကောက်ပွဲလို့ ခေါ်ပါတယ်)။
စိတ်ချရတော့မှ ရွေးကောက်ပွဲဝင်
ဗြိတိသျှ နိုင်ငံရေး သမားတွေထဲမှာ စိတ်ကူးပေါက်လို့၊ ကြုံကြိုက်လို့၊ အဖော်ကောင်းလို့ နိုင်ငံရေး ၀င်လုပ်တယ် ဆိုတဲ့သူ မရှိသလောက်ပါပဲတဲ့။ နိုင်ငံရေး စိတ်ထက်သန်သူတွေဟာ ကောလိပ်ကျောင်းသား ဘ၀ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး စိုက်လိုက်မတ်တတ် လေ့လာခဲ့ကြတယ်။ စာတွေ့၊ ကိုယ်တွေ့ လေ့လာ ဆည်းပူးကြတယ်။ မဲဆန္ဒရှင် ပြည်သူတွေ ယုံကြည် ကိုးစားလောက်တဲ့ အရည်အချင်း မိမိမှာ အထိုက်အလျောက် ရှိနေပြီလို့ စိတ်ချရတော့မှ ရွေးကောက်ပွဲဝင် အရွေးခံကြတာ ဖြစ်တယ်။
တစ်နည်းပြောရရင် ဗြိတိန်က နိုင်ငံရေးသမားတွေဟာ ဆရာဝန်လုပ်မယ်လို့ ဘ၀ရည်မှန်းချက်ထားသူ၊ အင်ဂျင်နီယာ လုပ်မယ်လို့ ဘ၀ရည်မှန်းချက်ထားသူတွေ ဆိုင်ရာ ဆိုင်ရာ ပညာရပ်တွေကို နှစ်မြှုပ်လေ့လာ ဆည်းပူးကြသလို နိုင်ငံရေးပညာကို လေ့လာ ဆည်းပူးခဲ့ကြတာ ဖြစ်တယ်။ မိမိသဘောကျတဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်ကိုလည်း အဲဒီကာလ ကတည်းက ရွေးချယ်လေ့ရှိတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးရင် မဲပေးလို့ရတယ်။ အရွေးခံလို့ ရတယ်။ အဲသည်အချိန်မှာ နိုင်ငံရေး စိတ်သန်သူဟာ Political activist လို့ ခေါ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ် ကွန်ဆာဗေးတစ်၊ လေဘာ၊ လစ်ဘရယ် ကြိုက်ရာ ပါတီတစ်ခုခုမှာ ပါဝင်လုပ်အားပေးလို့ ရတယ်။ အဓိကတော့ နယ်မြေဆိုင်ရာ ရွေးကောက်ပွဲတွေ၊ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အောင်နိုင်ရေး အဖွဲ့ဝင်ခေါ် မဲဆွယ်သူများ အဖြစ် ပါဝင် လှုပ်ရှားရတာ ဖြစ်တယ်။
အောက်ခြေသိမ်း နိုင်ငံရေးသမား
အဲသည် အဆင့်မှာပဲ တစ်သက်လုံး နေသွားပြီး ပါဝင်အရွေးခံတဲ့ အချိန်ပြည့် နိုင်ငံရေးသမား အထိ မလုပ်ဘဲ နေသူတွေလည်း အများကြီး ရှိတယ်။ သူတို့ကို အောက်ခြေသိမ်း နိုင်ငံရေးသမား (grass roots politicians)တွေလို့ ခေါ်ပါတယ်။ သူတို့လို လူတွေများများ ရှိမှ နိုင်ငံရေး ပါတီတစ်ရပ်ဟာ အခြေခိုင်ပါတယ်။
ရွေးကောက်ပွဲတွေမှာ ပါဝင် အရွေးခံတဲ့အထိ ဆက်လုပ်သွားမယ့် လူတွေကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပြည်သူလူထု ယုံကြည် ကိုးစားလောက်တဲ့ ပုဂ္ဂိုလ်အဖြစ် ပုံရိပ်ပေါ်လာအောင် မိမိကိုယ်ကို ဖြည့်ဆည်းနေရပါတယ်။
တစ်ဦးတည်း အရွေးခံရတာမဟုတ်
ပါလီမန် အမတ်အဖြစ် အရွေးခံတယ်ဆိုတာ မိမိပါတီက အမတ်လောင်း အဖြစ် ရွေးချယ်လိုက်ရုံနဲ့ အမတ်ဖြစ်သွားတာ မဟုတ်ပါ။ အနည်းဆုံး ပါတီသုံးလေးခုက ကိုယ်စားလှယ်လောင်း သုံးလေးဦး ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ ရွေးကောက် တင်မြှောက်သူများက မဲဆန္ဒရှင် ပြည်သူများ ဖြစ်ပါတယ်။ ဗြိတိန်မှာ မဲလိမ်မဲခိုးလို့လည်း မရပါ။ မဲခိုးမှု ဖြစ်ခဲ့ဖူးတာလည်း မရှိပါ။
ထူးခြားတာတစ်ခုက ဗြိတိန်မှာ နိုင်ငံရေးပါတီကို ကြိုက်လို့ မဲပေးတာ၊ မကြိုက်လို့ မဲမပေးတာထက် မိမိတို့ မဲဆန္ဒနယ်က အမတ်လောင်းကို ကြိုက် မကြိုက်က အဓိကပိုကျပါတယ်။ နိုင်ငံရေးပါတီမူဝါဒထက် အမတ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီး ဆုံးဖြတ်ခြင်းဟာ ဒီမိုကရေစီ နည်းကျတယ်လို့ သူတို့ ယုံကြည်ကြပါကြောင်း။
မောင်ဝံသ
………………….
မှတ်ချက်။ ပိတောက်မြေ ဘလော့ဂ်မှ ကူးယူဖော်ပြသည်။
Wednesday, July 21, 2010
ပင်လုံစာချုပ်၊ ဖယ်ဒရယ်မှုနှင့် ၂၀၀၈ အခြေခံဥပဒေ
ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ဆိုသည်မှာ အဘယ်နည်း။
ပင်လုံစာချုပ်၏ နိဒါန်းတွင် ̏ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီကြလေသည်˝ ဟု ဖေါ်ပြ ပါရှိသည်။
တိုင်းရင်းသားခေါင်းဆောင်တို့သည် ဗြိတိသျှအစိုးရထံမှ လုံးဝ လွတ်လပ်ရေး အရယူနိုင်ရန် အတွက် ၎င်းတို့၏ ကံကြမ္မာကို ဗိုလ်ချုပ်အောင်ဆန်းထံသို့ ပင်လုံစာချုပ်ဖြင့် ယုံကြည်စွာ ၀ကွက် အပ်နှံလိုက်လေသည်။ အပြန်အလှန်အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားများ၏ တန်းတူခွင့်ကို သဘောတူ၍ ပြည်ထောင်စု ပုံသဏ္ဌာန် အစိုးရနှင့် အာဏာခွဲဝေမှုအပြင် ပြည်ထောင်စုမှခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကိုပါ အာမခံခဲ့ရသည်။ အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးပြုမှု ဟူသော ပင်လုံစိတ်ဓာတ် ပေါ်ပေါက်လာခဲ့သည်။ သို့သော် ကြာရှည်မခံခဲ့ပါ။
သို့သော်လည်း ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် တိုင်းရင်းသားခေါင်းဆောင်များက အာဏာသည် ပြည်နယ်လွှတ်တော်များ၌ မတည်ဘဲ ပြည်ထောင်စုစစ်စစ်ပုံစံ မဟုတ်၊ အနှစ်သာရအားဖြင့် တပြည်ထောင်စနစ်သာ ဖြစ်သည် ဟု ဆိုကြသည်။ ဗဟိုအစိုးရသည် ဒေသဆိုင်ရာ၊ ပြည်နယ်ဆိုင်ရာ နှင့် ဗဟိုအဆင့် အာဏာ အားလုံးကို ချုပ်ကိုင်ထားပြီး ဗမာမဟုတ်သော တိုင်းရင်းသားများတွင် လုံးလုံး အာဏာမရှိပါ။
ပင်လုံစိတ်ဓာတ်အား အဖတ်ဆယ်ရန် ဗိုလ်နေ၀င်းခေတ် မတိုင်မီ ကြိုးပမ်းမှုများ ပေါ်ပေါက်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဇွန်လတွင် ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင် တိုင်းရင်းသား ခေါင်းဆောင် (၂၀၀) ကျော်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ညီလာခံတရပ် ကျင်းပခဲ့ကြသည်၊ ထိုညီလာခံက `စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု´ ကို တောင်းဆိုခဲ့ကြသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ကတိ ပေးခဲ့သည့်အတိုင်း ထိုစဉ်က ၀န်ကြီးချုပ်ဦးနုသည် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ `အမျိုးသားနှီးနှောဖလှယ်ပွဲ´ တရပ် ကျင်းပပေးခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲသို့ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှုယ်များ တက်ရောက်ခဲ့ကြသည်။ ရှမ်းပြည်နယ် ဥက္ကဋ္ဌ၊ ၀န်ကြီးစ၀်ခွန်ချိုက အစည်းအဝေးတွင် အဖွင့် ဆွေးနွေး တင်ပြသည်။
စ၀်ခွန်ချိုက ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၏ အားနည်းချက်များကို ထောက်ပြ၍ တိုင်းရင်းသားများ သဘောကျနှစ်သက်သည့် ပြည်ထောင်စုဖွဲ့စည်းရေး အစီအစဉ်ကို တင်ပြသည်။ ၎င်း၏တင်ပြချက်မှာ ပြည်မကို ပြည်နယ်တနယ် ဖွဲ့စည်းရေး၊ လွှတ်တော် ၂ ရပ် အာဏာ အတူ ပေးရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်တိုင်းက တူညီသော ကိုယ်စားလှယ် ပေးရေး၊ ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သော အာဏာများကို ပြည်ထောင်စု ဗဟိုအစိုးရသို့ ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရေးတို့ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းလိုက်သောကြောင့် ဤနှီးနှောဖလှယ်ပွဲ ရပ်ဆိုင်းသွားသည်။ ဗိုလ်နေ၀င်းက ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ်မှ ကာကွယ်လိုက်ကြောင်း ကြေညာခဲ့သည်။
ဗိုလ်နေ၀င်းက ၁၉၄၇ အခြေခံဥပဒေရော ပင်လုံစာချုပ်ကိုပါ ရပ်ဆိုင်းခဲ့သည်။ ဗိုလ်နေ၀င်း၏ ၀ါဒဖြန့်ချိမှုတွင် `ဖယ်ဒရယ်မူ´ သည် `ပြည်ထောင်စုဖြိုခွဲရေး´ ဖြစ်သည်။
စစ်အစိုးရထုတ်ပြန်သော စာရင်းအရ မြန်မာပြည်တွင် လူမျိုးစု (၁၃၅)မျိုး မှီတင်းနေ ထိုင်ကြသည်။ ထို ၁၃၅ မျိုး၏ တစ်ဝက်ခန့်မှာ တိုင်းပြည်လူဦးရေအားလုံး၏ (၃) ရာခိုင်နှုန်းမျှသာ ရှိသော ချင်းပြည်နယ်မှ ဖြစ်ကြသည်။ မြန်မာပြည်တွင် ပြည်နယ် ရှစ်ခုသာ ရှိသည်။ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရှမ်းနှင့် ဗမာတို့ ဖြစ်ကြသည်။ ဗမာမှာ အကြီးဆုံးလူမျိုး ဖြစ်သည်။ လူဦးရေ သန်း (၅၀) ကျော်အနက် ၆၀ ရာခိုင်နှုန်းမှာ ဗမာများ ဖြစ်ပြီး ကျန်လူဦးရေမှာ တခြားသော လူမျိုးစုများ ဖြစ်သည်။ မြန်မာပြည်ကဲ့သို့ လူမျိုးစုများ ကွဲပြားနေသည့် နိုင်ငံအဖို့ ဖက်ဒရယ်စနစ်သည်သာလျှင် တခုတည်းသော ရွေးချယ်စရာ ပြည်ထောင်စုပုံစံ ဖြစ်သည်။ ကမ္ဘာပေါ်၌ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံ အကြားတွင် တည်ရှိသော မြန်မာပြည်အဖို့ တခြား ရွေးချယ်စရာလမ်း မရှိပါ။
၂၀၀၈ ခုနှစ်၌ အတည်ပြုခဲ့သော အခြေခံဥပဒေက ဖက်ဒရယ်မူနှင့် ပင်လုံစိတ်ဓာတ်ကို မည်သို့ ကိုယ်စားပြုပါသနည်း၊ ရှမ်းပြည်နယ် ဥက္ကဋ္ဌ စ၀်ခွန်ချို တောင်ကြီး ညီလာခံတွင် တင်ပြခဲ့သော ပြည်ထောင်စုဖွဲ့စည်းပုံ၊ လူမျိုးစု လွှတ်တော်အတွင်း တန်းတူညီမျှမှု၊ လွှတ်တော်နှစ်ရပ် အတွင်း အာဏာခွဲခြားမှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုတို့အပေါ် အခြေခံ၍ လေ့လာ ဆန်းစစ်ကြည့်နိုင်ပါသည်။
ပြည်ထောင်စုဖွဲ့စည်းပုံ
ပြည်ထောင်စုစစ်စစ်ပုံစံ အခြေခံဥပဒေတွင် နိုင်ငံတော်၏အာဏာကို ဗဟိုနှင့်အဖွဲ့ဝင် ပြည်နယ်များ၏ အကြား ခွဲဝေထားရမည် ဖြစ်သည်။ အဖွဲ့ဝင်ပြည်နယ်များသည် မိမိတို့ဒေသ အကျိုးအတွက် အာဏာကိုအသုံးချနိုင်သော အခွင့်အရေး အပြည့်အ၀ ရရှိမည် ဖြစ်ပြီး ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ဘာသာ ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်လည်း ရှိရမည် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခု ပါဝင်ပြီး တူညီသော အဆင့်အတန်းရှိကြ၍ ဗဟိုအစိုးရတွင် အာဏာများစွာရှိသည်။
စစ်အစိုးရ၏ ပြည်ထောင်စုပုံစံတွင် တိုင်းဒေသကြီးများ၌ ဗမာတိုင်းရင်းသား အများစု နေထိုင်ကြသည်။ တနည်းဆိုရလျှင် လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တွင် ကိုယ်စားပြုမှုအချိုးအစားအရ တန်းတူညီမျှမှု လုံးဝမရှိပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအထိ အဆင့်တိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသယောင် ဖြစ်သော်လည်း လူမျိုးစုငယ်များ အများစုနေထိုင်သော ပြည်နယ်များမှာ အခွင့်အရေး အပြည့်အ၀ မရဘဲ ဗဟို၏ အရံဒေသများ ဖြစ်နေကြောင်း တွေ့ရမည် ဖြစ်သည်။
လူမျိုးစုလွှတ်တော်တွင် ကိုယ်စားလှယ်အရေအတွက် တူညီမှု
လူမျိုးစုလွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်သည် အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်စေလွှတ်သော တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး ပါဝင်မည်ဖြစ်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ စေလွှတ်ရမည်။ ထို့ကြောင့် ဗမာတိုင်းဒေသကြီးများမှ ကိုယ်စားလှယ်အရေအတွက်နှင့် ကျန် တိုင်းရင်းသားအားလုံး စုစုပေါင်း၏ ကိုယ်စားလှယ်အရေအတွက်မှာ အတူတူပင် ဖြစ်လိမ့်မည်။
တိုင်းရင်းသားလူမျိုးစုများက ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၌ပင် လူမျိုးစုလွှတ်တော်၌ ကိုယ်စားလှယ်ဦးရေ အညီအမျှ မဖြစ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြခဲ့ပြီးဖြစ်သည်။
ဥပဒေပြုအာဏာခွဲဝေပုံ
ဥပဒေပြုအာဏာကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်သို့ ခွဲဝေပေးထားသည်။ ထိုလွှတ်တော်နှစ်ရပ်လုံး၌ တူညီသော ဥပဒေပြုမှုအာဏာ ရှိကြသည်။ သို့သော်လည်း တိုင်းပြည်အတွက် အရေးကြီးဆုံး ဖြစ်သော ပြည်ထောင်စုဘတ်ဂျက်ဥပဒေကို လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင်သာ တင်သွင်းခွင့် ရှိသည်။ ဤအချက်မှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ခိုင်မြဲစေရန်အတွက် ရည်ရွယ် ပြဌာန်းထားခြင်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားများကို ကိုယ်စားပြုသော ကိုယ်စားလှယ် ၈၄ ဦးသာ ပါဝင်ပြီး ကျန်ကိုယ်စားလှယ်များမှာ ဗမာများသာ ဖြစ်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ (၉၅) (ခ) တွင် ̏ ဥပဒေကြမ်းတရပ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်အကြား အငြင်းပွားမှု ဖြစ်ပေါ်ပါက ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း၍ ဆုံးဖြတ်ရမည်˝ ဟု ပါရှိသည်။ ဗမာ မဟုတ်သော တိုင်းရင်းသားများ ရှစ်ပုံတစ်ပုံသာ ပါဝင်မည့် ပြည်ထောင်စုလွှတ်တော်က အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု
ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးဥပဒေပြု စာရင်းများရှိ ဥပဒေပြုတာဝန်များကို လေ့လာကြည့်ပါက လုပ်ပိုင်ခွင့်အာဏာများသည် ပြည်ထောင်စုတွင်သာ ရှိပြီး ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးများတွင် မရှိကြောင်း တွေ့ရမည် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုနိုင်သည့် ဥပဒေများတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ ပြည်ထောင်စု အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် အခွန်များ၊ ထုတ်ကုန်သွင်းကုန်၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့် သစ်တော၊ စက်မှု၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့် အရေးကြီးသည့် အခန်းကဏ္ဍများ အပါအ၀င် ၁၂၄ မျိုး ဥပဒေပြုနိုင်သည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွက် ဥပဒေပြုစာရင်းတွင် ဘဏ္ဍာငွေနှင့် စီမံကိန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုတွင်းနှင့်သစ်တော၊ အသေးစား နှင့် အလတ်စား လျှပ်စစ်ဓာတ်အား၊ ဆားထုတ်လုပ်ရေးလုပ်ငန်းများ စသည်တို့ အပါအ၀င် ၄၁ မျိုးသာ ဥပဒေပြုနိုင်သည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဥပဒေ၏ဖွဲ့စည်းပုံအရ ဖြစ်စေ၊ အနှစ်သာရ အားဖြင့် ဖြစ်စေ ပင်လုံစိတ်ဓာတ် ကိန်းအောင်းရှင်သန်ခြင်း မရှိသည်မှာ အထင်အရှားပင် တွေ့မြင်နိုင်သည်။
ပင်လုံစိတ်ဓာတ်ဟူသည် တိုင်းရင်းသားလူမျိုးစုများအားလုံး အကြား အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ယခုအခြေခံ ဥပဒေတွင် ဤသို့သော စိတ်ဓာတ်မျိုး ကင်းမဲ့လျက်ရှိသည်။ ထို့ကြောင့် ဗမာနှင့် ကျန် တိုင်းရင်းသားများအကြား ၂၀၀၈ အခြေခံဥပဒေကြောင့် ပိုမိုနက်ရှိုင်းသော ကွဲပြားခြားနားမှုများသာ ဆက်လက် ပေါ်ပေါက်လာစေနိုင်မည်ဖြစ်သည်။ ။
အမျိုးသားနိုင်ငံရေးဋီကာ - မောင်ဝံသ

Sunday, July 18, 2010
လူ့အခွင့်အရေး၏အခြခံအချက်များ
Basic Human Rights
၁။ လူ့အခွင့်အရေးသည် လူတိုင်းအတွက် မွေးရာပါအခွင့်အရေးဖြစ်သည်။ လူ့အခွင့်အရေးကို ၀ယ်ယူ၍ မရ၊ လွဲပြောင်း၍မရ လူတိုင်းသည် လူသားဖြစ်နေသော အချက်ကြောင့် လူ့အခွင့်အရေးကို ရယူပိုင် ဆိုင်ခွင့်ရှိသည်။
၂။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်သက်ဆိုင်သည်။ အသားရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာ သာ နိုင်ငံရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံး အပေါ် တန်းတူညီမျှမှုရှိသည်။ လူသားအားလုံး မွေးဖွားလာ သည်မှစ၍လွတ်လွပ် ပြီးတန်းတူညီမျှ သော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။
၃။ လူ့အခွင့်အရေးကိုမည်သူကမှယူဆောင်သိမ်းပိုက်၍မရ။ လူ့အခွင့်အရေးကို မည်သူကမှ ယူဆောင် သိမ်းပိုက်ခွင့်မရှိ၊ လူတစ်ယောက်၏ မွေးရာပါအခွင့်အရေးကို ထိုသူ၏နိုင်ငံတော် အစိုးရနှင့်ဥပဒေ များက အသိအမှတ်မပြုသည့်တိုင် ထိုလူတွင် လူ့အခွင့်အရေးခံစားခွင့်ရှိသည်။ ထိုသို့အသိအမှတ် မပြုခြင်းသည် ထိုလူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။
၎။ လူအခွင့်အရေးများသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ဆက်စပ်နေသည်။ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်အသက်ရှင်နုင်ရန်အတွက် လူသားတိုင်းလွတ်လွပ်ခွင့် လုံခြုံခွင့်ရှိသလို လုံလောက်သော လူနေမှုဘ၀များကို လိုက်လျောညီထွေစွာခံစားခွင့်ရှိသည်။ မည်သည့်အခွင့်အရေးကိုမှ အခြားအခွင့် အရေးထက် ပို၍အရေးကြီးသည်ဟု ပြော၍မရ၊ လူ့အခွင့်အရေးတခု ချိုးဖောက်ခံရခြင်းသည် အခြား အခွင့် အရေးများကိုပါထိခိုက်စေသည်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးက လူ့အ ခွင့်အရေးကြေညာစာတမ်းကြီးကို အတည်ပြုကြေညာလိုက်ရာ ထိုကြေညာစမ်းတမ်းကြီး၏စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ ရာဇ၀င်တွင်မည့်ကြေညာချက်ကိုပြုလုပ်ပြီး နောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား ထိုကြေညာစာတမ်း ကြီး၏စာသားကို အများပြည်သူတို့ကြားသိစေရန် ကြေညာပါမည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင် နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုပဲ အဓိက အားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှစေရန်၊ မြင်သာအောင်ပြထားရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းချက်များ ဖော်ပြစေရန် ဆောင်ရွက်စေရမည့်အကြောင်းကိုလည်း ဆင့်ဆိုညွှန်ကြားလိုက်သည်။
စကားချီး.....
လူခပ်သိမ်းတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများ ကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် လည်းကောင်း၊
လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည် ကောင်း၊ လွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာသက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်း တို့မှကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခုပေါ်ပေါက်လာရန်အရေး ကို လူခပ်သိမ်းတို့က မိမိတို့၏အထက်သန်ဆုံး လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်ေ
လူခပ်သိမ်းတို့သည် တရားလက်လွတ်နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို နောက် ဆုံးမလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာတော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူ့အခွင့်များကို ဥပ ဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊
နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကိုပိုမိုတိုးတက်စေရန် ကြံဆောင်ရမည်ဖြစ်သော ကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်းကောင်း၊ လူ ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့်အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍အတည်ပြုပြီးသည့်အပြင် လူမှုဘ၀ကြီးပွားတိုးတက် ရေးနှင့် ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့နေမှုဘ၀ အဆင့်အဆန်းကိုမြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ် သောကြောင့်လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူ့အခွင့်အရေးများကို လည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တ၀ှမ်းလုံးတွင် ရိုသေ လေးစားကျင့်သုံး စောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊
ထို့ကြောင့် အထွေထွေညီလာခံကြီးမှ
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြ စေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထို နိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန်၊ ပြည်တွင်း ပြည်ပဆိုင်ရာ တိုးတက်သောဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီး လျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်ကြစိမ့်သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။
အပိုဒ် ၁
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သောဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်သည်။
အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုကွယ်သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံ ရေးယူဆချက် သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့တည်းမဟုတ် လူ နေမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာဂုဏ်အားဖြင့်ဖြစစေ၊ အခြားအဆင့် အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ပြင် လူတစ်ဦးတစ်ယောက်နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ် စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု ၍သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂမှထိန်းသိမ်စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်အာဏာတို့ကို တစိတ်တဒေသလောက်သာရရှိသည့်နယ်မြေ စသည်ဖြင့် ယင်းသို့သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည်ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ မရှိစေရ။
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။
အပိုဒ် ၎
မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်းခိုင်းစေခြင်း မပြုရ၊ လူ ကို ကျွန်သဖွယ် အဓမ္မခိုင်းစေခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူ သမျှကို ပိတ်ပင်တားမြစ်ရမည်။
အပိုဒ် ၅
မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေ သော ဆက်ဆံမှုမပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင် ခွင့်ရှိသည်။
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေ ပဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကိုဖီဆန်၍ ခွဲခြားခြင်းမှလည်း ကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံ စားပိုင်ခွင့်ရှိသည်။
အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်၊ အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက်ပေး ထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ခံခဲ့ရလျှင် ထိုသို့ချိုးဖောက်ဖျက်ဆီးသောပြုလုပ်မှု ကြောင့်ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိ ရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။
အပိုဒ် ၉
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ် စေ မခံစေရ။
အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲ ဆိုစီရင်ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရ သည့်အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ယူဆခြင်းခံထိုက်သည့် အခွင့် အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ် သောအခွင့်အရေးများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန် စဉ်အခါက ထိုက်သင့်စေနိုင်သောအပြစ်ဒဏ်ထက်ပိုမိုကြီးမားသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေ ရ။
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကို သော်လည်းကောင်း၊ မိမိ၏နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်း ကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိနိုင်ငံနယ်နိမိတ်အတွင်း၍ လွတ်လပ်စွာသွားလာရွှေ့ပြေင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာတိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင် မိမိတိုင်းပြည်သို့ပြန်လာပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄
(၁) လူတိုင်းညှင်းပန်းနှိပ်စက်ခံနေရခြင်းမှလွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာခိုလှုံနေ နိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သ ဘောတရားမူများကိုဖီဆန်သော အမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူုမျှ မိမိ၏နိုင်ငံသားအဖြစို စွန့်လွှတ်ခြင်းမခံစေရ။ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။
အပိုဒ် ၁၆
(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ကန့်သတ်ခြင်းမရှိ ဘဲ ထိမ်မြားနိုင်ခွင့်နှင့် မိသားစုထူထောင်ခွင့်ရှိသည်။ အဆိုပါယောက်ျားနှင့်မိန်းမတို့သည် လင်မယားအ ဖြစ်ပေါင်းသင်းနေစဉ်အချိန်အတွင်း၍သောလည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌သော်လည်းကောင်း၊ လက်ထပ်ပေါင်းသင်းအိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အ ရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင် လက်ထပ် ထိမ်းမြားခြင်းကိုပြုရမည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိ သားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာတို့ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်းမခံစေရ။
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက် ၀င်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အ ခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ် ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ် လပ်စွာသင်ပြနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၁၉
လူတိုင်းသည် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟပြောပြနိုင်ခွင့်ရှိသည်။ အဆိုပါအ ခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ် နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့်သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာစုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ဝင်စေရန် အတင်းအကျပမပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့်ကိုယ်စား လှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အ ချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးပိုင်ခွင့်ရှိရမည့်အပြင်၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။
အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံ ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုသူ၏ ဂုဏ်သိက္ခနှင့်စရိုက်လက္ခဏာ လွတ်လပ် စွာတိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ် လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်း ကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေ ထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှလူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းအတွက် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမားအစည်းအရုံးများဖွဲ့စည်းခွင့်၊ ပါ ၀င်ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွ အခါအား လျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ကို ခံစား ပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာအေးချမ်းစွာ နေ ထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အ၀တ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်း ကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော် လည်းကောင်း၊ အသက်အရွယ်အိုမင်းသောအခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စား သောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရ ခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံး သည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်းများ တွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရပညာရေးဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသောအခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှုအပြင်၊ လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည်နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရ မည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှါ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကို လည်း ဖြစ်မြောက်အောင် အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအ ခွင့်အရေးရှိသည်။
အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာ ရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ် စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိ သည်။
(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည် ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန်အခွင့်အရေးအတွက် ကာကွယ်မှုကိုရရှိရန် အခွင့်အရေးရှိသည်။
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးအခြေအနေတို့၏ အ ကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။
အပိုဒ် ၂၉
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသောလူ့အသိုင်းအ၀န်း အတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေ စီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အ ကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း ဥပဒေကပြဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည် ရွယ်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။
အပိုဒ် ၃၀
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့ကို ရည်ရွယ် ၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော် လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော် လည်းကောင်း အဓိပ္ပါယ်ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ
Basic Political Science Part (1)
Item Who, What, When
Researcher Mg Si Thu
Date September 1st, 2007
Event Discussion – "Strong Leadership for Burma's Future"
အကြောင်းအရာ
လူသားအရင်းအမြစ်ဖြိုးတိုးတတ်စေေ
ရည်ညွန်းချက်
လူငယ်မျိုးဆက်သစ်များ
အထူးတင်ပြချက်
အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်
အထူးသတိပြုရမည့်အချက်များ
အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊
Basic Political Science
The International Studies

နိုင်ငံတကာလေ့လာရေး
အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာ
နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည့်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြင့် ၀ါဒရေးရာဆိုင်ရာများ မဟုတ်ပေ။
မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့် နိုင်ငံဖြစ်စေ နိုင်ငံတိုင်း၌ ရှိရမည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော သက်ဆိုင်ရာ နိုင်ငံ့အစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန်ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးသုံးခုအား ဗဟိုပြု၍ အစိုးရအုပ်ချုပ်ရေး ယန္တရားဆိုင်ရာများကို လေ့လာသော အကြောင်းအရာများသာဖြစ်သည်။
ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အားလည်းေ
အခန်းခေါင်းစဉ်
1) Polititic (နိုင်ငံရေး)
2) Political Theories (နိုင်ငံရေး သဘောတရားများ)
3) International Political Systems (နိုင်ငံတကာ နိုင်ငံရေးစနစ်များ)
4) Geography Politic and Comparative Politics (ပထ၀ီနိုင်ငံရေးနှင့် နိုင်ငံတကာ နိုင်ငံရေးစနစ်များ)
5) International Relation (နိုင်ငံတကာဆက်ဆံရေး)
6) International Organizations (နိုင်ငံတကာအဖွဲ့အစည်းများ)
7) Public Policies (ပြည်သူ့မူဝါဒ)
8) Defense and Security Policies (ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်
နိုင်ငံရေး (Political )
နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။
နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းေ
ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသော ကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြရမှာ ဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှားသွားရတာချည်း
ဤသည်ကိုပင် လူတယောက်၏ နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်း ဘ၀ကိုရုန်းကန် ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူးဆက်စပ်မျှက် ဤကမ္ဘာကြီးနှင့် ဤလူသားတွေ တည်ရှိနေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါ၏။
မြန်မာ့လောက၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့် အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အား သည်ထက်ပို၍ သဘောပေါက် နားလည်ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့်ပင် ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်းတွင် စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး စသည်လိုအပ်ချက်များအား နေ့တဓူဝ တွေ့ကြုံဖြည့်စည်းနေရမည်သာ ဖြစ်၏။ ဤသို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံလိုအပ်လာမည် ဖြစ်၏။
ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ ရောက်ရှိသွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ ပတ်ဝန်းကျင်နယ်ပယ်နှင့် ပေါင်းကူး ဆက်စပ်သွားမည် ဖြစ်ပါ၏။
ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက်ရှိုင်းစွာ ကြီးမားလာမည်သာ ဖြစ်၏။ ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံး ကျသွားသည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက်ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။
တနည်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စုသန်းပေါင်းများစွာတိ
ထို့ကြောင့် နိုင်ငံရေးဟူသော စကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသော စကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၇၀) ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသော ဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ်ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သော အစဉ်အလာတရပ် ပေါ်ထွန်းလာခဲ့ခြင်းသာ ဖြစ်ပါ၏။
နိုင်ငံရေးဟူသည် မိမိတို့၏ အရေးကိစ္စသာ ဖြစ်၏၊ နိုင်ငံရေးအား စဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့် တိုက်ရိုက် ချဉ်းကပ်စဉ်းစားရန် လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသားတယောက်၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည် မဟုတ်ပါ။
"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာလောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အား ပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ်တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်ကြီး ဖြစ်ပေါ်နေမည်ဖြစ်ပါ၏။
ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းဟူသော ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ်ပေါ်နေသော ဆင်းရဲခြင်းအမှန်တရား) ပင်ဖြစ်ပါ၏။
နိုင်ငံရေးသီအိုရီ (Political Theories)
1)နိုင်ငံတော်
2)အစိုးရစနစ်
3)မူဝါဒများ
4)အုပ်ချုပ်ရေးစနစ်
5)တရားစီရင်ရေးစနစ်
6)ဥပဒေပြုရေး
7)လူမျိုးရေးပြဿနာများ
8)ဘာသာရေးဆိုင်ရာပြဿနာများ
9)လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10)မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿ
11)လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12)တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13)တောင်သူလယ်သမားအရေးဆိုင်ရြာ
14)အလုပ်သမားဆိုင်ရာပြဿနာများ
စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေများအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ်ဖေါ်ထုတ်ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် ဘီစီ-၅၀၀ခန့်မှ စတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။
လိုအပ်ပါကထပ်မံဖြည့်စွတ်ပေးရန်
ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ
ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွ
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချု
အရင်းရှင်ဝါဒ (Capitalism, Europe)
ကိုလိုနီဝါဒ (Colonism, Europe)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)
International Political Systems
Form of Governments
2. Aristocracy (The rule by the Best) အကောင်းဆုံးလူများကအုပ်ချုပ်ခြင်း
3. Authoritarianism အာဏာပိုင်များကြီးစိုးသောဝါဒ
4. Autocracy သက်ဦးဆံပိုင်အာဏာရှင်စနစ်
5. Communist State ကွန်မြူနစ်ဝါဒဖြင့်အုပ်ချုပ်သောနိုင်ငံ
6. Democracy (demo, Kratos) ပြည်သူလူထုမှအုပ်ချုပ်ခြင်း
A. Direct Democracy
B. Representative Democracy
7. Despotism ဆွေစဉ်မျိုးဆက်ကောင်းစားရေးဝါဒ
8. Dictatorship အာဏာရှင်ဝါဒ
9. Fascism လူမျိုးကြီးဝါဒ
10. Feudalism ကံကြွေးချစနစ်(မြေရှင်ပဒေသရာဇ်)
11. Hierocracy (Rule by the Priests) ဘာသာရေးဘုန်းကြီးများမှအုပ်ချုပ်ခြင်း
12. Kleptocracy (Rule by the Thieves) သူခိုး၊ ဒမြများမှအုပ်ချုပ်ခြင်း
13. Kritarchy (Rule by the Justice) ဘာသာရေးအဆုံးအမများအပေါ်အခြေခံ၍ အုပ်ချုပ်ခြင်း
14. Krytocracy (Rule by the Judges) တရားသူကြီးများကအုပ်ချုပ်ခြင်း
15. Meritocracy (Rule by the Ability) လူစွမ်းကောင်းပုဂ္ဂိုလ်မှအုပ်ချုပ်ခြင်း
16. Monarchy သက်ဦးဆံပိုင်ဘုရင်စနစ်
A. Absolute Monarchy အကြွင်းမဲ့သက်ဦးဆံပိုင်
B. Constitutional Monarchy စည်းမျဉ်းခံဘုရင်စနစ်
17. Ochlocracy (Rule by Mob) လူဆိုးသောင်းကျန်းသူများကအုပ်ချုပ်ခြင်း
18. Oligarchy (Rule by the Elite) ကျော်ဇောထင်ရှားသောသူများကအုပ်ချုပ်ခြင်း
19. Plutocracy (Rule by wealth) ချမ်းသာသောသူများကအုပ်ချုပ်ခြင်း
20. Republic ပြည်သူလူထုမှအုပ်ချုပ်သောစနစ်
A. Mixed Government ဘုရင်စနစ်နှင့်မျက်မှောက်စနစ်တို့ပေါင်းစပ်အုပ်ချုပ်ခြင်း
B. Constitutional Republic ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံခေါင်းဆောင်အား ပြည်သူများမှ တိုက်ရိုက် (သို့မဟုတ်) လူထုကိုယ်စားလှယ်များရွေးချယ်၍ အာဏာခွဲဝေမှုနှင့် ကန့်သတ် တားမြစ်မှု များအားပြဌာန်း၍ အုပ်ချုပ်ခြင်း
C. Parliamentary Republic ခေါင်းဆောင်၏ လုပ်ပိုင်ခွင့်အာဏာကိုကန့်သတ်၍ ပြည်သူ လူထုမှရွေးချယ်တင်မြှောက်လိုက်သော လူထုကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ်များမှ
လည်းကောင်းတို့ ပါတီ၏ခေါင်းဆောင်အားဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခြင်း။
D. Socialist Republic ပြည်သူ့ဆိုရှယ်လစ်အရင်းရှင်
E. Capitalist Republic ဆိုရှယ်လစ်အရင်းရှင်
21. Single Party State တပါတီကြီးစိုးသောစနစ်
22. Thalassocracy အင်ပါယာစနစ်
23. Theocracy ဘာသာရေးနှင့် နိုင်ငံအုပ်ချုပ်ရေးအားတွဲစပ်အုပ်ချုပ်ခြင်း
24. Timocracy (Rule by the honor) (Rule by the wealth)
25. Totalitarianism ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အကြွင်းမဲ့အာဏာပိုင်စနစ်
26. Tyranny မင်းစိုးမင်းညစ်
အထက်ပါစနစ်များသည် ဤကမ္ဘာပေါ်ရှိဒေသအသီးသီးတို့၌ ကျင့်သုံးအုပ်ချုပ်ခဲ့ကြသော၊ ဆက်လက်ကျင့် သုံးအုပ်ချုပ်နေဆဲဖြစ်သော နိုင်ငံအုပ်ချုပ်ရေးစနစ်များဖြစ်ကြပါသည်။
လိုအပ်ပါကဖြည့်စွက်ပေးရန်
အထက်၌ဖေါ်ပြခဲ့သော နိုင်ငံရေးစနစ်များအားလေ့လာ၍မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများကို လေ့လာဆန်းစစ်၍ မိမိလက်လှမ်းမီရာနိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်ပေါ်ခဲ့ သောအခြေအနေများနှင့် ဖြစ်ပေါ်ဆဲအခြေအနေများကို ပြန်လည်၍ သုတေသနပြုရန်လိုအပ်ပါသည်။
ဤသို့သုတေသနပြုရာ၌ ဓမ္မဓိဌာန်ကျကျသုတေသနပြုမှသာ (သို့မဟုတ်) မည်သည့်အပေါ်၌မျှ အစွဲမရှိဘဲ သုတေသနပြုမှသာအားနည်းချက်၊ အားသာချက်များကို ပီပြင်စွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကိုဝေဖန်ဆန်းစစ်ရာ၌ တိုးတတ်နေသောနိုင်ငံများနှင့် ဆင်းရဲမွဲတေ လျှက်ရှိသောနိုင်ငံများဟူ၍ အကြမ်းအားဖြင့်သိသာမြင်သာစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် အောက် ဖေါ်ပြပါမေးခွန်းများသည် စိတ်ဝင်စားဖွယ်အဖြစ်၎င်း၊ ပြန်လည်စဉ်းစားသုံးသပ်ရန် အဖြစ်၎င်း ဖေါ်ပြထားပါသည်။
1. မိမိတို့နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် မည်သည့်အမျိုးအစားဖြစ်သနည်း။
2. မျက်မှောက်အုပ်ချုပ်ရေးစနစ်အား မည်သို့ထူထောင်ခဲ့သနည်း။
3. ဆင်းရဲခြင်းသည် မျက်မှောက်အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ်ပါသလား။
မှတ်ချက်
1. ဂျပန်နိုင်ငံ၌ မြေယာသည် မြန်မာပြည်ထက်နည်းပါသည်။
2. ဂျပန်နိုင်ငံ၌ အလွယ်အကူသစ်ပင် မစိုက်ပျိုးနိုင်ပါ။
3. စိုက်ချင်သည့် အပင်အား စိုက်လို့မရနိုင်ပေ။
4. အသီးစားပြီး အစေ့လွှင့်ပစ်လိုက်ရုံနှင့်အပင်မပေါက်နိုင်ပေ။
5. စိုက်ပျိုးမြေ၏ မြေဆီလွှာများကို အမြဲတမ်းပြုပြင်နေကြရပါသည်။
6. သဘာဝသယံဇာတအားဖြင့် သဲနှင့်ကျောက်စရစ်ဘဲရှိပါသည်။
သို့သော် ကမ္ဘာ၌အချမ်းသာဆုံးနိုင်ငံများ၌ တနိုင်ငံဖြစ်ပေသည်။
အဘယ်ကြောင့်နည်း။
သင်မည်သို့ယူဆပါသနည်း။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၁)
အမည် - Kung Qiu,(…)or Kung Chin or Master Kung
လူမျိုး - တရုတ်လူမျိုး၊ - အရှေ့တိုင်းအတွေးအခေါ်ပညာရှင်
Shang မင်းဆက် မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်၊
ခေတ် -Zhou Era
အဓိကဖေါ်ထုတ်ချက်
အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံ့အကျိုး၊ လူဘောင်အကျိုးကိုရည်ရွယ်ခဲ့။
The Chinese philosopher Confucius (551-471 BC)ကွန်ဖြူးရှပ်ဝါဒဟု ခေါ်တွင်ပါသည်။ စတင် တည်ထောင်သူမှာ ... တရုတ်လူမျိုး (Kong Qiu) ဖြစ်သည်။ လွန်ခဲ့သော ခရစ်မပေါ်မီ (BC-551~471) အတွင်း ... ပေါ်ထွန်းခဲ့သော အယူအဆဖြစ်ပြီး ... နိုင်ငံရေး အတွေးအခေါ်အားဖြင့် ... ကမ္ဘာရှေးအကျဆုံးဟု သမိုင်း အထောက်အထားများ အရ ယူဆရပါသည်။ ဖေါ်ထုတ်ခဲ့သော သူ၏အမည်ကို အဆွဲပြု၍ ... ကွန်းဖြူးရှပ်ဝါဒ ဟု ... ခေါ်ဆိုပါသည်။
ကွန်ဖြူးရှပ်သည် နိုင်ငံရေးအယူအဆနှင့် ပတ်သက်၍ သူ၏အမြင်ကို ... ဖေါ်ထုတ်ရာမှာ ကမ္ဘာ၌ပထမဦးဆုံး ဖေါ်ထုတ်ခဲ့သူ တစ်ဦးထဲ၌ အပါအ၀င် ဖြစ်သည့်အပြင် ... မျက်မှောက် ခေတ်တိုင်အောင် သူ၏အယူအဆများကို လက်ခံ အမီပြုထားကြပါသည်။ ကွန်ဖြူးရှပ်၏အဆိုအရ -
`အုပ်ချုပ်သူတယောက်ဟာ ... မိမိမှချမှတ်ထားသော ... စည်းမျဉ်းစည်းကမ်းတွေကို မိမိကိုယ်တိုင်လည်း လိုက်နာသင်ယူရန် ... ဖြစ်သည် ဆိုတာကို ... စွဲစွဲမြဲမြဲ ... ယုံကြည်ထားရပါလိမ့်မည်´
Confucius {Kong Qiu, September 28, (BC-511~471~479)
ပြည်သူပြည်သားတွေကို အုပ်ချုပ်တဲ့အခါ ... ထိတွေ့ဆက်ဆံတဲ့အခါ ... ကိုယ်ရဲ့သွေးချင်း သားရင်းလို၊ ကိုယ်နဲ့ ... သက်ဆိုင်သူအဖြစ် မေတ္တာတရားနဲ့ ပြုမှုရမယ်လို့ ... ကွန်ဖြူးရှပ်က ဥပမာပေး ... တင်ပြထားပါသည်။
ကွန်ဖြူးရှပ်၏ လူ့ဘ၀နှင့် ဒဿနအမြင်
ကွန်ဖြူရှပ်သည် ... လူနှင့် လူသားတို့ ကျင်လည်နေကျသော လူ့ဘောင် အဖွဲ့အစည်းကြောင်းကို ... အလေးထား တွေးခေါ်ခဲ့လေသည်။ ၎င်း၏ ... အတွေးအခေါ်တွင် လူသားတို့နှင့်သာ သက်ဆိုင်သော လူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ကျင့်တရား ... စသည်တို့ကိုသာ လေ့လာ ဆွေးနွေး တင်ပြထားကြောင်း တွေ့ရသည်၊ ကွန်ဖြူရှပ်သည် ... လူသားတို့၏ ပင်ကိုယ် သဘောသဘာဝမှာ ကောင်းသည် ... ဆိုးသည် ဟူသော ... ပြဿနာကိုမှုကာ ... ဆွေးနွေးခဲ့ခြင်း မရှိပေ။ လူသဘာဝနှင့် ပတ်သက်၍ ကွန်ဖြူရှပ်က လူတို့သည် အနှစ်သာရအားဖြင့် တူညီမှု ရှိကြသည်ဟု ... ဆိုခဲ့ပါသည်။
ကွန်ဖြူရှပ်နေထိုင်ခဲ့သော ခေတ်အချိန်ကာလ၌ ... မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူများသာ ... အကျင့် စာရိတ္တ မည်သို့ပင် ရှိစေကာမူ ... မြင့်မြတ်သော သူများဖြစ်သည်ဟု ... ထိုခေတ်အခါ၌ ယူဆ ထားကြလေသည်။ ဤအယူအဆကို ကွန်ဖြူရှပ်က ... ပထမဆုံး ဆန့်ကျင် တော်လှန်ခဲ့လေသည်။ ကွန်ဖြူရှပ်၏ အယူအဆမှာ မည်သူမဆို အကျင့်စာရိတ္တ ကောင်းမွန်ပါက လူကြီးလူကောင်း ... မြင့်မြတ်သူ ဖြစ်နိုင်သည်ဟု ... ဆိုပါသည်။
သူသည် ... ဆင်းရဲမှုနှင့်လည်း ... တွေ့ကြုံခဲ့ရဘူးသည်။ ထို့ကြောင်လည်း ဆင်းရဲသားတို့၏ ဘ၀ကိုလည်း ... စာနာ နားလည်ခဲ့ရပါသည်။ မူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် ... မူးမတ်တို့၏ ဘ၀ကိုလည်း သိမြင် နားလည်ခဲ့လေသည်။ ကွန်းဖြူးရှပ်သည် မူးမတ်တို့ကို ... စက်ဆုတ် ရွံ့ရှာ၏။ မူးမတ်တို့သည် မည်သည့် ... အလုပ်ကိုမျှ မယ်မယ်ရရ ... လုပ်ကိုင်ကြခြင်းမရှိဘဲ ... ပျင်းရိစွာ ... နေထိုင်ကြသည့်အပြင် ... စည်းဇိမ်ကျစွာ ... နေထိုင်ရရေးကိုသာ ... အမြဲတစေ ... ကြံစည် နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ... စည်းဇိမ်ကြစွာ နေထိုင်နိုင်ရေးအတွက် ... ပြည်သူ ပြည်သားတွေအပေါ် အခွန်တိုးကောက်ခံစေခြင်း ... အဓမ္မ ခိုင်းစေခြင်း ... စစ်ဆင် တိုက်ခိုက်ခြင်း ... စသည် တို့ကိုသာ ပြုလိုခြင်းဖြင့် ... အချိန်ဖြုန်းကြ၏။
ထိုလုပ်ရပ်များကြောင့် ... ပြည်သူ ပြည်သားတို့မှာ အလွန်အမင်း ဆင်းရဲဒုက္ခ ရောက်ရ၏။ ထို့ကြောင့် ကွန်ဖြူးရှပ်သည် ... မူးမတ်မျိုးသာလျှင် ... လူကြီးလူကောင်း ဖြစ်သည်ဟူသော ... အယူအဆအား လက်မခံဘဲ တော်လှန်ခဲ့ခြင်း ... ဖြစ်ပါ၏။
ကွန်ဖြူးရှပ်၏ သဘောအရ ... လူတိုင်းလူတိုင်းသည် ... ပင်ကိုယ် သဘောသဘာဝ တူညီသည်ဖြစ်ရာ တစ်ဦး တစ်ယောက်သောသူသည် ... ကိုယ်ကျိုးမကြည့် ... တရားမျှတ၍ ... သနား ကြင်နာတတ်သော သူဖြစ်လျှင် လူကြီးလူကောင်း ... ဖြစ်သည်။ ထို့ကြောင့် ... မွေးဇာတိက အဆုံးအဖြတ်မပေး ... အကျင့်စာရိတ္တက အဆုံးအဖြတ် ပေးသည်ဟု ကွန်းဖြူးရှပ်က ဆိုပါ၏။
ကွန်ဖြူးရှပ်က လူသားအားလုံးသည် ... အတူတူပင် ဖြစ်သည်ဟု ဆိုသည်သာမက ... လူတို့သည် ... တဦး တယောက်တည်း နေ၍မရဘဲ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေထိုင်ကြရသည်ဟု ... ဖေါ်ပြခဲ့ပါသည်။ ကွန်ဖြူးရှပ်၏ ... သဘောအရ လူဟူသည် လူမှုဆက်ဆံရေး သတ္တ၀ါဖြစ်သည်ဟု ... ဆိုပါ၏။ လူတို့သည် လူ့ဘောင်နှင့် ကင်းကွာ၍ မတည်ရှိနိုင်။ လူသားတို့ အပြုအမူ အကျင့်အကြံတို့သည် လည်းကောင်း ... လူ့ဘောင် အဖွဲ့အစည်း ဟူသည်လည်းကောင်း... လူသား အချင်းချင်း ... အပြန်အလှန် ... ဆက်ဆံနေထိုင်ခြင်းသာ ... ဖြစ်သည်။
ထို့ကြောင့် .. လူသည် လူဘောင် အဖွဲ့အစည်းမှ ခွဲထွက်၍ ... တသီးပုဂ္ဂလ ... နေထိုင်ခြင်းသည် မသင့်လျှော်သကဲ့သို့ ... အများစုလုပ်ကိုင်သကဲ့သို့ ... အများစုလုပ်ဆောင်သည့်အတိုင်း ... လိုက်၍ ပြုလုပ် ဆောင်ရွက်ခြင်းသည်လည်း ... မသင့်လျှော်ပါချေ။ အများစု .. လက်ခံသော ထုံးဓလေ့များသည် ... ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေလျှက် လည်းကောင်း ... အကျင့်သီလကို ... ပျက်ပြားစေလျှက်လည်းကောင်း ... ယင်းထုံးဓလေ့များကို ... လိုက်နာခြင်း ... မပြုသင့်ဘဲ ပြုပြင်ပြောင်းလဲရန် ... ကြိုးစားရမည်ဟု ... ဟောကြားခဲ့ပါသည်။
ကွန်ဖြူးရှပ်၏ အလိုအရ လူသားတို့၏ အချင်းချင်း ဆက်ဆံရေးတွင် လိုက်နာအပ်သော ... စည်းမျဉ်းများသည် အခြားအရာများတွင် ... အရင်းမခံဘဲ လူသားတို့၏ ပင်ကိုယ် ... အတွင်းသဘော၌ အရင်းခံသည်ဟု ... ဆိုပါသည်။ လူသားတစ်ယောက်အား ... လူဟု သတ်မှတ်နိုင်ခြင်းသည် ထိုလူသား၏ အတွင်းသဘော လူသား၏ စိတ်ထားကြောင့် ... ဖြစ်သည်ဟုဆို၏။ လူသားစိတ်ထားအရ ... ကျင့်ကြံဆက်သွယ် ပျော်ရွှင်မှုကို ... ရရှိနိုင်မည်ဖြစ်သည်။
လူသားစိတ်ထား (Jen) သည် လူသားအချင်းချင်း ဆက်သွယ်ရာတွင် ထိန်းကြောင်း ... လမ်းညွှန်မှု ... ပြုသည့် သဘောဖြစ်သည်။ ဤသို့ဖြင့် ... ကွန်ဖြူးရှပ်သည် လူသားတို့ အပြုအမူ၏ ... လမ်းညွှနှ်းုပြုသည့် သဘောတရားကို သဘာဝတွင်လည်းကောင်း၊ သဘာဝလွန်အင်အား ... နတ်ဘုရားတွင်လည်းကောင်း ... ရှာဖွေခြင်းမပြုဘဲ လူသားတို့၏ ... အတွင်းသဘောတွင်သာ ... အခြေခံခြင်းဖြစ်၍ လူသားတို့ကို အလေးအမြတ်ထားကြောင်း ... တွေ့ရ၏။ ဆိုလိုသည်မှာ လူသာပဓာနဖြစ်၏။
ဤလူသားစိတ်ထား (Jen) သည် ... ကွန်ဖြူးရှပ်၏ အတွေးအခေါ်တွင် ... အခြေခံတရားဖြစ်ပြီး ...၎င်းတရားမှ ၎င်း၏ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးအယူအဆများကို ... ဆင်ခြင်ဆွဲယူထားကြောင်း ... တွေ့ရ၏။ တဦးတယောက်သောသူသည် ... လူသားစိတ်ထားရှိပါက ယင်းလူသားသည် ပြီးပြည့်စုံသော ကောင်းမြတ်ခြင်း တရားကို ရရှိပြီး ... ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆထားခဲ့ပါ၏။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၂)
ကိုယ်ကျင့်တရားပညာ
ကွန်ဖြူးရှပ်၏၀ါဒတွင် ... ကိုယ်ကျင့်တရားများကို ... အခြေခံ၍ လေ့လာ ဆွေးနွေးထားကြောင်း ... တွေ့ရပါသည်။ ကွန်ဖြူးရှပ်သည် မိမိနေထိုင်သော ခေတ်ကာလ တရုတ်ပြည်ကြီးတွင် ... ကျိုမင်းဆက် ပျက်သုန်းပြီးနောက် ... ဗဟိုချုပ်ကိုင်မှုစနစ် မရှိတော့ဘဲ ... မြို့စားနယ်စားများသည် ... သူတလူငါတမင်းဖြင့် ... အားပြိုင်သော ... အာဏာလုနေသော ... အချိန်ဖြစ်လေရာ ... တိုင်းသူပြည်သားတို့သည် ... ဒုက္ခအပေါင်းနှင့် ရင်ဆိုင် ကြရလေသည်။ ကိုယ်ကျင့်တရား ... ပျက်ဆီးနေသော အချိန်ကာလလည်း ... ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေများကို ပြုပြင်ပြောင်းလဲ လိုသော ... ကွန်ဖြူးရှပ်သည် ကိုယ်ကျင့်တရားများကို အခြေခံ၍ ... တွေးခေါ် ဟောပြောထားသည်မှာ ... အချိန်အခါနှင့် တထပ်တည်း ကျစွာဖြင့် ... ဖြစ်သင့် ဖြစ်ထိုက်သည့်အပြင် ... လွန်စွာမှလည်း သဘာဝကျလှပေသည်။
ကွန်ဖြူးရှပ်၏အလိုအရ ... လူ့ဘောင်အဖွဲ့အစည်း ... ကောင်းမွန်စေရန် လူတဦးချင်းစီ၏ ကိုယ်ကျင့်တရား ... ကောင်းမွန်ရေးသည် ... အလွန်အရေးကြီးသည်ဟု ... ယူဆ၏။ လူ့အဖွဲ့အစည်းအတွင်း ... နေထိုင်ကြသော လူသားတို့သည် ... အချင်းချင်း ... ဆက်ဆံရာတွင် တရုတ်ဘာသာအားဖြင့် (Jen) ဟုခေါ်သော ...လူသားစိတ် (သို့မဟုတ်) လူလူချင်း ... စာနာစိတ်ရှိရမည်ဟု ... ဆိုပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်အမြင်တွင် (Jen) သည် ... (Human Heartedness) လူသားစိတ်ထား ...(Yi)(Righteousness) ဖြောင့်မတ်ခြင်းသဘော ... (Li) (Ritual)သည် ... ပူဇော်ပသခြင်း၊ (Chih) (Wisdom) အသိပညာစသည့် ... သဘောတရားများကို ... လက်ခံထားကြောင်း ... တွေ့ရသည်။
(Hsin) (Good Father or Sincerety) ကောင်းသော ... ယုံကြည်မှုဟူသော ... အယူအဆကို ... ကွန်ဖြူးရှပ်၏ နောက်လိုက်များက ... ထပ်မံ ဖြည့်စွတ်ထားခြင်း ဖြစ်၏။ ကွန်ဖြူးရှပ်အနေနှင့် ... (Jen) (Yi) (Li) and (Chih) ဟူသော ... ကောင်းမြတ်ခြင်းတရား (၄) မျိုးကိုသာ ... တင်ပြခဲ့ပါသည်။
ကွန်ဖြူးရှပ်၏ ကိုယ်ကျင့်တရားအမြင်တွင် (Jen) ဟူသော ... ကောင်းမြတ်ခြင်း တရားသည် အဓိက ဖြစ်ပါ၏။ (Jen) ဟူသော ... ကောင်းမြတ်ခြင်း တရားသည် (Hsiao) (Filial Platy) မိဘကို ... ကိုးကွယ် ရိုသေခြင်း (Ti) သည် ညီအကိုတို့၏ ချစ်ခြင်းဟူသော ... သဘောတရားတွင် အခြေခံသည်။ (Hsiao) ဟူသော ... မိဘကို ကိုးကွယ် ရိုသေမှုတွင် ... မိမိခန္ဓာကိုယ်ကို မပျက်မဆီး၊ အကျိုးမယုတ်အောင် ကာကွယ် စောင့်ရှောက် ခြင်းသည်လည်း ... မိဘကို ကိုးကွယ် ... ရိုသေ ... သက်ရောက်သည်ဟု ... ဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် ... မိမိခန္ဓာကိုယ်သည် မိဘထံမှ ရရှိထားခြင်းကြောင့် ဖြစ်၏။ မိမိ ကြီးပွားတိုးတတ် အောင် ဆောင်ရွက်ခြင်းဖြင့် ... မိမိ၏ မိဘ မျိုးအမည်ကို .. ထင်ပေါ် ကြော်ကြား စေခြင်းသည်လည်း ... မိဘကို ရိုသေသမှု ... ပြုရာရောက်သည်ဟု ... ဆိုပါသည်။ ဤတွင် ... မိဘတို့ကို ကိုယ်စိတ်နှစ်ပါးစလုံး ... ချမ်းသာအောင် ပြုစုရမည်ဟူသော သဘော ... သက်ရောက်ပေသည်။
မိဘများကွယ်လွန်ပြီးနောက် ... မိဘတို့၏ ... အထမမြောက်ခဲ့သော ... ရည်မှန်းချက်များသည် မိမိ၏ရည်မှန်းချက်များ...ဖြစ်လာရပါမည်။ ... ဤအချက်သည်မိဘများကွယ်လွန်ပြီးနောက် မိဘကိုရှိးခိုးပူဇော်ခြင်းထက်... ပို၍အရေးကြီးသည်ဟု ... ကွန်ဖြူးရှပ်ကဆိုပါသည်။
မိဘတို့အားကိုးကွယ်ရိုသေခြင်းတည်းဟူသော ... ကောင်းမြတ်ခြင်းထက် ... တရားလေ့ကျင့်ရာမှာ (Ti) ...ဟူသော... ညီအကိုတို့၏ ... ချစ်ခြင်းဟူသော ... ကောင်းမြတ်ခြင်းတရားကိုရရှိမည်ဖြစ်ပေသည်။ ဆိုလိုသည်မှာ ... မိဘကိုချစ်ခင်ရိုသေရာမှ ... ညီအကိုမောင်နှမများကိုလည်း ... ချစ်ခင်ရိုသေတတ်လာမည် ... ဖြစ်ပေသည်။ ဤသို့သော... ချစ်ခြင်းမေတ္တာတရား၏... လမ်းညွှန်ချက်အရ ... အပြုအမူသည် (Jen) အရ ...ပြုမူခြင်း ဖြစ်ပေသည်။ ဤသို့အားဖြင့် (Hsiao) (Ti) တို့ကို ... လေ့ကျင့်ရာမှ (Jen) ဟူသော ... ကောင်းမြတ်ခြင်းတရားကို ရရှိမည်ဟု... ဆိုပါသည်။
ကွန်ဖြူးရှပ်သည် ... (Jen) နှင့် (Yi) အပြင် (Li)ကိုလည်း ... သူ၏ ... ကိုယ်ကျင့်တရားအမြင်တွင် လက်ခံထားလေသည်။ ကွန်ဖြူးရှပ်၏ ... ကိုယ်ကျင့်တရား ... အမြင်တွင် တွေ့ရသော (Li) သည် ဘာသာရေးတွင် ... ပူဇော်ပသခြင်းဆိုင်ရာ ... စည်းမျဉ်း စည်းကမ်းများ လုပ်ထုံး လုပ်နည်းများဟူသော ... ကျယ်ဝန်းသည့် အဓိပ္ပါယ်ကိုဆောင်၏။
ဥပမာအားဖြင့်... မိဘများသည်... သားသမီးတို့အပေါ်... ချစ်မေတ္တာထားရမည်။ သားသမီးများကလည်း မိဘကိုချစ်ခင်ရိုသေကြရမည်။ ... ညီငယ်များသည်အကိုများကိုရိုသေရမည်။ ... အကိုများကလည်းညီငယ်များ ကိုချစ်ခင်ကြရမည်။ မိတ်ဆွေအချင်းချင်း ... သစ္စာရှိရမည်။ တိုင်းသူပြည်သားများသည် ... အုပ်ချုပ်သူများကို ရိုသေလေးစားရမည်။ အုပ်ချုပ်သူများကလည်း ... တိုင်းသူပြည်သားများအပေါ်... ဂရုဏာ မေတ္တာ ထားကြရမည်။
ကွန်ဖြူးရှပ်သည် ... (Li)ကို ... အလေးအမြတ်ထားခြင်းအားဖြင့်လူသားတို့၏ စာရိတ္တ ကောင်းမွန်ရေးကိုသာမက ယဉ်ကျေးမှု ... ရှိရန်ကိုလည်း ... အလေးထားကြောင်း ... တွေ့ရ၏။ တဦးတယောက်သောသူသည် ဖြောင့်မတ်စွာ ... ကျင့်ကြံရမည် သာမက အခြေအနေနှင့် ... လျှော်ကန်သင့်မြတ်သော ... အပြုအမူကိုလည်း ယဉ်ကျေးသိမ်မွေ့စွာ... ပြုမူတတ်ရပေမည်။ ကွန်ဖြူးရှပ်အလိုအရ (Jen) (Yi) (Li) တို့ကို ... သိရှိနားလည်ရန် လိုသည်။ (Jen) ကိုသိမှသာ (Yi) နှင့် (Li)ကို ... သိရှိနားလည်မည်။ ထိုနည်းအတိုင်းပင် (Yi) နှင့် (Li) ကိုသိမှသာ... ၎င်းနှင့်ပတ်သက်သော... သဘောသဘာဝကို ... နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်... အသိပညာ .. လိုအပ်ကြောင်း ... ဟောပြောခဲ့ပါသည်။
ကွန်ဖြူးရှပ်သည် (Chin) အသိဟူသော ... ကောင်းမြတ်ခြင်းတရားကိုလည်းလက်ခံထားလေသည်။ ကွန်ဖြူးရှပ်အလိုအရ (Jen) (Yi) (Li) တို့ကိုသိရှိနားလည်မည်။ ထိုနည်းအတိုင်းပင် (Yi) နှင့်(Li) ကိုသိမှသာ ၎င်းနှင့်ပတ်သက်သောသဘောသဘာဝကို ... နားလည်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ... အသိပညာလိုအပ်ကြောင်း ... ဟောပြောခဲ့ခြင်းဖြစ်ပါသည်။
ကွန်ဖြူးရှပ်သည် ... လူ့ကိုယ်ကျင့်တရား ... ကောင်းမွန်ခြင်းအပေါ် ... အခြေခံ၍ ... ယင်းခေတ်တွင် ... ပျက်စီး ယိုယွင်းနေသော ... လူမှုရေးနှင့် ... နိုင်ငံရေး အခြေအနေများကို ... ပြုပြင်ပြောင်းလဲရာတွင် ... ဇွဲလုံ့လမလျှော့ဘဲ ဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါသည်။ ဤတွင်... ကွန်ဖြူးရှပ်သည် ... မည်သည့် ... အကျိုး မျှော်လင့်ချက်မှ မရှိဘဲ (Doing for Nothing) ပြုလုပ်ခြင်းဟူသော ... သဘောကို ... လက်ခံထားလေသည်။ (Doing for Nothing) သည် ... တာအိုဝါ ဒီတို့ လက်ခံထားသော (Doing Nothing) ဘာမျှမလုပ်ခြင်းနှင့် ... မတူညီပေ။ (Doing Nothing) ဘာမျှမလုပ်ခြင်းဟူသော ... တာအိုဝါဒီတို့၏ အယူအဆကို ... ကွန်ဖြူးရှပ်က ... လက်မခံပေ။ သူ၏အဆိုအရ ... လူတိုင်းဘာမျှမလုပ်ခြင်းဟူသည် ... မဖြစ်နိုင်။ ပြုသင့်ပြုထိုက်၍ ... ပြုလုပ်သင့်သော အလုပ်များရှိလေသည်။ သို့သော်... ပြုလုပ်သင့်သောအလုပ်များကို ... ပြုလုပ်ရာ၌ ... မည်သည့်အကျိုးကိုမျှ မျှော်ကိုးခြင်းမပြုရ။ ပြုလုပ်သင့်သော ... အလုပ်များကို ... ပြုလုပ်ခြင်းသည်ပင်... တန်ဖိုးရှိလေသည်။
အဘယ်ကြောင့်ဆိုသော်... မိမိပြုလုပ်သော ... အပြုအမူသည် ... အကျိုးရှိမရှိ၊ အောင်မြင်မှုရ/မရဆိုသည်မှာ ကံကြမ္မာအရပင်ဖြစ်၏။ ကွန်ဖြူးရှပ်အလိုအရ (Ming) သည် ... ကောင်းကင်ဘုံ၏ ... စီရင်ဆုံးဖြတ်ချက်အတိုင်း ဖြစ်လိမ့်မည်။ “ကျွန်ုပ်တို့ဆောင်ရွက်ချက်များ၏ အောင်မြင်မှုအတွက် (Ming) သည် ... ကျွန်ုပ်တို့၏ လက်ထဲ၌ မရှိပေ” ဟုဆိုပါ၏။
ထို့ကြောင့် ... အောင်မြင်မှု/မအောင်မြင်မှုတို့အတွက် ... ပူပင်သောက ... ရောက်နေစရာမလို။ ပြုသင့်ပြုထိုက် လုပ်သင့်လုပ်ထိုက်သည်ကိုသာလုပ်ခြင်းသည် ... (Ming) သိခြင်းဖြစ်၏။ ၎င်းကို ... နားလည်သိရှိခြင်းသည် မြင်ြ့မတ်သောသူတစ်ယောက်ဖြစ်ရေးအတွက် ... အရေးကြီးသော လိုအပ်ချက် ဖြစ်သည်ဟု ... ဆိုပါသည်။
(Ming) ကိုသိရှိခြင်းဖြင့် .. မျက်မှောက်ကမ္ဘာကြီး၏အခြေအနေသည် ... မလွဲမသွေ ... သဘောဆောင်ကြောင်း အသိအမှတ်ပြုမည်ဖြစ်၍ ... မိမိဆောင်ရွက်ချက်များသည် ... အောင်မြင်မှု ရှိ/မရှိ ဂရုပြုမည် ... မဟုတ်ပေ။ ဤသို့ ဆောင်ရွက်ချက်မျိုးသည် ... မည်သည့်အခါမျှ ဆုံးရှုံးခြင်း မရှိဟု ... ဆိုနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ... ကျွန်ုပ်တို့သည် ... တာဝန်ဝတ္တရားများကို ... ဆောင်ရွက်ပြီးဖြစ်၍ အောင်မြင်သည်ဖြစ်စေ .... မအောင်မြင်သည်ဖြစ်စေ၊ ကိုယ်ကျင့်တရားအရ ... ကျွန်ုပ်တို့၏တာဝန်ကျေပြီး ဖြစ်ပေသည်။ ထိုအောင်မြင်မှု၊ ဆုံးရှုံးမှုတို့အတွက်... စိတ်ပူပင်သောက မရှိသောကြောင့် ... ပျော်ရွှင်မှုကို ရနိုင်မည် ... ဖြစ်သည်။
ကွန်ဖြူးရှပ်က (မန့်) ဆိုသည်မှာ -
၁။ ပညာရှိသောသူများသည် သံသယမှကင်း၏။
၂။ ကောင်းမြတ်သော သူများသည် ပူပင်သောကကင်း၏။
၃။ ရဲရင့်သော သူများသည် ကြောက်ရွှံ့ခြင်းမှကင်း၏။
၎။ မြင့်မြတ်သော သူများသည် အစဉ်ပျော်ရွှင်ရ၏။
၅။ သေးနုပ်သော သူများမှာမူ အစဉ်အမြဲစိတ်ဆင်းရဲရ၏၊ ဟူ၍မိန့်ဆိုခဲ့ပါသည်။
osted at: Friday, July 24, 2009 | Filed Under: နိုင်ငံရေးသိပ္ပံ |
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၃)
ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်
လူကို တန်ဖိုးထား တွေးခေါ်တတ်သော ကွန်ဖြူးရှပ်သည် နိုင်ငံရေးဆိုင်ရာ ပြဿနာရပ်များကိုလည်း လူမှုဆက်ဆံရေး ရှုထောင့်မှ သုံးသပ် ရှုမြင်လေ၏ ... ။ လူ့အဖွဲ့အစည်း၏ အခြေခံမှာ ဖခင် အုပ်ချုပ်သော မိသားစုဖြစ်၏ ... ။ နိုင်ငံဆိုသည်မှာ မိသားစုကို တိုးချဲ့ထားခြင်းသာ ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆ၏ ... ။
ကွန်ဖြူးရှပ်က နိုင်ငံတော် အစိုးရသည် တိုင်းသူ ပြည်သားများအပေါ် ကောင်းကျိုးချမ်းသာ ရရှိနိုင်စေရန် ကြိုးစား အားထုတ်ရမည် ... ။ ထိုသို့သော အစိုးရသည် စွမ်းရည်ရှိသူများဖြင့် ဖွဲ့စည်းထားသော အစိုးရမျိုး ဖြစ်ရမည် ... ။ စွမ်းရည်ရှိနိုင်ရန် မိဘမျိုးရိုးအပေါ် အခြေမခံဘဲ အကျင့်စာရိတ္တနှင့် အသိပညာပေါ်တွင် အခြေခံရမည် ... ။ အသိပညာနှင့် စာရိတ္တကောင်းမွန်းရေးမှာလည်း သင့်တော်သောပညာ သင်ကြားလေ့လားရေးတွင် အခြေခံသည် ဟုဆိုပါသည် ... ။
ကွန်ဖြူးရှပ်၏ နိုင်ငံရေး အတွေးအခေါ်သည် ၎င်း၏ ကိုယ်ကျင့်တရား၊ အယူအဆနှင့် မိရိုးဖလာ ထုံးတမ်း စဉ်လာတို့တွင် အခြေခံထားကြောင်း တွေ့ရ၏ ... ။ အုပ်စိုးသူများသည် ကောင်းသော အကျင့် စာရိတ္တ ရှိခြင်းနှင့် အသိပညာ ရှိခြင်းသည် အောင်မြင်သော အစိုးရ အဖွဲ့အစည်းအတွက် အဓိက လိုအပ်ချက်ပင် ဖြစ်သည် ... ။
ကွန်ဖြူးရှပ်၏ အဆိုအရ ... အုပ်ချုပ်သူတွင် အောက်ပါ အခြေခံ တာဝန်ဝတ္တရား (၉) ရပ်ကို ထမ်းဆောင် ရမည်ဟုဆို၏ ... ။
1. မိမိ၏ အကျင့် စာရိတ္တကို အမြဲတစေ ကောင်းမွန်အောင် ပျိုးထောင်နေရမည်။
2. အရေးပေးထိုက်တဲ့သူကို အရေးပေးရမည်။
3. မိမိ၏ ဆွေမျိုးသားချင်းများအား ချစ်ခင် မြတ်နိုးရမည်။
4. ၀န်ကြီးများအား ရိုသေ လေးစားရမည်။
5. အရာရှိ အရာခံ အားလုံး၏ ကောင်းကျိုးအတွက် အရေးတယူ ဂရုပြုရမည်။
6. တိုင်းသူပြည်သား သာမန် ပြည်သူများအား ဖခင်သဖွယ် ဂရုပြုရ စောင့်ရှောက်ရမည်။
7. အသုံးဝင်သော လက်မှု ပညာရပ်များ အားလုံးကို တိုးတတ်အောင် အားပေး ချီးမြှင့်ရမည်။
8. နိုင်ငံခြား တိုင်းတစ်ပါးသားများကို ပျူငှာစွာ ဆက်ဆံရမည်။
9. အိမ်နီးနားချင်း နိုင်ငံများမှ မင်းညီမင်းသားများနှင့် မိတ်ကောင်း ဆွေကောင်းသဖွယ် ဆက်ဆံရမည် ဟူ၍ ဖြစ် သည်။
ကွန်ဖြူးရှပ်က-
အုပ်ချုပ်သူသည် မိမိ၏ အကျင့်စာရိတ္တ ကောင်းမွန်အောင် အမြဲတစေ ပြုစုပျိုးထောင်ရမည် ဟူသော အချက်သည် အလွန်မှပင် အရေးကြီးပါသည် ... ။ အဘယ့်ကြောင့်ဆိုသော် ဤသို့ ပြုစု ပျိုးထောင်မှသာ အုပ်ချုပ်သူ အနေနှင့် မိမိ၏ အကျင့် စာရိတ္တအားဖြင့် မိမိ အရာရှိ အရာခံများနှင့် မိမိ၏ တိုင်းသူ ပြည်သားများအတွက် စံပြဖြစ် ပေလိမ့်မည် ... ။
ထို့ပြင် အစိုးရကောင်းတို့တွင် ပြည်သူ ပြည်သားတို့၏ စားဝတ်နေရေး လိုအပ်ချက်များကို ပြည်စုံ လုံလောက် အောင် ဆောင်ရွက်ပေးရမည် ... ။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်အင်အား လုံလောက်စွာ ထားရှိရမည် ... ။ အုပ်ချုပ်ရေးတွင် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်ရမည် ... ။ တကြိမ်၌ ကွန်ဖြူးရှပ်၏ တပည့်တယောက်ကမှ ၎င်းအား နိုင်ငံကို အုပ်ချုပ်ခွင့် ရရှိပါက မည်သည့် အရာကို ဦးစွာ ဆောင်ရွက်ရမည်နည်းဟု မေးသောအခါ
ကွန်းဖြူရှပ်က ... "ပထမဦးစွာ ပညက်များကိုပြင်ဆင်ရမည်ဟုဆိုကာ "ပညက်ပြင်ဆင်မှုဆိုင်ရာသအိုရီ " ကို တင်ပြခဲ့လေ၏
Rectification Names Theory
ပညက်တိုင်းသည် ... ၎င်းရည်ညွန်းသော အရာ၏ အနှစ်သာရကို ဖော်ညွန်းသည် ... ။ ဆိုလိုသည်မှာ ပညက်နှင့် တကယ့် ဖြစ်စဉ်အကြားမှာ ကိုက်ညီမှုရှိရမည် ... ။ အုပ်ချုပ်သူသည် အုပ်ချုပ်သူဟူသော ပညက်ဖေါ်ညွန်းသည့် ဂုဏ်အရည်အချင်းကို ပိုင်ဆိုင်ရမည် ... ။ သို့မှသာ စစ်မှန်သော အုပ်ချုပ်သူဖြစ်၍ အုပ်ချုပ်သူဟူသော ဂုဏ်အင်္ဂါနှင့် ကိုက်ညီပေမည် ... ။
အခန်း (၇)
တည်ထောင်သူ
Socrates (BC 470~399) ဂရိအတွေးအခေါ်ပညာရှင်
လူမျိုး
ဂရိလူမျိုး၊ အနောက်တိုင်းအတွေး
အဓိကဖေါ်ထုတ်ချက်
ကိုယ်ကျင့်သိက္ခာ၊ ဆင်ခြင်တုံတရား
Name - Socrates
Birth - ca. 470 BC
Death - 399 BC
School/ Tradition - Classical Greek, Socratic School
Main interests - Epistemology, Ethics
Notable ideas - Socratic Method, Socratic irony
Influences - Anaxagoras, Parmenides, Prodicus, Diotima
Influenced - Plato, Aristotle the rest of Western Philosophy
Socrates Method ဆိုကရေးတီးစ်၏ ခွဲခြမ်းစိတ်ဖြာနည်း...။
ဆိုကရေးတီးစ်၏ အဆိုအရ ... လူသားများအနေဖြင့် စစ်မှန်သော အသိပညာ ရှိနိုင်သည် ... ။ လူသည် မိမိ၌ ရှိသော ဆင်ခြင်ဥာဏ်ကို မှန်မှန်ကန်ကန် အသုံးချတတ်လာလျှင် မိမိကိုယ်တိုင်၏ သဘောသဘာဝကို လည်းကောင်း ... ၊ မိမိကို ၀န်းရံနေသော စကြာဝဠာကြီး၏ သဘော သဘာဝကို လည်းကောင်း ... ဓမ္မဓိဌာန်ကျကျ ... သိမြင် နားလည် လာမည်ဟု ... ခံယူတင်ပြခဲ့၏ ... ။ထိုသို့လျှင် စစ်မှန်သော ... အသိပညာကို ရရှိနိုင်ရန်အတွက် ဆိုကရေးတီးစ်က နည်းသစ် (၂)မျိုးကို တင်ပြခဲ့ပါသည် ... ။ ၄င်းတို့မှာ-
တမျိုးမှာ ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) နှင့်
နောက်တစ်မျိုးမှာ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) တို့ဖြစ်သည် ... ။
ခွဲခြမ်းစိတ်ဖြာနည်း The Method of Analysis
ခွဲခြမ်းစိတ်ဖြာနည်းသည် ... အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် ပတ်သက်သည့် ၎င်း၏ အမြင်အပေါ်တွင် အခြေခံထားသော နည်းဗေဒ ဖြစ်သည် ... ။ ဤနည်းအားဖြင့် အရစ္စတိုတယ်က ... ခြုံယူဆင်ခြင်မှု အခြေပြုဟု အဓိပ္ပါယ် ဖွင့်ဆိုနည်း (Inductive Definition) ဟု ခေါ်ဆိုခဲ့သည် ... ။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ ... အကြွင်းမဲ့ စစ်မှန်နေသော ယေဘူယျ သဘောတရားတခု (Concept) ကို သိရှိလာရန် ရည်ရွယ်သည် ... ။
ဥပမာအားဖြင့် ... လူတို့သည် ဝေါဟာရတခုကို အနက်အဓိပ္ပါယ် အမျိုးမျိုးဖြင့် အသုံးပြုလေ့ ရှိကြသည် ... ။ ထိုကဲ့သို့ ကွဲပြား ခြားနားစွာ သုံးစွဲနေသောကြောင့် ၎င်းဝေါဟာရ (သို့) ၎င်း သဘောတရားနှင့် ပတ်သက်၍ အငြင်းပွားမှု အမျိုးမျိုး ... ဖြစ်ပေါ်လာစေသည် ... ။ သို့နှင့် ... စစ်မှန်သော အသိကို မသိဘဲ ဖြစ်နေသည်ဟု ဆိုပါသည် ... ။
ဆိုကရေးတီးစ်၏ ... အလိုအရ ဤသို့လျှင် ... တယောက်တမျိုးစီ အနက်ဖွင့်နေကြမည်ဆိုပါက ... အမျိုးမျိုးသော သဘောတရားများသာ ... ဆောင်နေပေလိမ့်မည်။ ၎င်းအမျိုးမျိုးကို ဆင်ခြင်မှုဖြင့် သေချာစွာ ... ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်လိုက်ပါက ... ၎င်းတို့ထက် သာလွန်သော ... ၊ စစ်မှန်ပြီး ၎င်းတို့အားလုံး အကျုံးဝင်လျှက်ရှိသော ယေဘူယျ သဘောတရား တခုကို ... မုချ ရရှိ လာမည်ဟု ခံယူခဲ့သည် ... ။
တနည်းဆိုရသော် ... လူသားတဦးချင်း၏ တခုစီတခုစီသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကို ခွဲခြမ်းစိတ်ဖြာလာ ရာမှတဆင့် လူသားအားလုံးအတွက် ပလေတို၏ (Laches) အမည်ရှိသော ... အပြန်အလှန်ဆွေးနွေးချက် (Dialogue) တွင် ... ဆိုကရေးတီးစ်ကိုယ်တိုင် ဤနည်းကို အသုံးပြုခဲ့ကြောင်း တွေ့ရပါသည် ... ။ ဤဆွေးနွေးချက်တွင် ဆိုကရေးတီးစ်ကိုယ်တိုင် ... အမှန်တကယ် ပါဝင်ခဲ့၍ ၎င်းဖေါ်ပြလာသော နည်းဗေဒနှင့် အယူအဆများသည် ... ဆိုကရေးတီးစ်၏ နည်းဗေဒနှင့် အယူအဆများဖြစ်သည်ဟု ... သုတေသီများက ခံယူထားပါသည် ... ။
ဤဆွေးနွေးချက်များ၌ ရဲ့ရင်ခြင်း (Courage)နှင့် ပတ်သက်၍ ဆိုကရေးတီးစ်က ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်သုံးသပ်ခဲ့သည် ... ။ သို့သော် ... ရဲ့ရင်ခြင်းနှင့် ပတ်သက်၍ စစ်မှန်သော အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဤအခန်းထဲ၌ ဆိုကရေးတီးစ်ကိုယ်တိုင် မဖြေကြားခဲ့ပေ ... ။ သို့သော် ... ဆိုကရေးတီးစ် ကွယ်လွန်ပြီးနောက် ဆိုကရေးတီးစ် ခံယူခဲ့သော အမြင်သည် ... ပလေတိုရေးသားခဲ့သော (The Republic) တွင် ရဲရင့်ခြင်းနှင့် ပတ်သက်၍ ၎င်းအမြင်သည် ပေါ်လွင်ထင်ရှား လာခဲ့ပေသည် ... ။
"ဆိုကရေးတီးစ်နှင့် ပလေတို နှစ်ယောက်စလုံး၏ အလိုအရ ... "ရဲရင့်ခြင်း" ဟူသည်မှာ ... "အသိပညာ" ပင်ဖြစ်သည်။ (Courage is Knowledge) ဖြစ်၏ ... ။ "
နိုင်ငံရေးအတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း(၅)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၃) တွင် ပလေတို၏ နည်း (၂) နည်းထဲမှ ပထမဆုံး နည်းဖြစ်သော ....
ခွဲခြမ်းစိတ်ဖြာနည်း (The Method of Analysis) ကို တင်ပြပြီးနောက် ယခုလက်ရှိ အပိုင်း(၄)တွင် ဆက်လက်တင်ပြမည့် အကြောင်းအရာကတော့ တွေးခေါ်မြော်မြင်နည်း (The Method of Speculation) ပဲ ဖြစ်ပါတယ် ... ။
The Method of Speculation
တွေးခေါ်မြော်မြင်နည်း
တွေးခေါ် မြော်မြင်နည်းတို့မှာ ... တွေးဆချက် (Hypothesis)နှင့် ပတ်သက်သော ၎င်း၏ အမြင်အပေါ်တွင် ... အခြေခံလျှက် တင်ပြထားခြင်း ဖြစ်သည် ... ။ ဤနည်းသည် သဘာဝသိပ္ပံများ၌ ယနေ့ ထက်တိုင်အောင်ပင် အသုံးပြု လျှက်နေရသော နည်းဖြစ်သည်ဟု မျက်မှောက် အတွေးအခေါ်ပညာရှင်များက ခံယူထားကြပါသည် ... ။ ၎င်းကို တွေးဆဆင်ခြင်နည်း (The Method of Speculation) ဟူ၍ ခေါ်ဆို သက်မှတ်လာကြသည် ... ။
ဆိုကရေးတီးစ်၏ အလိုအရ အရှိလောက၌ ဖြစ်ပျက်နေသော အကြောင်းအချက် အားလုံးတို့ကို အာရုံသိဖြင့် ခံစား သိရှိနိုင်မည် မဟုတ်ပေ ... ။ အာရုံသိသည် ၀ိသေသ အသိများကိုသာ ပေးစွမ်းနိုင်ရှိသဖြင့် အဖြစ်အပျက်များ၏ ယေဘူယျ သဘောတရားကို ပေးစွမ်းမရှိပေ ... ။
အထက်ဖေါ်ပြပါ နည်းနှစ်မျိုးအနက်မှ ... ပထမနည်းဖြစ်သော ... ခွဲခြမ်းစိတ်ဖြာနည်းအား ဆိုကရေးတီးစ်နည်း၊ တနည်းအားဖြင့် ... (Socrates Method) ဟူ၍ အများအားဖြင့် ခေါ်ဆို ရည်ညွန်းခဲ့ကြပါသည် ... ။ အမှန်အားဖြင့် ဆိုကရေးတီးစ် အသုံးပြုခဲ့သော ... သိပုံသိနည်းမှာ တမျိုးတစားတည်း မဟုတ်ဘဲ ... နှစ်မျိုးနှစ်စားရှိကြောင်း အသုံးပြုခဲ့ ကြောင်းအား အထူး မှတ်သားရန် ဖြစ်သည် ... ။
အထက်ပါ နည်းနှစ်မျိုးနှစ်စလုံးကို ... ဆန်းစစ်ခြင်းဖြင့် ဆိုကရေးတီးစ်သည် အာရုံသိထက် ဆင်ခြင်သိကို ပို၍ ဦးစားပေးခဲ့သော တွေးခေါ်ပညာရှင် တဦးဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည် ... ။ ထိုသို့ ဦးစားပေးတွေး ခေါ်ခဲ့သောကြောင့် ၎င်း၏တပည့် ပလေတို လက်ထက်တွင် အာရုံသိဖြင့် သိခြင်း သဘောတရားသည် မှေးမှိန်းသွားပြီး ဆင်ခြင် သိခြင်း သဘောတရားများ ပိုမို ကြီးမားခိုင်မာစွာဖြင့် ဖြစ်ပေါ်ခဲ့လေသည် ... ။
ထို့ကြောင့်ပင် ပလေတိုသည် ဆင်ခြင်သိဖြင့် တွေးခေါ်ခြင်းအား ... တဘက်စွန်းသို့ ရောက်သည် တိုင်အောင် ဦးစားပေး ခဲ့သောကြောင့် ဤလောကကိုပင် စစ်မှန်သောလောက မဖြစ်နိုင်ကြောင်း ငြင်းဆို လာခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ ဆိုကရေးတီးစ် နည်းများသည် ၎င်းမတိုင်မီ ပေါ်ပေါက်ခဲ့သော ဂရိ တွေးခေါ်ရှင်များ၏ နည်းများထက် ပိုမိုစနစ်ကျစွာ တွေးခေါ်တင်ပြထားသော နည်းများဖြစ်သည်ဟု ... ပညာရှင်များကဆိုပါ၏။
တည်ထောင်သူPlato (BC- 428~328) ဂရိအတွေးအခေါ်ပညာရှင်
လူမျိုး
ဂရိလူမျိုး၊ အနောက်တိုင်းအတွေးအခေါ်ပညာရှင်၊ ဆိုကရေးတီးစ်၏ တပည့်ဖြစ်သည်။
Name : Plato
Birth : BC 428 – 427 BC, Athens
Death : BC 348 – 347 BC, Athens
School/ Tradition : Platonism
Main interests : Rhetoric, Art, Literature, Epistemology, Justice, Virtue, Politics, Education, Family, Militarism
Notable ideas : Platonic realism.
ပလေတို၏အာရုံသိနှင့် ဆင်ခြင်သိဆိုင်ရာအယူအဆ
ပလေတိုသည် ၄င်း၏ဆရာ ဆိုခရေးတီး(စ်) တင်ပြခဲ့သော ... အယူအဆများကို ချဲ့ထွင်၍ ပိုမိုစနစ်ကျသော သိမှုဗေဒဆိုင်ရာ သီအိုရီတခုအာရုံသိ ... ၊ ဆင်ခြင်သိတို့နှင့် ... ပတ်သက်၍ သူရေးသားခဲ့သော (The Theaetus) နှင့် (The Republic) ဆွေးနွေးခန်းများ၌ အောက်ပါအတိုင်း သုံးမျိုးခွဲခြားခဲ့သည် ... ။ ၄င်းတို့မှာ
၁)မသိခြင်း (Ignorance)
၂)ထင်မြင်ချက် (Opinion)
၃)အသိပညာ (Knowledge) ဟူ၍ ဖြစ်ပါသည်။
မသိခြင်း (Ignorance)
မသိခြင်း ဟူသည်မှာ လုံးဝ မသိနားမလည်ဘဲ ဖြစ်နေသော အခြေအနေကို ဆိုလိုသည် ... ။ မရှိအဖြစ်ကို ဆောင်နေသော အခြေအနေ ဖြစ်သည်ဟု ပလေတိုက ဆိုပါ၏ ... ။ တနည်းဆိုသော် မသိခြင်း (Ignorance) ဆိုသည်မှာ အမှန်တရားကို မသိဘဲ ဖြစ်နေရုံမက မှားသော အသိများကိုပင်လျှင် မသိရှိ မခံစားနိုင် ဖြစ်နေသည်ဟု ပလေတိုက ယူဆခဲ့ပါသည် ... ။ ထို့ကြောင့် မသိခြင်းဟူသော ... အဖြစ်သည် မရှိခြင်း (not being) ဟူသော ... အခြေအနေနှင့် အတူတူပင် ဖြစ်သည်ဟု ယူဆခဲ့လေသည် ... ။
ထင်မြင်ချက် (Opinion)
ထင်မြင်ချက် ဆိုသည်မှာ ... အာရုံသိဖြင့် သိလာသော အသိများကို ဆိုလိုခြင်းဖြစ်၏ ... ၎င်းသည်မသိခြင်း (Ignorance) ကဲ့သို့ ... မှားသောအသိများကိုပင် လုံဝမသိဘဲ ဖြစ်နေသော အခြေအနေမဟုတ် ... ။ ထို့ကြောင့် မရှိခြင်း (not being) သဘောကို ဆောင်နေသည်ဟု မဆိုနိုင်ပေ ... ။ သို့ရာတွင် စစ်မှန်သော အသိပညာ ကိုပေးနိုင်စွမ်း မရှိသေးပေ ... ။ တို့ကြောင့် ၎င်းသည်ရှိခြင်း (Being) သဘောကို ဆောင်လျှက်ရှိသည်ဟု မဆိုနိုင်ပြန်ပါ ... ။ သို့ဖြစ်၍ ပလေတို၏ အလိုအရ အာရုံသိဖြင့် သိရှိလာသော အသိတို့သည် မသိရှိဘဲဖြစ်နေခြင်း (Ignorance) နှင့် စစ်မှန်သောအသိပညာကို ရရှိလာခြင်း (Knowledge) တို့ အကြားတွင် ဖြစ်ပေါ်နေသော အသိများသာလျှင် ဖြစ်နေပေသည် ... ။
အသိပညာ (Knowledge)
အသိပညာ ဟူသည်မှာ ... အမှန်တကယ် ဖြစ်တည်လျှက်ရှိသော အစစ်အမှန်တရားကို သိရှိလာခြင်းသည် ... ။ တနည်းဆိုသော် ... အမှန်တကယ် ဖြစ်ပေါ်နေသော ရှိခြင်းသဘော (Being) ကို သိလာခြင်း ဖြစ်သည် ... ။ ထို့ကြောင့် (Knowledge) ကိုယ်တိုင်သည်လည်း (Being) ကို ဆောင်ရွက်လျှက် ရှိသည်ဟု ပလေတိုက ခံယူတင်ပြခဲ့၏ ... ။
ပလေတို၏ အလိုအရ စစ်မှန်သော ... အသိပညာဟူသည်မှာ ဘယ်သောအခါမျှ မလွှဲမှားနိုင်သော အသိပညာ မျိုးဖြစ်ရမည် ... ။ (Knowledge must be infallible) ထို့ပြင် ... အမှန်တကယ် ရှိနေသော ... အစစ်အမှန်တရား (Reality)ကို ဖေါ်ပြသော အသိပညာမျိုး ဖြစ်ရမည် ... ။ (Knowledge must have reality as its Oject) ၎င်းလိုအပ်ချက် (သို့မဟုတ်) အရည်အချင်း နှစ်ရပ်မှသာလျှင် စစ်မှန်သော ... အသိပညာ (Knowledge) ဖြစ်သည်ဟု ပလေတိုက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည် ... ။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၇)
အရစ္စတိုတယ်လ် (Aristotle) (384-322BC)

Name : Aristotle
Birth : 384 BC
Death : March 7th, 322 BC
School/ Tradition : Inspired the Peripatetic school and tradition of Aristoteliansm
Main interests : Politics, Metaphysics, Science, Ethics
Notable ideas : The golden mean, Reason, Logic, Biology, Passion
Influences : Parmenides, Socrates, Plato
Influenced : Alexander the great, Avicenna, Averroes, St. Thomas Aqunas, most of western philosophy and science
အရစ္စတိုတယ်လ်သည် ပလေတို၏ တပည့်ဖြစ်သည် ... ။ သို့သော် ... ဆရာပလေတို၏ အယူအဆတိုင်းကိုမူ လက်မခံ ခဲ့ပေ ... ။ ပလေတိုကဲ့သို့ ... အတွေ့အကြုံလောကကို မစစ်မှန်ဟူ၍ မငြင်းဆိုခဲ့ပေ ... ။ သို့ရာတွင် ... လူတို့သည် စစ်မှန်သော အသိပညာကို ရရှိနိုင်ရန်အတွက် အာရုံသိကိုသာ အခြေခံ၍မရကြောင်း တင်ပြခဲ့သည် .... ။
အာရုံလောက၌ဖြစ်ပေါ်နေသော ... အဖြစ်အပျက်တို့သည် ... အဘယ်အကြောင်းကြောင့် ... ဖြစ်ပေါ်နေသည်ကို သိရှိမှသာလျှင် လူတို့သည် စစ်မှန်သော အသိပညာကို ရရှိလာမည်ဟု ဆိုပါသည် ... ။
အရစ္စတိုတယ်လ် နောက်ပိုင်း၌ ... ပေါ်ထွန်းခဲ့သော တွေးခေါ်ပညာရှင်များကမှု ... အာရုံသိကိုပို၍ ဦးစားပေး ခဲ့ကြသည် ... ။ အက်ပီကျူးရီးယက် (Epicurus) အလိုအရ အာရုံငါးပါးသာလျှင် စစ်မှန်သော အသိပညာ ကိုပေးနိုင်သည် ... ။ စတိုးဝစ် (The Stoics) အနေဖြင့်လည်း အက်ပီကျူးရီးယက် ကဲ့သို့ပင် အာရုံသိကိုသာ အလေး ထားခဲ့ကြသည် ... ။
အရစ္စတိုတယ်လ်၏ ထင်ရှားသော နိုင်ငံရေးဟောပြောချက်မှာ "Man is by nature a political animail.
သမ္မတနိုင်ငံ (သို့) ပြည်သူ့သမ္မတနိုင်ငံများ၏ အစောပိုင်းကာလ
Niccolo Machiavelli (1469~1527)
မက်ခီယာဗယ်လီ
အီတလီမင်းသား
-နိုင်ငံရေးအတွေးအခေါ်ပညာရှင်
-သမ္မတ နိုင်ငံထူထောင်ရေး အတွေးအခေါ်အယူအဆများအား စာပေပညာဖြင့် တင်ပြခဲ့သည်။
-ဖလော့ရင့်မြို့ပြနိုင်ငံ (အီတလီ)
-စည်းလုံးမှုမရှိသူတလူ ငါတမင်းခေတ်တွင် တိုးတတ်သောနိုင်ငံအယူအဆသည် နောင်ခေတ် အီတလီလူမျိုးများ အတွက်၎င်း အနောက်တိုင်းနိုင်ငံရေးလောကအတွင်၌၎င်း သုံးသပ်ရန်အင်အားတရပ် သက်ရောက်ခဲ့ပါ၏။
Name : Niccolo Machiavelli
Birth : May 3rd, 1469 (Florence)
Death : June 21th, 1527 (Florence)
School/ Tradition : Renaissance Philosophy, Realism, Classical, Republicanism
Main interests : Politics, Military theory, History
Influences : Cicero, Sallust, Livy, Xenophon
Influenced : Thomas Hobby, James Harrington, Jean Jacques Rousseau
ဖလော့ရင့် မင်းသား မက်ခီယာဗယ်လီသည် ၁၄၆၉~၁၅၂၇ (၁၆) ရာစုအတွင်း စည်းလုံးမှုမရှိ ... ၊ သူတလူ ငါတမင်းဖြင့် မြို့ရိုးများအတွင်း စုပြုံ နေထိုင်ဆဲ ဖြစ်သည် ... ။ ထိုအချိန်၌ ဂျာမန်၊ စပိန်၊ အင်္ဂလန်၊ ပြင်သစ်တို့သည် အင်အား များစုစည်း၍ မြို့ပြနိုင်ငံများ ... တည်ထောင်၍ နယ်ပယ်များ ချဲ့ထွင် နေထိုင်ချိန် ဖြစ်သည် ... ။ ထို့ကြောင့် ... ဥရောပ၌ အီတလီ နိုင်ငံ၏ အခြေအနေသည် ခေတ်နောက်ပြန် စွဲနေသော အခြေအနေမျိုး ... ဖြစ်နေပေသည် ... ။
နီစ်ကိုလိုမက် ခီယာဗယ်လီ (1469~1527) ၏ ရေးသားခဲ့သော ... စာအုပ်သုံးအုပ်အနက် "မင်းသား" "The Prince" စာအုပ်သည် ထင်ရှားပါ၏ ... ။ ရှေးခေတ်နိုင်ငံရေး ... အယူအဆများအတွင်း တမူထူးခြားသော သမ္မတနိုင်ငံ ထူထောင်ရေး အယူအဆများအား ထို့ခေတ် ... အီတလီ နိုင်ငံရေး သမားတယောက်အနေဖြင့် ကြုံတွေ့နေရသော ပြင်သစ်၊ စပိန်တို့၏ ခြိမ်းခြောက်လာမှုများ အခြေအနေ များအပေါ် အခြေခံ၍ ၎င်း၏ အယူအဆများအား ... စာပေပညာဖြင့် ထုတ်ဖေါ် တင်ပြခဲ့ခြင်း ဖြစ်ပါသည် ... ။
သို့သော် အီတလီ၌ မက်ခီယာဗယ်လီနှင့် စော၍ ၁၂၇၈~၁၃၄၃ ကာလအတွင်း ... ပါဒူအာ "Padua" မှ မာဆီးလီးယပ်စ် "Marsilius" က-
နိုင်ငံရေးတွင် "ရိုးသားဖြောင့်မတ်ရေး" နှင့် ဘုရင်၊ ပုပ်ရဟန်းမင်းတို့ အပါအ၀င် "အာဏာသည် ပြည်သူထံမှ လာသည်" ဟူသော အယူအဆသည် ဟောပြောပြီး၊ ရှိပြီးဖြစ်၏ ... ။
ထို့ပြင် "Marsilius" က အစိုးရ၏လုပ်ငန်းသည် လူတိုင်းလိုချင်သော ငြိမ်းချမ်းရေးဖြစ်သည် ... ။ သို့သော် သမ္မတနိုင်ငံထက် ဘုရင်စနစ်က ပို၍ ပေးနိုင်သည်ဟု ယူဆခဲ့သည် ... ။ သို့သော် ... ဘုရင်သည် ဘုရားသခင်မှ ရာသက်ပန် လွှဲအပ်ထားသော အာဏာ "Divine Rights" ကို ရသည်ဟု လက်ခံခြင်းမဟုတ် ... ။ သားက အဖေကို မဆက်ခံနိုင် ... ။ နိုင်ငံအချုပ်အခြာနှင့် ပတ်သက်၍ ဤသို့ ... တောင်းဆိုခွင့် မရှိ။ ပြည်သူက အဆင်ပြေနေ၍သာ လက်ခံထားခြင်း ဖြစ်သည်ဟု ဆိုပါသည် ... ။
(၁၄) ရာစုအတွင်း ... အီတလီ မြို့ပြ နိုင်ငံများအကြား၌ ၎င်း၏ အယူအဆအား ပြည်သူနှင့် အုပ်ချုပ်သူ လူတန်း စားအကြား ကျင့်ဝတ်နှင့် အသစ်ထိုးဖေါက် ဖေါ်ထုတ်လာသော နိုင်ငံရေး အယူအဆအား ထိုခေတ် အထက်တန်းလွှာ တို့က ပြောင်ပြောင် တင်းတင်းပင် တိုက်ဖျက်ခြင်းကို ခံခဲ့ရပါသည် ... ။
"Marsilius" သည် အီတလီ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တပါးဖြစ်ပါသည် ... ။ ဂိုဏ်းချုပ် ဘုန်းတော်ကြီးတပါးမှ ဤသို့ နိုင်ငံရေးအတွေးအခေါ် အယူအဆ ထွက်ပေါ်လာခြင်းမှာ ထိုခေတ်အခါက အနည်းငယ် ထူးဆန်းခဲ့ပါသည် ... ။ သို့သော် သူ၏ အကြံပြုချက်များသည် နောင်အနှစ် (၆၀၀) အကြာတွင် နိုင်ငံအားလုံး၌ ကျင့်သုံးလာရသော ပြည်သူ့အစိုးရ သဘောတရားများ ဖြစ်လာခဲ့ပါသည် ... ။
မက်ခီယာဗယ်လီ၏ အယူအဆသည်လည်း သမ္မတနိုင်ငံ ထူထောင်ရေးနှင့် ၎င်းအဆင့်သို့ ကောင်းစွာ ရောက်ရှိရန် ကြားကာလ၌ အာဏာရှင် အဆင့်တစ်ခုကို ဖြတ်သန်းရန် လိုအပ်သည်ဟု ယူဆခဲ့ဟန်ရှိပါသည် ... ။
ဤသဘောတရားများသည်လည်း နောင်အခါ၌ အီတလီအာဏာရှင် "မူဆိုလီနီ" ဟောပြောခဲ့သော မိန့်ခွန်းများနှင့် "ကားလ်မတ်က်စ်" ၏ ပစ္စည်းမဲ့ အာဏာရှင်စနစ် ထူထောင်ရေး အဆိုပြုချက် အယူအဆများ၌ အခြေအနေအရ လိုအပ်ချက်တခုအဖြစ် ထိုခေတ်အခါက ပြည်သူ့ထောက်ခံမှု ရရှိခဲ့သည်ဆိုသော အနေအထားမှာလည်း သမိုင်းမှတ်တမ်းများက ဆိုပါသည် ... ။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၉)
မြန်မာနိုင်ငံရေးအယူအဆ
၁။ မူလအခြေခံသဘောတရား
၂။ ကျင့်ဝတ်သိက္ခာ
မူလအခြေခံသဘောတရားများ
မြန်မာနိုင်ငံရေးဆိုင်ရာ အယူအဆများသည် အခြေခံအားဖြင့် ဘာသာရေးဆိုင်ရာ အဆုံးအမများမှ ဆင်းသက်လာသည်ဟု ယူဆရပါသည် ... ။ ဥပမာအားဖြင့် ... မြန်မာနိုင်ငံ၏ သမိုင်း အထောက်အထားများအရ အနော်ရထားမင်းမှသည် သီပေါမင်းအထိ ... ခတ်အဆက်ဆက်၌ ကျင့်သုံးခဲ့သော အုပ်ချုပ်ရေး စနစ်များသည် အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်အတွင်း ဖြတ်သန်းခဲ့သည်သာ ဖြစ်ပေသည် ... ။ ထို့ကြောင့် ရှေးခေတ်မြန်မာနိုင်ငံရေး အယူအဆ၌ ထူးခြားသော ... အတွေးအခေါ် အယူအဆများ ... မတွေ့ရဘဲ မင်းကျင့်တရား (၁၀) ပါး နာယကဂုဏ် (၆) ပါး ဟူသော ကျင့်ဝတ် သိက္ခာများအပေါ် အခြေတည်၍ တိုင်းပြည်အား စီမံ အုပ်ချုပ် ခဲ့ကြလေသည်။
မင်းကျင့်တရား(၁၀)ပါး
1. လှူဒါန်းခြင်း
2. သီလဆောက်တည်ခြင်း
3. ပေးကမ်းစွန့်ကြဲခြင်း
4. ရိုးသား တည်ကြည် ဖြောင့်မတ်ခြင်း
5. နူးညံ့ သိမ်မွေ့ခြင်း
6. အဌင်္ဂသီလ ဆောက်တည်ခြင်း
7. အမျက် မထွက်ခြင်း
8. သည်းခံခြင်း
9. ပြည်သူကို မညှဉ်းဆဲခြင်း
10. ပြည်သူကို မဆန့်ကျင်ခြင်း စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)
ထို့ကြောင့် မြန်မာနိုင်ငံရေး အယူအဆများ၏ မူလ အခြေခံ အကြောင်းတရားများသည် ... မင်းကျင့်တရား (၁၀) ပါး ဟူသော ကျင့်ဝတ် သိက္ခာများပင် ဖြစ်ပေသည် ... ။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ... တိုင်းပြည်အား စီမံအုပ်ချုပ်သော စနစ်အားဖြင့် (၂) မျိုး (၂) စား ရှိခဲ့ပြီး တနည်းအားဖြင့် ... မြန်မာနိုင်ငံ သမိုင်းတလျောက် ထွန်းကားခဲ့သော ... အကြွင်းမဲ့ သက်ဦးဆံပိုင် စနစ်အား လုံးဝ ချုပ်ငြိမ်းစေ၍ သမ္မတနိုင်ငံ ထူထောင်ခဲ့ကြပါသည် ... ။ ထို့သို့ ထူထောင့်ခဲ့ရာ၌ လွတ်လပ်ရေးရပြီး (၁၉၄၈-၁၉၆၂) ထိ ပါလီမန် ဒီမိုဒီမိုကရေစီ စနစ်အား ၁၉၄၇ အခြေခံ ဥပဒေဖြင့် (၁၄) နှစ်ကြာ အုပ်ချုပ်ခဲ့ပါသည် ... ။ (၁၉၆၂) မတ်လ (၂) ရက်နေ့၌ စစ်တပ်မှ အာဏာသိမ်း၍ အုပ်ချုပ်စေပြီး (၁၉၇၄-၁၉၈၈) ထိ စစ်တပ်မှ ခေါင်းဆောင်များ အရပ်ဘက်သို့ အသွင်းပြောင်း၍ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဟု ခေါ်သော တစ်ပါတီ အုပ်ချုပ်သော စနစ်ဖြင့် (၁၉၇၄) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြဌာန်းကာ တိုင်းပြည်အား အုပ်ချုပ်ခဲ့ပါသည် ... ။ ဤအခြေအနေများအား လေ့လာသောအခါ ... မြန်မာ့နိုင်ငံရေး၌ အယူအဆ အတွေးအခေါ် များသည် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ် များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ကြသည်ဟု ဆိုရပေမည် ... ။
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ်၌ ... ရှေးခေတ် မြန်မာ့နိုင်ငံရေး အယူအဆများ၏ သက်ရောက်မှု အတိုင်းအတာ (သို့မဟုတ်) ရှေးခေတ် မြန်မာ့ နိုင်ငံရေး အယူအဆများသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် မည်မျှ အကျိုးသက်ရောက်မှု ရှိသနည်း ဆိုသော မေးခွန်းအား ဤနေရာမှ ဖြေဆိုလျှင် အကျိုးသက်ရောက်မှု မရှိကြောင်း ... တွေ့ရပေမည်သာ ဖြစ်ပါသည် ... ။ ထို့ကြောင့် မြန်မာ့ နိုင်ငံရေး ... ဆိုင်ရာ အယူအဆများသည် ကိုယ်ပိုင် မူဟန်ပျောက်လျှက်ရှိပြီး နိုင်ငံရပ်ခြား ... ၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ အတွေးအခေါ် အယူအဆများမှ ကောင်းနိုးရာရာများအား ရွေးချယ်၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီမည့် ပုံစံများကို ယူဆောင်ပြီး မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်တလျှောက် ဆက်စပ် တွေးခေါ်၍ ဆွေးနွေးနေခဲ့ကြဟန် ရှိပါသည် ... ။
သို့သော်လည်း ... မှန်ကန်သော လမ်းစဉ် တစ်ခုကိုကား တိတိကျကျ သတ်မှတ် ချမှတ်နိုင်ခဲ့ခြင်းကား မရှိခဲ့ သေးချေ ... ။ ဤသည်မှာ အဘယ်ကြောင့်နည်း ... ။
ဤအဖြေအား မဖြေဆိုမီ မြန်မာ့ နိုင်ငံရေး ဆိုင်ရာ အချက်အလတ်များအပေါ် လေ့လာရာ၌ အောက်ပါအချက် အလက်များသည် ပြန်လည် သုံးသပ်သင့်ပေသည် ... ။
1. မြန်မာနိုင်ငံသည် အကြွင်းမဲ့သက်ဦးဆံပိုင် ဘုရင်စနစ်အတွင်း ရှည်လျားစွာ ဖြတ်သန်းခဲ့ခြင်း။
2. မြန်မာနိုင်ငံ သမိုင်းတလျောက် နှစ်ပေါင်း တထောင်ကျော်၌ နှစ်ပေါင်းကိုးရာကျော်ခန့်သည် အချင်းချင်းသော်လည်းကောင်း ၊ ပြည်ပနှင့်သော်လည်းကောင်း ရှည်လျားစွာ စစ်မက် ဖြစ်ပွါးနေခဲ့ခြင်း။
3. အနော်ရထားမင်း လက်ထက်မှ ထူထောင်ခဲ့သော မြန်မာနိုင်ငံအား သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်းခဲ့ရခြင်း၊ ထိုစည်းလုံးမှု ပျက်ပြားနေသော ကာလများ၏ အကျိုးဆက်များ။
4. ကမ္ဘာပေါ်၌ ခေတ်စနစ်ပြောင်းလဲကျင့်သုံးနေကြသော်လည်း မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့သော အစိုးရများသည် များသောအားဖြင့် အကြွင်းမဲ့ သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင်စနစ်များသာ ထွန်းကား ခဲ့ခြင်း၊
5. မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တလျောက် ပြုစုပျိုးထောင်ခြင်းထက် ဖျက်ဆီးခြင်း၊ ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်း၊ နိုင်လို မင်းထက် လုပ်ခြင်း၊ မိမိ အင်အား သာလာပါက တဖတ်သားအပေါ် အနိုင်ယူ ဗိုလ်ကျ လိုခြင်း၊ မနာလိုခြင်း၊ မိမိအနစ်နာ ခံခဲ့ရခြင်းအပေါ် ပြန်လည်၍ အခွင့်ထူးများရယူ လိုခြင်း၊ ရာထူးစည်းစိမ် အထူး မက်မောခြင်း၊ ငွေကြေး၊ တန်စိုးလက်ဆောင် မက်မောခြင်း၊ မိမိ၏အရှိန် အ၀ါဖြင့် မိမိတို့ မိသားစု ဆွေမျိုးသာချင်း ကောင်းစားရေးအား ဦးစွာ လုပ်ဆောင်နေကြခြင်း။
6. စည်းလုံးမှု လုံးဝမရှိခြင်း။
7. စနစ်တကျ တိုင်ပင် စည်းဝေးမှု လုံးဝမရှိခြင်း။
8. လူလူချင်း စာနာစိတ် အလွန် အားနည်းခြင်း။
9. ထေရ၀ါဒ ဗုဒ္ဓဘာသာ လမ်းစဉ်အား ကျင့်သုံးသော နိုင်ငံတော်ဖြစ်သော်လည်း အတ္တ၀ါဒနှင့် အနတ္တ လမ်းစဉ်အား နိုင်ငံရေး၌ မှန်ကန်စွာ သဘောပေါက် နားလည်မှု အလွန်အားနည်းနေခြင်း။
10. ငွေကြေး၊ ရာထူးထက်ပို၍ လူကို တန်းဖိုးထား တတ်သော စိတ်ဓါတ် အလွန် အားနည်းခြင်း။
11. ကျေးဇူးရှင်ကြီး၊ ဆရာကြီးအဖြစ်နှင့်သာ အစဉ်အမြဲ ခံယူလို၍ တပည့် မွေးသော အကျင့်ဆိုးများသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း။
12. မိမိ၏ပုဂ္ဂလ အကျိုးစီးပွါးမှလွဲ၍ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတတ်ရေး လုပ်ငန်းများအား လုပ်ဆောင်သော ပုဂ္ဂိုလ်များ အလွန် ရှားပါးနေခြင်း၊
13. ဒေသတစ်ခု၌ ဖြစ်ပေါ်နေသော ပြဿနာ အကြောင်းအရာ တစ်ခုပေါ်တွင် ဖြေရှင်းခြင်းကူညီခြင်း လုပ်ငန်းစဉ်များအား လုပ်ဆောင်ရာ၌ မိမိ၏ အကျိုးစီးပွါးအား ထည့်သွင်း တွက်ချက်၍ အမြတ်ထုတ်တတ် သာ ဖြေရှင်းမှုမျိုးသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း။
14. နိုင်ငံရေး ပြဿနာများအား ဖြေရှင်းရာ၌ စုပေါင်းအားဖြင့် လည်းကောင်း၊ မှန်ကန်သော ဦးဆောင်မှုဖြင့် လည်းကောင်း၊ တဦးနှင့် တဦး အပြန်အလှန် တန်ဖိုးထား၍ အနစ်နာခံခြင်း စိတ်ဓါတ်တို့ဖြင့်လည်းကောင်း၊ ခိုင်မာသော ကိုယ်ကျင့် သိက္ခာရှိမှုဖြင့် လည်းကောင်း၊ သတိနှင့် အသိပညာရှိမှုဖြင့် လည်းကောင်း၊ စုပါင်းလုပ်ဆောင်နိုင်မှသာ အောင်မြင်ရာဖြစ် ကြောင်းအား လက်တွေ့ ကျင့်သုံးနိုင်မှု အလွန် အားနည်းခြင်း။
15. မျိုးဆက်သစ် ပြုစုပျိုးထောင်မှု အလွန်အားနည်းခြင်း။
16. ပန်းတိုင်မရောက်ခင် “တက်” ထောင်တတ်သော အကျင့်ဆိုးရှိခြင်း။
17. သာယာဖွယ်၊ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ပြီးလျှင် ဘ၀မေ့ခြင်း၊ မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်အား မေ့လျှော့ခြင်း။
18. အောင်မြင်မှု အပေါ်၌သာ စံစား ခံစား တတ်သော်လည်း ပြဿနာများအပေါ် ဆုံးရှုံးမှုဖြစ်ခဲ့သော် တာဝန် ယူရဲသော သတ္တိ၊ တာဝန် ခံရဲသော သတ္တိတို့ရှိမှု အလွန်အားနည်းခြင်း။
စသည့် အကြောင်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးသည် အရှိန်အ၀ါမှေးမှိန်လျှက် အဆင်းရဲဆုံးနိုင်ငံ အဖြစ် ရပ်တည်နေရခြင်း ဖြစ်ပါသည်။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၀)
မျက်မှောက် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အယူအဆများသည် ... မူလဆင်းသက်လာရာ အကြောင်းတရား များဖြစ်သော ဗုဒ္ဓလမ်းစဉ်၏ အဆုံးအမ တရားဒေသနာတော်များနှင့် သော်လည်းကောင်း ... ၊ ရှေးခေတ် နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်ဆိုင်ရာ အဆုံးအမ သဘောတရားများဖြစ်သော မင်းကျင့်တရား ဆယ်ပါး၏ စံတန်ဖိုးများနှင့် သော်လည်းကောင်း ... မျက်မှောက် ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီးအား လေးကြိမ်တိုင်တိုင် စုစည်းထူထောင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင် ပုဂ္ဂိုလ်တို့၏ ခံယူချက် သဘောထား အတွေးအခေါ် အယူအဆများနှင့် သော်လည်းကောင်း ကိုက်ညီခြင်းမရှိဟု ဆိုရပါမည် ... ။
ယေဘူယျအားဖြင့် ... နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းသည် ၄င်းနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်အပေါ် မူတည်ပေသည် ... ။ သို့သော် ဤအချက်တခုတည်းကိုပင် ထပ်မံ ခွဲခြမ်းလေ့လာပါက အုပ်ချုပ်ရေး စနစ်အား မည်သူတို့က ပြဌာန်းသနည်း .... ဟူသော မေးခွန်းမျိုး ရှိလာရပါသည် .... ။
ဤသို့ဆိုလျှင်
၁။ တပါတီ (သို့) အာဏာရှင်တို့က ... ၄င်းတို့စိတ်ကြိုက် (သို့) ၄င်းတို့ သဘောအမိန့်အတိုင်း .... ပြဌာန်းသည်လော။
၂။ ပြည်သူလူထု သဘောဆန္ဒဖြင့် ပြဌာန်းပေးသည်လော ဟူသည့်အချက် နှစ်ချက်အား တွေ့ရှိရမည် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ... နိုင်ငံတနိုင်ဟု သတ်မှတ်မည်ဆိုပါက ပြည်သူလူထု ဆန္ဒသဘောထားများကို လျစ်လျူရှု၍ မရနိုင်ပါပေ ... ။ ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်အား ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံ၍ ဤနိုင်ငံတော်ကြီး ဤဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ... ပြည်သူ ပြည်သား အပေါင်းတို့၏ ဆန္ဒသဘောထားများဖြင့် ဤနိုင်ငံတော်ကြီးအား ထူထောင်ပါသည်ဟူသော ... ကဗျဉ်းစာတမ်းထိုးနိုင်အောင် ဆောင်ရွက်နိုင်ပါမှ တရားဥပဒေသည်လည်း စိုမိုးပြီး လောကပါလတရား (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီခြင်း) များလည်း ပေါ်ထွန်းပါမည် ... ။ ဤသို့အားဖြင့် ... ဤနိုင်ငံ ဤပြည်သူတို့၏ ဂုဏ်သိက္ခာ အရှိန်အ၀ါ သည်လည်း ... ကြီးမားပြီး နိုင်ငံတော်ကြီး ဒေသပတ်ဝန်းကျင် အ၀န်းအ၀ိုင်း၌လည်း ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာ မည် ဖြစ်ပါသည် ... ။
ထို့ကြောင့် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် (သို့) ဒေသအတွင်း လောက ပါလတရားများ ဖြစ်ထွန်း ပေါ်ပေါက်လာရန်အတွက် မလိုလားအပ်သော အောက်ဖေါ်ပြပါ စနစ် (သို့) ၀ါဒများကို ဆန့်ကျင်ပြီး မကျင့်သုံးရန် လိုအပ်ပါလိမ့်မည် ... ။
၁. အာဏာရူးသောဝါဒ (Authoritarianism)
၂. ကိုယ့်မိသားစုဆွေမျိုးသားချင်းများ ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်သောဝါဒ (Depotisim)
၃. အာဏာရှင်စနစ် (Dictatorship), (Totalitarianism)
၎. ကိုယ်နှင့်မတူတိုင်း တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းဝါဒ (Tyranny)
၅. စစ်ဝါဒ (Militarism)
စသည့် စနစ် (သို့) ၀ါဒများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ... မဖြစ်ပေါ်အောင် မကျင့်သုံးနိုင်အောင် ပြည်သူ ပြည်သားတွေသည် မိမိတို့ မိသားစုအရေးထက် ပို၍အရေးကြီးသော လုပ်ငန်းစဉ်အဖြစ်လည်းကောင်း ... ၊ နိုင်ငံတော်အတွင်း ... လူ့အဖွဲ့အစည်းအတွင်း၌ လောက ပါလတရားများ ဖြစ်ထွန်းနေအောင် သော်လည်းကောင်း ... ဦးစွာပထမ ကြိုးပမ်း ဆောင်ရွက်ဖို့ လိုအပ်ပေလိမ့်မည် ... ။
နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် မျက်မှောက် မြန်မာနိုင်ငံ အခြေအနေအား ... လေ့လာရာ၌ ယထာဘူတကျကျ တည့်တည့်မက်မက် ကြည့်ရန် လိုအပ်ပါ၏ ... ။ ဤစာတမ်းသည် နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုး ... ၊ နောင်အခါ တိုင်းပြည်အုပ်ချုပ်မည့် နိုင်ငံ့ခေါင်းဆောင်လောင်း လူငယ် လူရွယ်များ အတွက် ... သတိပြုစရာ ... ၊ သင်ခန်းစာယူစရာ ... ၊ ဝေဖန်စရာ ... ၊ ဆင်ခြင်တုံတရား ... လက်ကိုင်ထား၍ နိုင်ငံအကျိုးသယ်ပိုး စေခြင်းငှါ ဤနိုင်ငံရေးသိပ္ပံ လေ့လာရေးစာတမ်း၏ တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါ၏ ... ။
အခန်း (၁၄)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၁)
ထို့ကြောင့် ကမ္ဘာနှင့်အ၀န်း ပြုပြင် ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း .... လောကပါလ တရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာအထိ တိုင်းပြည်အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏ အခြေအနေ မှန်များအပေါ် ပြန်လည် သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်း အရာ၌ စံနမူနာ အဖြစ်လည်းကောင်း .... ၊ အနစ်နာခံခြင်းအရာ၌ စံနမူနာ အဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည် ... ။
ဤအကြောင်းအရာနှင့် ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှုထောင့်မှ နမူနာယူအပ်သော ... စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင် ရေးသားသော ... “ဗုဒ္ဓ” အနှိုင်းမဲ့ ကျေးဇူးရှင် စာအုပ်မှ .... အဆိုအမိန့်များဖြင့် ကိုးကား နှိုင်းယှဉ်၍ ဆက်လက် လေ့လာသွားပါမည် ... ။
လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏ .... ။ ထို့ကြောင့် လူသည် မိမိ လိုချင်သောအရာ မိမိရပ်တည်နိုင်ဖို့ရန်အတွက် အရာရာကို လိုချင် တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောက သဘာဝတရားပင် ဖြစ်ပေသည် ... ။ တနည်းအားဖြင့်လည်း .... သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန် အတွေးမျိုး ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ... အတ္တ မိမိအကျိုးစီးပွါး တခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင် ဖြစ်၏ ... ။ နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့် ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ ... ၊ အတ္တဓတ္တာ ဟူသော ကိုယ်ကျိုးစီးပွါး ... ၊ ဆွေမျိုးကောင်းစားရေး ... ၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်းအပေါ် အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပေ ... ။
နိုင်ငံရေးဟူသည်…
လူ့အဖွဲ့အစည်း ... ဖွံ့ဖြိုး တိုးတတ်မှုကို ရှေ့ရှုသော လုပ်ငန်းဖြစ်၏ ... ။ မိမိအကျိုးထက် အများအကျိုးကို ရှေးရှုသော လုပ်ငန်းဖြစ်၏ ... ။ တနည်း အားဖြင့်လည်း ... မိမိတို့ လူ့အဖွဲ့အစည်း အတွင်း လောကပါလ တရားများ ဖြစ်ထွန်း ပေါ်ပေါက်နေအောင် ဤတရားများဖြင့် စည်ပင်နေအောင် လူ့အဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော ... လုပ်ငန်းမျိုးဖြစ်၏ ... ။
ထိုသို့ ဆောင်ရွက်ရာ၌ ... မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏ ... ။ မိမိတို့ ဘ၀များကိုလည်း ပေးဆပ်ကောင်း ပေးဆပ်ရ၏ ... ။ လုပ်သမျှလည်း အောင်မြင်လိမ့်မည် မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ ... မအောင်မြင်သည်ဖြစ်စေ ... မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့အစည်းအပေါ် ထားရှိသော စေတနာသည်သာ အဓိကကျသည် ဖြစ်သောကြောင့် မိမိလုပ်ငန်း အထမြောက်သည်ဟု ဆိုအပ်ပါ၏ ... ။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် ... အနတ္တ၀ါဒီ အများအကျိုးကိုသာ ... ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ်ဟုဆိုပါ၏ ... ။
ဤသို့သော ... လုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လို ကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့ အပေါ်အခြေခံ၍ လောက၌ ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြခြင်း ဖြစ်၏ ... ။ နောင်လည်း ပေါ်ထွက်နေ အုံးမည်သာ ဖြစ်ပါ၏ ... ။
နိုင်ငံရေးဟုခေါ်သော ... “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း ... လောကပါလတရားများ ထွန်းကားစည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သော လုပ်ငန်း” (သို့) လောက အကျိုးစီးပွါးကို ဥိးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန် သူလို၊ ကိုယ်လို မည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်လို အတွေးမျိုးဖြင့် ... မဆောင်ရွက် နိုင်ပါပေ ... ။
ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…
မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…
“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ... ၄င်းကို ယုံကြည် လက်ခံကျင့်သုံးသူများ အတွက်တော့ လောကဆိုသည့် ... ၊ လူ့အဖွဲ့အစည်း ဆိုသည့် ... ၊ နိုင်ငံရေး ဆိုသည့် ( အထက်၌ ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည် သဘောပေါက်ရန် အလွန် ခက်ခဲနေပေလိမ့်မည် ... ။
ဤအတွေးမျိုးဖြင့် ... ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့ အစည်းအကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည် ... ။ လောက၌လည်း လောကပါလ တရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွားစေလိမ့်မည် ဖြစ်၏ ... ။ ထို့အပြင် ထိုလူအဖွဲ့အစည်းသည် ယဉ်ကျေးမှု နိမ့်ကျလျှက် အရိုင်းအစိုင်းများသာ ဖြစ်နေပေလိမ့်မည် ... ။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၂)
မြန်မာနိုင်ငံ သမိုင်းတလျောက် တိုင်းပြည်အား ... ပြန်လည် စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏ ... ။
၁။ အနော်ရထာ (ပုဂံခေတ်)
၂။ ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃။ အလောင်းဘုရား (ကုန်းဘောင်ခေတ်)
၎။ ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)
ဤ ပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေ ဖြစ်သော်လည်း ... သာမန်သူလို ကိုယ်အတွေးမျိုး နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ ... ။ ထို့ကြောင့်ပင် ဤပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစား တန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏ ... ။
လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏ ... ။
၁. အိမ်ယာထူထောင်လိုခြင်း။
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း။
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း။
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း။
တို့ဖြစ်၏။
ဖေါ်ပြပါ အခြေအနေလေးရပ်သည် လူတိုင်း လူတိုင်း ခံစားလိုသော သဘောတရားများပင် ဖြစ်၏ ... ။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာ ဖြစ်ပါ၏ ... ။ သူလို ငါလို သူများလည်း တောင့်တပါ၏ ... ။ သူလို ငါလို အဆင့်ထက် ကျော်သူများလည်း လိုလား တောင့်တကြပါ၏ ... ။
သို့သော် -သူလိုငါလို အဆင့်ထက် ကျော်လွန်သောသူများ တောင့်တခြင်းသည် ဤတောင့်တခြင်း လေးမျိုးထက် လောက အကျိုးစီးပွါးကို ပိုမို လိုလားတောင့်တကြပါ၏။ လောက အကျိုးအတွက် သော်လည်းကောင်း ... ၊ အများ အကျိုးအတွက် သော်လည်းကောင်း ... ၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏ ... ။ လောက အကျိုးအတွက်သော်လည်းကောင်း ... ၊ အများ အကျိုးအတွက်သော်လည်းကောင်း ... ၊ တနည်းအားဖြင့် ... အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏ ... ။
ထိုသို့ပို၍ လိုလား တောင်းတသည်နှင့်အမျှ ကြိုးလည်း ကြိုးစားကြ၏ ... ။ အားလည်း အားထုတ်၏ ... ။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ ... လောကကောင်းကျိုး တခုတည်း အပေါ်၌သာ လုံ့လပြုသောကြောင့် ... တိုင်းပြည်များမှာ လောကပါလတရား ဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုး တိုးတတ်ကြကြောင်း လေ့လာတွေ့ရှိရပါ၏ ... ။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာ နိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်း ဖြစ်၏ ... ။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့ သမိုင်း၌လည်းရှိပါ၏ ... ။ ၄င်းပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏ ... ။ ဤပုဂ္ဂိုလ်များကို နမူနာယူအပ်၏ ... ။ ထိုသို့နမူနာယူ ကျင့်ကြံ ဆောင်ရွက်နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည် ... ။
အဘယ့်ကြောင့်ဆိုသော် အာဇာနည် စိတ်သဘောတရားကို နမူနာယူ ကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော ... ၊ ရာထူး စည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလတရား ... ၊ ချမ်းသာခြင်းတရား ... ၊ စသည့် ... ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများ ဖြစ်သောကြောင့်ပင်ဖြစ်၏ ... ။
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၁၃)
ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ ... ၊ ဒေသဖြစ်စေ ... ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ ထိပ်တန်း နိုင်ငံများ ထိပ်တန်း လူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏ ... ။ ထိပ်တန်းဟု ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ ... ဖွံ့ဖြိုးမှုချည်း သက်သက် မဟုတ်ဘဲ ကိုယ့်ကျင့်တရား ... ၊ လူ့ကျင့်ဝတ်သိက္ခာ စောင့်စည်းလိုက်နာ ကျင့်သုံးခြင်း အရာ၌လည်း ထိပ်တန်း အဆင့်မြင့်မား တိုးတတ်ကြပါ၏ ... ။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာ ရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏ ... ။
ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင် …အစရှိသည်အားဖြင့်
“မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေး အရလည်းကောင်း ... ၊ စီးပွါးရေးအရ လည်းကောင်း ... ၊ လူမျိုး ဂုဏ်သိက္ခာ မြင့်မားသော အခြေအနေတရပ် ဖြစ်ခဲ့ဘူးပါသည် ... ။”
သို့သော် နိုင်ငံဖြစ်စေ ... ၊ ဒေသဖြစ်စေ ... ၊ လူမျိုးဖြစ်စေ ... ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံ သူများဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါး တခုတည်းကိုသာ ကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ ... ၊ ထိုဒေသ ... ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများ ဖုံးလွှမ်းနေပြီး ... ၊ ဆင်းရဲခြင်းအပေါင်း .. ၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေလိမ့်မည် ... ။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည် .... ။
တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ် ... ၊ တောဖြစ်ချင်ဖြစ်မည် ... ၊ ကျီးကုံးဖြစ်ချင်ဖြစ်မည် ... ၊ ချိုင့်ဝှမ်း ဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင် ... ၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြု ကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ် အကောင်းဆုံးဖြစ်၏” ဟူ၍ ... ရေးသားထားပါ၏ ... ။
အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါလိမ့်မည် ... ။ မြန်မာ့ နိုင်ငံရေးအယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး ... ၊ လောကအကျိုးကို ဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောက ပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ ... ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရားများကို လိုက်နာ ကျင့်သုံးရန် အထူး သတိတရားထားရှိဖို့ကိုလည်း လမ်းညွှန်ထားပါ၏ ... ။
အခန်း (၁၇)

နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ (၁၄)
နိုင်ငံနှင့်လူမျိုး ... ၊ မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ ... ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသော အချိန်များ၌ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီးတို့၌ ပေါ်ထွန်းကြပါ၏ ... ။ ထိုသို့ နိုင်ငံနှင့် လူမျိုး လူ့ အဖွဲ့အစည်းအတွက် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုး ရှိပါ၏ ... ။
၁။နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာ စွန့်ကြပါ၏ ... ။ ခြေလက် အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏ ... ။ ထိုပုဂ္ဂိုလ်များသည် ထိုနိုင်ငံ ထိုလူမျိုး ထိုလူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်းအောင် ဆောင်ရွက်ကြသူများပင် ဖြစ်ပေ၏ ... ။ တနည်းအားဖြင့် ... လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း ... ၊ စည်းဇိမ်တွေကို လောကအတွက် စတေးသောသူများပင် ဖြစ်၏ ... ။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများ ပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေး များကိုလည်း ခံစားထိုက်သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်း တွေ့ရမည်ဖြစ်၏ ... ။
၂။လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင် ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ်အနစ်နာခံမှုများ၏ နောက်၌ မည်သည့် အခွင့်အရေးကိုမျှ မမက်မော ... ၊ မည်သည့် ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏ ... ။ ထို ပုဂ္ဂိုလ်မျိုးတို့သည်သာ တကယ့် အာဇာနည် သူရဲကောင်း အစစ်အမှန်ပင် ဖြစ်ပေ၏ ... ။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက်ရာ၌ မိမိအတ္တ အကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသော အယူအဆ သဘောတရားများသည် စစ်မှန်စွန့်လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ ... ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ် ... ၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ်သာ ဖြစ်ပေ၏ ... ။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး ... ၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များ ရှိကြပါ၏ ... ။ ထိုပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ဘ၀ကို စတေး၍ လောကအကျိုးစီးပွါး တခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏ ... ။ ထို့ကြောင့်လည်း ထိုပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန် မြင့်မြတ်သောသူ ... ၊ သူရဲကောင်းများ ... ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး ... ၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌လည်း ၄င်းနိုင်ငံ ... ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထား ကဗျည်းထိုး အလေးအမြတ် ပြုကြခြင်းဖြစ်ပါ၏ ... ။
မြန်မာ့နိုင်ငံရေး အယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာ ကျင့်သုံးဖွယ် ဖြစ်၏ ... ။
ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏။
၁။လောကအတွက်ဖြစ်သည်။
၂။ နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃။ မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။
မိမိနှင့် မိမိ မိသားစု အကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ ... ၊ မိမိတို့အမျိုးသားများ အရေးနှင့်လည်း ဆက်စပ်ပေသည် ... ။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး ... ၊ အမျိုးသားရေး အကျိုးတို့ကို ပိုမို ဆောင်ရွက်နိုင်ပေမည် ... ။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည် ... ။ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်ပေမည် ဖြစ်ပါ၏ ... ။
ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်သည်ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏ ... ။ တနည်းအားဖြင့် မိမိအား လောကအတွက် အသုံးချရန် ဖြစ်၏ ... ။ ဤသို့ ဆောင်ရွက်နိုင်ပါမှ လောက၌ လူပီသ၏ ... ။ လောက၌ လူဖြစ်ရကျိုးနပ်၏ ... ။ ထို့ကြောင့်ပင် မြန်မာ့နိုင်ငံရေး အယူအဆ၌ စံတန်ဖိုးများသည် -
“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏ ... ။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည် ... ။
နိုင်ငံရေး အတွေးအခ်ါနှင့် သဘောသဘာဝများ (၁၅)
မြန်မာ့သမိုင်း၏ စံ
နိုင်ငံဖြစ်စေ ... ၊ လူမျိုးဖြစ်စေ ... ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာအရေးကြီးပါ၏ ... ။ ကျမ်းဂန်များ၌ စည်းလုံးမှုပုံစံ နှစ်မျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည် ... ။
၁။ သမ၀ါယ သမ္ဗန္ဓ ဟုခေါ်သော အားလုံးတသားတည်း ကျသော စည်းလုံးညီညွှတ်မှု၊ တသွေး၊ တသံ၊ တမိန့်တည်းအပေါ်၌ တူညီသော စည်းလုံးညီညွှတ်မှု။
၂။ သံယောဂ သမ္ဗန္ဓ ဟုခေါ်သော အားလုံးသောသူတို့သည် သူတလူ ... ၊ ငါတမင်း ... ၊ နိုင်ငံသားတို့သည် ထင်းအစည်း ပြေသကဲ့သို့ အကွဲအကာနှင့် တူသော စည်းလုံးမှု ဟူ၍ဖြစ်ပါ၏ ... ။
တသားတည်းဖြစ်သော စည်းလုံးညီညွှတ်မှု (သမ၀ါယ သမ္ဗန္ဓ) ဖြစ်အောင် အားထုတ်ရာတွင် အရေးကြီးသော အခြေခံအချက် နှစ်ချက် ရှိ၏ ... ။
၁။ “အမြင်ချင်း” တူမှု
၂။ “ အကျင့်ချင်း” တူမှု တို့ဖြစ်၏ ... ။
လောကအတွက်အသုံးချရန်
လောကဓမ္မတာ သဘောအရ “လူ” ဟူသည် မိမိဘ၀ကို တိုးတတ်သည်ထက် တိုးတတ်အောင် လှသထက်လှအောင် ရှိသထက်ပိုရှိအောင် အားထုတ်လုံ့ လ ပြုသည်ချည်းဖြစ်၏ ... ။ သို့ရာတွင် တိုးတတ်လာသော ဘ၀အခြေအနေတို့ကို အသုံးချရာ၌မူ မိမိအတွက် အသုံးချခြင်းနှင့် လောကအတွက် အသုံးချခြင်း ဟူ၍နှစ်မျိုးကွဲပြားပါ၏ ... ။
ဘ၀ကိုလောကအတွက် အသုံးချရာ၌ ၄င်းပုဂ္ဂိုလ်များတို့တွင် ပြတ်သားသောကျင့်စဉ်သည် ရှိပြီးဖြစ်၏။ ထိုကျင့်စဉ်မှာလည်း ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော အဆုံးအမ တရားတော်များမှ ရလေ၏။
ထို့ကြောင့် ရှေးခေတ် မြန်မာနိုင်ငံသားတို့၏ အမျိုးသားစရိုက်လက္ခဏာ ... ၊ အမျိုးသား ဉာဉ်ကား ရဲရင့်ခြင်းနှင့် ရက်ရော ခြင်းလက္ခဏာတို့ ဖြစ်၏ ... ။ ထိုစရိုက် လက္ခဏာ ဉာဉ်တို့ဖြင့် ရှေးခေတ် မြန်မာနိုင်ငံသားတို့သည် မိမိတို့နိုင်ငံ မိမိတို့ဂုဏ်ကို ထိန်းသိမ်း မြှင့်တင်နိုင်ခဲ့ကြပါ၏ ... ။
ထို့ ကြောင့် ထိုခေတ်မြန်မာနိုင်ငံသားတို့သည်..
“ စားလို၍ အလုပ်လုပ်ခြင်း မဟုတ်” ဘဲ “ အလုပ် လုပ်လို၍ စားခြင်းသာ ဖြစ်သည်” ကျမ်းဂန်က ဆိုပါ၏ ... ။
လောက၌ အတ္တဟိတ ဟုခေါ်သော မိမိကိုယ်ကျိုး တခုတည်း အတွက်သာ ဆိုလျှင် အစွန်းတဘက်သို့ ရောက်ပါ၏ ... ။
မြန်မာ့ လူ့အဖွဲ့အစည်း၌ မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ဟု ပြောဆိုသုံးနှုံးကြပါ၏ ... ။ ၎င်းတို့ ပြောဆိုနေသော အဓိပ္ပါယ်မှာလည်း “ အူမတောင့်မှ သိလစောင့်မည့်” ဆိုသည့် သဘောမျိုးဖြစ်သော အတ္တနှင့်ပရ မျှတရမည်ဟု ဆိုပါ၏ ... ။ ဆိုလိုသည့်အဓိပ္ပါယ်မှာ လောကအရေး ဆောင်ရာတွင် ကိုယ် (၅၀ %) သူ ( ၅၀ %) ဟူသည့် သဘောတရားမျိုးဖြစ်၏ ... ။ သို့ဆိုလျှင် မိမိအား လောကအတွက် အသုံးချခဲ့ကြရာ၌ အဘယ်မှာ ကိုယ်ကျိုးစွန့်ခြင်း ဟူသော သဘောတရားရှိနည်း ... ။
အောက်ပါပုံများဖြင့် စဉ်းစားကြည့်ပါစို့…..
မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ဆိုသည်မှာ……
အထက်စာပိုဒ်၌ ဖေါ်ပြခဲ့ဘူးသလို လောက၌ မိမိ၌ “အား” ရှိလျှင် ရှိသလို မိမိတို့ နိုင်ငံ လူမျိုး လူ့အဖွဲ့အစည်း အတွက် အသုံးချနိုင်ပါသည် ... ။ မိမိ နိုင်ငံ လူမျိုးလူ့အဖွဲ့အစည်း၌ “ အား” ရှိမှလည်း ကမ္ဘာ့အကျိုး လောက အကျိုး ဆောင်ရွက်နိုင်ပေမည် ... ။
အလှူခံ ပုဂ္ဂိုလ်လာလျှင် မိမိ၌ တခုခုရှိမှ သူအား တခုခုပေးနိုင်မည် ... ၊ မိမိ၌ တခုခုတစုံတရာ မရှိခဲ့သော် ထို အလှူခံ ပုဂ္ဂိုလ်အား (က န်တော့ဆွမ်းပါဘုရား ဟု ဆိုသည်မှလွဲ၍) တစုံတရာ တခုခု ပေးနိုင်မည်မဟုတ်ပေ ... ။
ထို့ကြောင့် အရင်ဦးစွာ မိမိ၌ တစုံတရာ တခုခုရှိအောင် ပထမ ဆောင်ရွက်ရပါ၏ ... ။ ထို့ နောက် မိမိ၌ တစုံတရာ တခုခု ရှိလာသောအခါ ၎င်းတို့ကို လောကအတွက် ပြန်လည်အသုံးချ ဆောင်ရွက်ခြင်းဖြစ်၏ ... ။ ထိုသဘောတရားသည် ပရဟိတဖြစ်၏ ... ။
ဤသဘောတရားအရ အရင်ဆုံး မိမိကိုယ်ကို မိမိ အားရှိအောင် အရင် တည်ဆောက်ရန် လိုပေ၏ ... ။ သို့သော် အားရှိအောင် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ၎င်းအားတွေဖြင့် မိမိဘ၀ကို လောကအတွက် ပြန်လည် အသုံးချခြင်း လုပ်ငန်းကို မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ်ဟု ခေါ်ပါ၏ ... ။
မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ် သဘောတရားအပေါ် ပြန်လည်သုံးသပ်ကြည်ကြပါစို့…..
လောက၌ အတ္တဟိတ ကိုယ်ကျိုး စီးပွါးချည်းသက်သက် လုပ်သူဟူသမျှသည် မိမိအတွက်ချည်း တကိုယ်ကောင်းစိတ်ထားဖြင့် လုပ်နေသမျှ ကာလပတ်လုံး မိမိကိုယ်ကျိုး စီပွါးကိုမျှပင် ထူထောင်၍ မရပေ ... ။ ထူထောင်ရသည်ဆိုပါလျှင်လည်း အထင်အားဖြင့် ထူထောင် နေခြင်းသာဖြစ်ပါ၏ ... ။
“ အမှန်” အားဖြင့် နိုင်ငံနှင့် လူမျိုး လူ့ အဖွဲ့အစည်းအကျိုး လောကအကျိုးကို ပြုနိုင်သထက် ပြုနိုင်မှသာ (သို့) မိမိဘ၀ကို ကိုးကွယ်ခြင်းမဟုတ်ဘဲ မိမိဘ၀အား လောကအတွက် ပေးဆပ်နိုင်မှသာလျှင် မိမိအကျိုးစီးပွါးကို ထူထောင်နိုင်၏ ... ။ ဤအမြင်နှင့် ဤအကျင့်သည် ဗုဒ္ဓအဆုံးအမမှ လာသော၊ ဘုရားလောင်းဘ၀ ဖြစ်စဉ်မှလာသော အမြင်နှင့်ကျင့်စဉ်သာဖြစ်ပါ၏ ... ။
ဤအမြင်နှင့် ဤအကျင့်အား မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ အမြစ်တွယ်စေရန် ဗုဒ္ဓအဆုံးအမ စာပေများ၌လည်းကောင်း ... ၊ ပုဂံခေတ် ရှင်အရဟံ ... ၊ အနော်ရထာ မင်းတရားတို့သည် လည်းကောင်း ... ၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့သည် လည်းကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း ... ၊ သမ္မတကြီး ဂျော့ဝါရှင်တန်၊ သမ္မတကြီး အီဗရာဟန်လင်ကွန်း တို့သည် လည်းကောင်း...၊ အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ ... ၊ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း ကောင်း ... ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ကြသူ ...၊ ကိုယ်ကျိုးစွန့် အသက်ရှင် ကျန်ရစ်သူများသည် လည်းကောင်း ... ၊ မျက်မှောက်ခေတ် ပြည်သူလူထုအတွက် လောကအတွက် မိမိတို့ဘ၀များကို ပေးဆပ်ခဲ့ကြသော ကျောင်းသားများ၊ နိုင်ငံရေးသမားများသည် လည်းကောင်း တွေ့ရမည် ဖြစ်ပါ၏ ... ။ မိမိက ကြည့်တတ်ရန်သာ လိုပေ၏။
အထက်၌ ဖေါ်ပြခဲ့သော သဘောတရားများသည် မြန်မာ့နိုင်ငံရေး အယူအဆ၏ အခြေခံရမည့် သဘောတရားများ အဖြစ်လည်းကောင်း ... ၊ လူငယ် လူရွယ်များအတွက် လမ်းညွှန်အဖြစ် လည်းကောင်း ... ၊ ဗုဒ္ဓတရားတော်လာ အဆုံးအမများအဖြစ် လည်းကောင်း ... ၊ ဘ၀နှင့် ဆိုင်သော အသိတရား၊ သတိတရား၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ စံတန်ဖိုးများအဖြစ် လည်းကောင်း၊ အတုယူဖွယ်၊ မှတ်သားဖွယ်၊ လက်တွေ့ လိုက်နာ ကျင့်သုံးအပ်သော အကြောင်းတရားများအဖြစ် လေ့လာ ရေးသားအပ်ခြင်းဖြစ်ပါ၏ ... ။
(ကျမ်းကိုး - ဆရာကြီးဦးရွှေအောင် ရေးသားစီရင်သော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင်)

ပုဂံကို သမုဒ္ဒရာဇ်မင်းမှ ၁၀၇ - ၁၅၂ အတွင်း တည်ထောင်ခဲ့သည်ဟု လေ့လာ တွေ့ရှိရပါသည်။ အင်္ဂလိပ် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ၄၀၀ မှစတင်၍ ၁၆၀၃ ၌ စည်းမျဉ်းခံ ဘုရင်စနစ်ကို စတင် ကျင့်သုံးခဲ့ပါ၏။ ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမှ ၁၀၄၄ - ၁၀၇၇ ၌ စုစည်းတည်ထောင်ပါသည်။
ယေဘုယျအားဖြင့် မြန်မာတို့ နိုင်ငံထူထောင်သည့်အချိန်သည် အင်္ဂလိပ်ထက်စောပါသေးသည်။ ပုဂံစေတီပုထိုးများနှင့် အင်္ဂလန်မှ အထင်ကရ သမိုင်းဝင် အဆောက်အဦးတို့မှာ တစ်ခေတ်တည်း တည်ဆောက်ခဲ့ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ပုဂံကတောင် ပို၍စောလျှင် စောနိုင်ပါသေးသည်။ စိန့်ပေါလ် ဘုရားကျောင်းနှင့် ပုဂံအာနန္ဒာဘုရားတို့မှာ မရှေးမနှောင်းတည်ဆောက်ခဲ့ကြပါသည်။
တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကာလအတွင်း၌ မြန်မာတို့ လောကဓါတ်ပညာရပ်ပိုင်းတွင် များစွာခေတ်နောက် ကျကျန်ခဲ့ပေပြီ။ အဘယ့်ကြောင့်ဆိုသော် နယူတန်အကြောင်း မြန်မာတို့ သိသည်မှာ အလွန်နောက်ကျနေခဲ့ခြင်းကြောင့် ဖြစ်ပါ၏။
၂၀၀၇ ခုနှစ်ထုတ် အတွေးအမြင်စာစောင်၌ စာရေးသူ ဆရာ ဘိုးလှိုင်၏ “စတီဖင်ဟော့ကင်းအက်ဆေးများ” ဟူသောဆောင်းပါး ၌ အကြောင်းအရာတခုသည် အထူးသတိပြုစရာဆင်ခြင်စရာ၊ ပြန်လည်သုံးသပ်ဆန်းစစ်စရာ အဖြစ်လေ့လာတွေ့ရှိပါသည်။
၁။ ၁၈၂၄ တွင် မိုက်ကယ်ဖါရာဒေးသည် လျှပ်စစ်ပညာရှင်ကြီးအဖြစ် ထင်ပေါ်နေချိန်၌ မြန်မာပြည်၌ အင်္ဂလိပ် - မြန်မာပထမစစ်ဖြစ် ပွါးလျှက်ရှိပြီး အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တိုက သိမ်းပိုက်လိုက်ချိန်ဖြစ်၏။ မြန်မာတို့ လျှပ်စစ်အကြောင်း ထိုအချိန်က မသိ သေးပေ။ မကြားဘူးသေးချေ။
၂။ အက်ဒီဆင်က လျှပ်စစ်ဓါတ်အား၊ လျှပ်စစ်မီးသီးတီထွင်ပြီး တယ်လီဖုန်းကို ကောင်းသည်ထက် ကောင်း အောင် စမ်းသပ်နေချိန် မြန်မာတို့၏ သိပ္ပံပညာကို ဦးဆောင်မည့် ယောမင်းကြီး ဦးဘိုးလှိုင်မှ အရာကျနေ ချိန်ဖြစ်နေပြန်ပါသည်။ J. J. Thomson တို့လူသိုက် လျှပ်စစ်မီးချောင်းနှင့် စမ်းသပ်မှုတွေလုပ်ပြီး အီလက်ထရွန်ကို ရှာဖွေတွေ့ရှိသောအချိန်တွင် မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့ လုံးလုံးကျရောက်သွားပြီဖြစ်သည်။
၃။ တဖန် ၁၉၀၀ ခုနှစ်ဝန်းကျင်၌ မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ကိုပြန်လည်တိုက်ခိုက်တော်လှန်မှုများ ချုပ်ငြိမ်းစပြုနေချိန်၌ ဂျာမဏီမှ မက်စ်ပလန့်၏ ကွမ်တန်သီအိုရီပေါ်ပေါက်သော ၂၀ ရာစုအစ နှစ်သစ် မြန်မာတို့ ခေါင်းမထောင်နိုင်ခဲ့သော နှစ်ကာလတွေဖြစ် နေပြန်ပါ သည်။
၎။ ၁၉၀၅ ခုနှစ် အိုင်စတိုင်း၏ အလင်းနှင့် လျှပ်စစ် သဘာဝကိုပြသော သီအိုရီနှင့် ရီလေတစ်ဗတီသီအိုရီ ပေါ်ပေါက်ခဲ့ပါသည်။ ထိုကာလအတောအတွင်း မန္တလေးမြို့၌ “ ကမ္ဘာကြီး ပြားသည် / လုံးသည်” စကားစစ်ထိုးပွဲကျင်းပခဲ့ပြီး မြန်မာဘုရင်ခေတ်မှ မြန်မာဝန်ကြီးဟောင်း၊ မင်းကြီးဟောင်းတို့ နားထောင်ခဲ့ကြောင်း ဖတ်ခဲ့ရဘူးပါသည်။ ထိုပွဲ၌ ကမ္ဘာ “ ပြားသည်” ဘက်ကို ဒိုင်က အနိုင်ပေးလိုက်သည်ဟု ဆိုပါသည်။
၅။ မြန်မာနိုင်ငံအပေါ် အဂ်လိပ်မှကျူးကျော်သိမ်းပိုက်သည့် အကြောင်းဖတ်ရလေတိုင်း အင်္ဂလိပ်က စစ်လက်နက်ပစ္စည်း သာလွန်သောကြောင့် မြန်မာတို့ က ရှုံးနိမ့်ခဲ့ရကြောင်း ရေးထားတာဖတ်ခဲ့ရပါသည်။
မြန်မာတို့သည် သတ္တိ ဗျတ္တိအရာ၌လည်း ခေသူမဟုတ်ပါ၊ စစ်ပညာအရာမှာလည်း မညံပါ။ သို့ အဘယ့်ကြောင့် မြန်မာတို့စစ် လက်နက်သည် နောက်ကျကျန်ခဲ့ပါသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သမိုင်း၌ ခိုင်မာသော အကြောင်းပြချက် အထောက်အထား မတွေ့ရသေးပါ။
ဖေါ်ပြပါအချက်အလက်များသည် တခေတ်တခါက မြန်မာတို့၏ အခြေအနေများကို ထင်ဟက်ဖေါ်ညွှန်းလျှက်ရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်းသည် မြန်မာတို့၏ ခေတ်အဆက်ဆက်အခြေအနေများတို့၏ နိုင်ငံရေးအယူအဆများနှင့် နိုင်ငံရေးအခြေအနေများကို ပြန်လည်လေ့လာဆန်းစစ် သုတေသနပြုခြင်းမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ အခြေအနေများသည် မည်သည့်အကျိုးဆက်မှ ဆင်းသက်ခဲ့သနည်း၊ မည်သည့်အတိုင်းအတာထိ သက်ရောက်ခဲ့သနည်း ဆိုသည့်ကို လေ့လာ တင်ပြခြင်း ဖြစ်ပါသည်။ လေ့လာသူ စာဖက်ပရိသက်အပေါင်းသည် ဤစာမျက်နှာများ၏ နောက်ကွယ်၌ရှိသော အကြောင်းရင်း များကို တွေ့မြင်နိုင်လိမ့်မည်ဟု စဉ်းစားနိုင်လိမ့်မည်ဟု ယူဆပါ၏။
ဤလေ့လာရေးစာတမ်း၌ မြန်မာ့နိုင်ငံရေးအယူအဆများ၏ စံတန်ဖိုးများအား ဖေါ်ပြခဲ့ပါပြီ။ လေ့လာသူများအနေဖြင့် သင့်တော်ရာ ရှုထောင့်များမှ ပြန်လည်သုံးသပ်၍ လိုအပ်သည်ကိုယူ၊ မလိုအပ်သည်များကို ဖယ်ရှားကာ မြန်မာ့လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများအား ဆက်လက်ထိန်းသိမ်း၍ အနာဂတ်တိုင်းပြည်ကြီးကို ဦးဆောင်နိုင်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါစေဟု ဆုတောင်းရင်း ပထမပိုင်း လေ့လာမှုများအား ဤနေရာ၌ အဆုံးသပ်မည်ဖြစ်ပါသည်။

