Sunday, October 17, 2010

စတိတ်မင်(အမြှော်အမြင်ရှိသော နိုင်ငံရေးခေါင်းဆောင်) ဋီကာ အကျယ် ၁၆ ပါး

မောင်စူးစမ်း

ခေါင်းဆောင်ဆိုလျှင် သူ့ အတိုင်းအတာနှင့်သူ အရည်အချင်းရှိ၍ ခေါင်းဆောင်ဖြစ်လာ ကြသည်ချည်း ဖြစ်သည်။ အရည်အချင်း မရှိဘဲနှင့်တော့ ခေါင်းဆောင်ဖြစ်ဖို့ ဝေးလိမ့်မည်။ လာမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံရေးခေါင်းဆောင်တွေ အမျိုးမျိုး ပေါ်မည်။ ပါတီစုံရွေေးကာက်ပွဲ ဖြစ်၍ နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်လာတော့ မကောင်းဘူးလားဟုမေးစရာပေါ်သည်။ ကောင်းပါသည်ဟု ယေဘုယျဖြေကြပါလိမ့်မည်။

သို့ သော် သုံးသပ်သူ အချို့ သာမက အချို့ နိုင်ငံရေး သိပ္ပံပညာရှင်တို့ကပင် နိုင်ငံရေးခေါင်ေးဆာင် တစ်မျိုးဖြစ်သော စတိတ်မင်

Statesman ကို သီးခြားခွဲထုတ်လေ့လာသည်။အဘိဓါန်အနက်၌ စတတိမင် ဆိုသည်မှာ အမြှော်အမြင်ရှိသော နိုင်ငံရေးခေါင်း ဆောင် ဖြစ်သည်ဟု ဖွင့်ဆိုသည်။ အဘိဓါန်အနက်သည်မမှာေးသ်ာလည်း မပြည့်စုံပေ။ နိုင်ငံရေး သိပ္ပံပညာတွင် စတိတ်မင်ကို သီးခြား အကြောင်းအရာ တစ်ရပ်အဖြစ် စာမျက်နှာ ဖွင့်လျက် လေ့လာသည်။

၁၆ ပါး

မော်ဒန် နိုင်ငံရေး သိပ္ပံပညာ ရှင်တို့က စတိတ်မင်ကို အောက်ပါအတိုင်း ဂုဏ်ပုဒ်များဖော်၍ အနက်ပေးသည်။

(၁) အတွေး အခေါ် အမြှော်အမြင်ရှိသူ။

(၂) ခေတ်မီသော အတွေး အခေါ်တို့ နှင့် ယဉ်ပါးသူ။

(၃) ဒီမိုကရေစီ တန်ဘိုး နားလည်သူ။

(၄) ညှိနှိုင်းဆွေးနွေးတတ်သော ဥာဉ်ရှိသူ။

(၅) နိုင်ငံရေး အကဲ ဖြတ်ချက် ကောင်းမွန်စွာ ပြုလုပ်နိုင်သူ။

(၆) အမျိုးသား အကျိုးစီးပွါးနှင့် အမျိုးသား ပန်းတိုင်တို့ ကို ကာကွယ်နိုင်သူ။

(၇) ဈာန်ဝင်စားမှုမဲ့သော အစစ်အမှန်ဝါဒကို ခွဲခြားနိုင်သူ။

(၈)လက်တွေ့ မကျသော စိတ်ကူးယဉ်မှုကို ဖယ်ရှားနိုင်သူ။

(၉) ကာလ၏ ပင်ရင်း အနက်အဓိပ္ပါယ်ကို သိသူ။

(၁၀) အခွင့်အလမ်းကို အမိ ဖမ်းနိုင်သူ။

(၁၁) စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဝံ့သူ။

(၁၂) ဘယ်ဟာ အရေးကြီးသလဲဟု ရွေးနိုင်သူ။

(၁၃) ဘယ်ဟာက ဆီလျှော်သည်။ ဘယ်ဟာက မဆီလျှော်သည်ဟု ခွဲခြားနိုင်သူ။

(၁၄) အရေအတွက်ထက်အရည်အချင်းကို ပို၍အားထားသူ။

(၁၅) သရုပ်ခွဲစစ်မှု Analysis ထက်၊ သမူဟပေါင်းစပ်ပေးမှု Synthesis ကို အလေးသန်သူ။

(၁၆) လူ့အ၀တ်အထည်အနုအကြမ်း(Texture of life) ကိုခံစားတတ်သူ(၀တ္တုရေး ဆရာတို့လို) တို့ ဟူ၍ဖြစ်သည်။
နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေးခေါင်းဆောင်တို့သည် ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ၊ ဘယ်လိုပဲ ပညာတတ်ပါစေ၊ ဘယ်လောက်ပဲ ကွန့် မြူးဥာဏ်ရှိပါစေ အထက်တွင်ဖော်ပြခဲ့သော ဂုဏ်ပုဒ် ၁၆ ပါး မရှိဘဲ စတိတ်မင် (အမြှော်အမြင်ရှိသော နိုင်ငံ ရေး ခေါင်းဆောင်) ဖြစ်မလာနိုင်ဟု ထောက်ပြထားသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် သူတို့ ၌ လက်တွေ့ အတွေ့အကြုံ တွေ မရှိတိုင်း စတိတ်မင်၏ ဂုဏ်ပုဒ်ကိုဖော်ပြရာ၌ အရမ်းလောဘ ကြီးနေသူဟု တစ်ဖက်၌ဝေဖန်ခံရသည်။ စတိတ်မင် ၈ုဏ်ပုဒ် တို့ သည် စစ်ဘက်၊အရပ်ဘက် နှစ်ဘက်စလုံးတွင် အကျုံးဝင်ပါလိမ့်မည်။ ဂုဏ်ပုဒ်(၅) နိုင်ငံရေး အကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထား သည်။

မောင်စူးစမ်း(၈။၁၀။၂၀၀၉)

ရည်ညွှန်း။။---Schlarship and statemanship

The voice 5/50 မှ ကူးယူဖော်ပြပါသည်။

Monday, September 6, 2010

နိုင်ငံရေးသတ္တ၀ါ သုံးမျိုး

နိုင်ငံရေးတွင် ၀င်ရောက်ပတ်သက်သူ လူသားများကို နိုင်ငံရေးသတ္တ၀ါ (Political Animal) ဟု သုံးနှုန်းမည်ဟုဆိုလျှင် နိုင်ငံရေးသတ္တ၀ါ သုံးမျိုးရှိသည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့မှာ Activist ဟု ခေါ်သော နိုင်ငံရေးလှုံ့ဆော်သူများ၊ Politician ခေါ် နိုင်ငံရေးသမားများနှင့် Statesman ခေါ် နိုင်ငံတည်ဆောက်ရေးသမားများ ဟူ၍ ဖြစ်ပါသည်။

အကြမ်းအားဖြင့် ပြောရလျှင် Activist ခေါ် နိုင်ငံရေးလှုံ့ဆော်သူများသည် နိုင်ငံရေးရလဒ်တစ်ခုကို ရရှိရေးအတွက် ဆော်သြသူများဖြစ်ပြီး၊ Politician ခေါ် နိုင်ငံရေးသမားများသည် နိုင်ငံရေးရပ်တည်ချက်တစ်ခုဖြင့် ပြည်သူအကျိုး သယ်ပိုးနိုင်ရန် အာဏာရရှိရေး ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ Statesman ဆိုသူများမှာ နိုင်ငံတည်ဆောက်ရေး ရှုထောင့်မှ နိုင်ငံကို တည်ဆောက်ပုံဖော်ရန် ကြိုးစားသူများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အဆိုပါ နိုင်ငံရေးသတ္တ၀ါ သုံးမျိုးအနက် မည်သည့်အမျိုးအစားက ပို၍ မြင့်သည်၊ မည်သည့်အမျိုးအစားက နိမ့်သည်ဟူ၍ အငြင်းအခုံများ ရှိသော်လည်း The Voice Weekly အနေဖြင့်မူ အမျိုးအစားအလိုက် အသုံးတည့်မှု အမျိုးမျိုးရှိသောကြောင့် အားလုံးလိုအပ်ပြီး မြင့်ခြင်း နိမ့်ခြင်းကို မနှိုင်းယှဉ်အပ်ဟု ယူဆပါသည်။ နိုင်ငံတစ်ခု၏ နိုင်ငံရေးဘ၀တွင် နိုင်ငံရေးလှုံ့ဆော်သူများ၊ နိုင်ငံရေးတာဝန် ထမ်းရွက်သူများ၊ နိုင်ငံတည်ဆောက်သူများ ဘက်စုံမှ လိုအပ်သည်ဖြစ်ရာ မတူညီသော "အသုံး" ရှိနေသော နိုင်ငံရေးသတ္တ၀ါများအားလုံး နိုင်ငံ့ကောင်းကျိုးကို ထမ်းရွက်ခဲ့ရိုးမှန်လျှင် မြင့်မြတ်သူများ ဖြစ်သည်ဟု ခံယူပါသည်။

ဤနေရာတွင် The Voice Weekly အနေဖြင့် မီးမောင်းထိုးပြလိုသည်မှာ လူသိနည်းသော နိုင်ငံတည်ဆောက်ရေး နိုင်ငံရေးသတ္တ၀ါများအကြောင်း ဖြစ်ပါသည်။ ထိုအမျိုးအစားသည် ဗိသုကာသဘော ဆောင်သောကြောင့် သံ၊ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့် အမျိုးအစားများ ပါဝင်မှုကို လက်ခံသူများ ဖြစ်သည်။ သဲမပါရ၊ သံမပါရ သဘောထားမရှိဘဲ အားလုံးပါဝင်မှုကို သဘောတူသူများ ဖြစ်ပါသည်။ အငြင်းအခုံ ရှိခဲ့လျှင်လည်း သဲ မည်သည့်အတိုင်းအဆ၊ ကျောက် မည်သည့်အတိုင်းအဆ၊ ဘိလပ်မြေ မည်သည့်အတိုင်းအဆ ဖြစ်သင့်သည်ဟု အငြင်းအခုံပြုလုပ်ခြင်းသာ ဖြစ်ပြီး Activist များ၏ တန်ဖိုးနှင့် ပါဝင်မှု၊ Politician များ၏ တန်ဖိုးနှင့် ပါဝင်မှုတို့ကို အသိအမှတ်ပြုသူများ ဖြစ်ပေသည်။ တပ်မတော်များသည် နိုင်ငံရေးတွင် ပါဝင်ခဲ့ပါက ဤအမျိုးအစားဖြစ်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

အဓိကပြောလိုသည်မှာ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော နိုင်ငံရေးသတ္တ၀ါ အသီးသီးသည် မည်သည့်အမျိုးအစားပင် ဖြစ်စေ မိမိနှင့် မတူညီသော နိုင်ငံရေးသတ္တ၀ါများ၏ သဘောသဘာဝကို နားလည်သဘောပေါက်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို မျက်ခြေမပြတ် အတူပူးပေါင်း ဆောင်ရွက်ရေးသာ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပါသည်ဆိုသော အချက်ဖြစ်ပေသည်။
အယ်ဒီတာ (၃၀-၈-၂၀၁၀)

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP