Saturday, July 24, 2010

ပထဝီနိုင်ငံရေး(သောင်းထိုက်)

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် (၁၉ဝ၉-၂ဝဝ၉)





ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်
(ရာပြည့်အမှတ်တရ ၁၉ဝ၉-၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့သည် မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ် ဦးသန့်၏ နှစ်တစ်ရာပြည့် ဖြစ်သည်။
ဦးသန့်သည် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် မြှင့်တင်ခဲ့သလို မြန်မာနိုင်ငံ၏ဂုဏ် သတင်းကိုလည်း ထင်ရှားကြီးမားစေ အောင်စွမ်းဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးသည် ကမ္ဘာတွင်အကြီးမားဆုံးနှင့် တာဝန် အရှိဆုံးနေရာဖြစ်သည်။ အာရှတိုက် မှပထမဦးဆုံးမြန်မာနိုင်ငံသားတစ်ဦး က ထိုရာထူးနှင့်တာဝန်ကို ထမ်း ဆောင်ခွင့်ရသည်မှာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံအတွက် ကြီးမြတ်သော ဂုဏ်သိက္ခာပင်ဖြစ်ပေသည်။
ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသော်တို့မှ ၁၉ဝ၉ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင်မွေးဖွား ခဲ့သည်။ မွေးချင်းညီအစ်ကိုလေးဦး ရှိသည့်အနက် ဦးသန့်မှာ အစ်ကို အကြီးဆုံးဖြစ်သည်။ သူ့အောက် တွင် ဦးခန့်၊ ဦးသောင်းနှင့် ဦးတင် မောင်ညီသုံးဦးရှိကြသည်။ အသက် ၂၆ နှစ်တွင် ဒေါ်သိန်းတင်နှင့်လက် ထပ်ခဲ့ရာ သမီးကြီးအေးအေးသန့်နှင့် သားငယ် တင်မောင်သန့် နှစ်ဦးမွေး ဖွားခဲ့သည်။ ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် သားငယ်တင်မောင် သန့်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် မီးပွိုင့်အနီးတွင် ဘတ်စ် ကားပေါ်မှ လိမ့်ကျသေဆုံးခဲ့သည်။
ဦးသန့်သည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သူတစ်ဦးဖြစ် သည်။ သူငယ်ချင်းဖြစ်သူ နိုင်ငံ တော်ဝန်ကြီးချုပ်ဦးနုက ¤င်း၏ အစိုးရအဖွဲ့အစည်းတွင် တာဝန်ပေး ထမ်းဆောင်စေခဲ့သည်။ ထို့ကြောင့် ဦးသန့်သည် ဦးနုလက်ထက်တွင် လည်းကောင်း၊ ဗိုလ်ချုပ်ကြီးဦးနေ ဝင်းအစိုးရလက်ထက်တွင်လည်း ကောင်း နိုင်ငံတာဝန်များကို ကျေပွန် စွာထမ်းဆောင်နိုင်စွမ်းခဲ့သလို ကမ္ဘာ့ နိုင်ငံများ၏အလယ်တွင်လည်းအဆင့် အမြင့်ဆုံးဖြစ်သော ရာထူးဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ စွမ်းစွမ်းတမံထမ်း ဆောင်နိုင်ခဲ့ပေသည်။
ဦးသန့် ပြည်တွင်းအစိုးရ
အဖွဲ့အစည်းများတွင်
ထမ်းဆောင်ခဲ့သောတာဝန်များမှာ
၁။ ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေး ပြန်လည်စုစည်းမှုတွင် အတွင်းရေးမှူးတာဝန်။
၂။ ၁၉၄၇ ခုနှစ်တွင် သတင်းနှင့်စာ နယ်ဇင်းညွှန်ကြားရေးမှူးတာဝန်။
၃။ ၁၉၄၈ ခုနှစ်တွင် ပြန်ကြားရေး ဌာန၊ ညွှန်ကြားရေးဝန်။
၎။ ၁၉၅၁ ခုနှစ်တွင် သမိုင်းကော်မ ရှင်နှင့် ဘာသာပြန်စာပေအသင်း။
၅။ ၁၉၅၂ ခုနှစ်တွင်ရုပ်ရှင် အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌတာဝန်။
၆။ ၁၉၅၂ခုနှစ်တွင် ပြည်တော်သာ ၈ နှစ်စီမံကိန်းရေးဆွဲရေးတာဝန်။
၇။ ၁၉၅၃ ခုနှစ်တွင် ဝန်ကြီးချုပ်ရုံး စီမံကိန်းအတွင်းဝန်။
၈။ ၁၉၅၅ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ အတွင်းဝန်ရာထူးနှင့် စီးပွား ရေးနှင့်လူမှုရေးဘုတ်အဖွဲ့ အတွင်း ဝန်။
ဦးသန့် မြန်မာနိုင်ငံ၏ ပြင်ပတွင် ထမ်းဆောင်ခဲ့သော တာဝန်များ
၁။ ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး။
၂။ ၁၉၆ဝ ခုနှစ်တွင် ကုလသမဂ္ဂ ရန်ပုံငွေတိုးပွားရေးအဖွဲ့၏ ဥက္ကဋ္ဌ။
၃။ ၁၉၆၂ ခုနှစ်တွင် ရုတ်တရက် လေယာဉ်ပျက်ကျသေဆုံးသွားသော ဒုတိယမြောက် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဒက်ခ်ဟမ္မား ရှိုးလ်၏ ကျန်ရစ်သောသက်တမ်း အတွက် ယာယီအတွင်းရေးမှူးချုပ် တာဝန်။
၎။ ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် တရားဝင်ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်တာဝန် (၁၉၇၁ ဒီဇင်ဘာ ၃၁ ရက်အထိ)။
ဦးသန့်ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ပါရဂူ (ဒေါက်တာဘွဲ့)များ
၁။ ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင် ဘွဲ့
၂။ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီဘွဲ့
၃။ ၁၉၅၇ ခုနှစ်တွင် စည်သူဘွဲ့
၎။ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည် သူဘွဲ့။
ပါရဂူ (ဒေါက်တာဘွဲ့များ)
၁။ ယူနီဗာဆယ်လ်ဘုရားရှိခိုး ကျောင်း (၁၉၇ဝ၊ မေ ၁၁ရက်)
၂။ ဖလော်ရီဒါတက္ကသိုလ်မှ နိုင်ငံ တကာဥပဒေမဟာဘွဲ့ (၁၉၇၁၊ ဇန်နဝါရီ ၂၅ ရက်)
၃။ ကော်နီတိကပ်ဟတ်ထ်ဖော့စ် တက္ကသိုလ်မှ ဥပဒေမဟာဘွဲ့ (၁၉၇၁၊ နိုဝင်ဘာ ၂၃)
၎။ နယူးယောက် ဟာမင်လ်တန် တက္ကသိုလ်ကောလိပ်မှ မြို့ပြဆိုင်ရာ ဥပဒေမဟာဘွဲ့ (၁၉၇၁ ခုနှစ်)
၅။ မြောက်ကယ်ရိုလိုင်းနားဒါဟမ်မှ ဒုစ်တက္ကသိုလ် Humane Letters ပါရဂူဘွဲ့
၆။ အိန္ဒိယနိုင်ငံမှ ချီးမြှင့်သော နေရူးဆု (၁၉၆၆)။
ပြည်ပကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များမှရရှိခဲ့သော အယ်လ်အယ်လ်ဒီ LLD ဘွဲ့များ
၁။ ကနေဒါနိုင်ငံ အာလီတန်တက္က သိုလ် (၁၉၆၂၊ မေ ၂၅)
၂။ နယူးဂျာစီပြည်နယ် ပရင့်စတန် တက္ကသိုလ် (၁၉၆၂၊ ဇွန် ၁၂)
၃။ မက်ဆာချူးဆက်ပြည်နယ် ဝီလီ ယမ်ကောလိပ် (၁၉၆၂၊ ဇွန် ၁ဝ)
၎။ မက်ဆာချူးဆက်ပြည်နယ် ဟတ် ဒလေတောင်ပိုင်း၊ မောင့်ဟိုလ် ယုတ်ခ်ကောလိပ် (၁၉၆၃၊ ဇွန် ၂)
၅။ မက်ဆာချူးဆက်ပြည်နယ် ကင်းဘရစ်ခ်ျရှိ ဟားဗတ်တက္ကသိုလ် (၁၉၆၃၊ ဇွန် ၁၃)
၆။ နယူးဟမ်ရှိုင်းယားပြည်နယ် ဟင်နိုဘာရှိဒက်မောကောလိပ် (၁၉၆၃၊ ဇွန် ၁၆)
၇။ ကယ်လီဖိုးနီးယားတက္ကသိုလ် (၁၉၆၄၊ ဧပြီ ၂)
၈။ ဒင်ဘာတက္ကသိုလ်၊ ကော်လိုရာဒို (၁၉၆၄၊ ဧပြီ ၃)
၉။ ပင်ဆီဗေးနီးယားပြည်နယ်၊ ဆွပ်မိုးကောလိပ် (၁၉၆၄၊ ဇွန် ၈)
၁ဝ။ နယူးယောက်တက္ကသိုလ် (၁၉၆၄၊ ဇွန် ၁ဝ)
၁၁။ မော့စ်ကိုတက္ကသိုလ် (၁၉၆၄၊ ဇူလိုင် ၃ဝ)
၁၂။ အွန်တာရီယို ကင်းစတန်း ဘုရင်မတက္ကသိုလ် (၁၉၆၅၊ မေ ၂၂)
၁၃။ ဝါတာဗီး***ရှိ ကောလ်ဘိုင် ကောလိပ် (၁၉၆၅၊ ဇွန် ၆)
၁၄။ ယေးလ်တက္ကသိုလ် (၁၉၆၅၊ ဇွန် ၁၄)
၁၅။ ဟယ်လ်မင်တန်ကောလိပ်၊ နယူးယောက် (၁၉၆၆၊ ဇွန် ၅)
၁၆။ မင်ဟက်တန်ကောလိပ်၊ နယူးယောက် (၁၉၆၆၊ ဇွန် ၁၄)
၁၇။ မီချီဂန်တက္ကသိုလ် (၁၉၆၇၊ မတ် ၃ဝ)
၁၈။ ဒေလီတက္ကသိုလ်၊ အိန္ဒိယ (၁၉၆၇၊ ဧပြီ ၁၃)
၁၉။ ဘယ်လ်ဂျီယံ လိုဗိန်း တက္ကသိုလ် (၁၉၆၈၊ ဧပြီ ၁ဝ)
၂ဝ။ အယ်လ်ဘာတာတက္ကသိုလ်၊ ကနေဒါ (၁၉၆၈၊ မေ ၁၃)
၂၁။ ဘော့စ်တန်တက္ကသိုလ် (၁၉၆၈၊ မေ)
၂၂။ ရူးဂါးစ်တက္ကသိုလ်၊ နယူးဂျာစီ (၁၉၆၈၊ မေ ၂၉)
၂၃။ ဒပ်ဘလင်တက္ကသိုလ်၊ အိုင်ယာလန် (၁၉၆၈၊ ဇူလိုင် ၁၂)
၂၄။ လားဗားလ်တက္ကသိုလ်၊ ကနေဒါ (၁၉၆၉၊ မေ ၃၁)
၂၅။ ဖိလစ်ပိုင်တက္ကသိုလ် (၁၉၇ဝ၊ ဧပြီ ၁၁)
ဦးသန့်သည် ကမ္ဘာ့နိုင်ငံအရေး အခင်းပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အောင်မြင် စွာဖြေရှင်းနိုင်ခဲ့သော ခေါင်းဆောင် ကောင်းတစ်ယောက် ဖြစ်သည့်အ တွက်မြန်မာနိုင်ငံတွင်မက ကမ္ဘာ့ နိုင်ငံခေါင်းဆောင်အကြီးအကဲများ၊ ကမ္ဘာ့ပြည်သူများကပါ ချီးကျူးဂုဏ် ပြုခြင်း၊ လေးစားရိုသေခြင်းခံရသူ၊ ကမ္ဘာ့ခေါင်းဆောင်ကောင်း လူကြီး လူကောင်းတစ်ယောက် အဖြစ်မှတ် တမ်းတင် သမိုင်းကမ္ပည်းတင်ခံရသူ ဖြစ်ခဲ့ပါသည်။
၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန်ပြည် ထောင်စုတွင် နေထိုင်ရင်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ် လွန်ချိန်တွင် ဇနီးဒေါ်သိန်းတင်နှင့် သမီးကြီးအေးအေးသန့်တို့ ကျန်ရစ် ခဲ့သည်။
ဦးသန့်၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ သယ်ဆောင်လာပြီး ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ဗိုလ် ချုပ်အောင်ဆန်း၏ဇနီး သီရိသုဓမ္မ ဒေါ်ခင်ကြည်ဂူဗိမာန်၊ စုဖုရား လတ်ဂူဗိမာန်တို့နှင့်အတူ အမှတ် တရဂူဗိမာန် တည်ဆောက်ထား သည်။
ဦးသန့်ကဲ့သို့ မြန်မာ့သား ကောင်းရတနာများ ပေါ်ထွန်းနိုင်ကြ ပါစေ။



ရည်ညွှန်း (၁) တက္ကသိုလ်စိန်တင်၏
ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်စာအုပ်
(၂) ဖြိုးသာရ ၏
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးများစာအုပ်

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP