Friday, July 16, 2010

နိုင်ငံရေး သဘောတရားများ Political Ideologies

လစ်ဘရယ်ဝါဒ၏ အရင်းအမြစ်များ (The Origins of Liberalism) လစ်ဘရယ်ဝါဒ၏ ရင်းမြစ်များကို ရှာဖွေခြင်းသည် တစ်နည်းအားဖြင့် မတွေ့နိုင်သည့် အရာကို ရှာ ဖွေခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဖြစ်အပျက်အားလုံးသည် သမိုင်းတွင် ယင်းတို့၏အရှေ့ အနောက် ပေါ်ပေါက်ခဲ့ သည့် အဖြစ်အပျက် များနှင့် ဆက်နွှယ်နေ ခြင်းကြောင့်ဖြစ်သည်။ အဖြစ်အပျက်များ ကို ရှောင်တခင်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များ သို့မဟုတ် အရင်းအမြစ်ဖြစ်သည် ဟု ယူဆပြီး တစ်ခု တည်းကို ရွေးထုတ် ခြင်းသည် အမှားကို ကျူးလွန်ခြင်းဖြစ်သည်။ စဉ်ဆက်ဖြစ်စဉ် တသီတန်းတည်းမှ တစ်ခု တည်းကိုသာ ရွေးထုတ်ခြင်း ကြောင့် အမှားကို ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုရခြင်းဖြစ်သည်။ သို့ရာတွင် အဖြစ်အပျက်များ ကိုသိမြင်နိုင်ရန် အားထုတ်ခြင်းဖြစ်သည်ဟု ဆိုမည်ဆိုပါက ဆိုနိုင် သည်။ ယင်းသို့ အားထုတ် ခြင်းသည် အပြောင်းအလဲ များစွာပေါ်တွင် အာရုံစိုက်ခြင်းဖြစ်၍ ယင်းကို ပြဿ နာဖြစ်နေသည့် အကြောင်းအရာ၏ ဥပဓိရုပ်ကို ဖော်ပြရာတွင် အရေးပါသည်ဟု ဆိုနိုင်သည်။ ထူးခြားသော ဖြစ်များမှာ လစ်ဘရယ်ဝါဒ မည်သို့ တိုးတက် ဖွံ့ဖြိုး လာသည်ဆိုသည့် အကြောင်းပင်ဖြစ်သည်။ ဤတွင် ပြောင်းလဲမှုများမှာ ကံကျွေးချစနစ် ပျက်စီးခြင်း အစဉ်အလာ ရှိနေခဲ့သော ခရစ်ယာန်ဘာသာ ကစ် သလစ် ဂိုဏ်း ( Catholic Church ) နှင့် ဘုရင်တို့အား ဘုရားသခင်က ပေးထားသည်ဟု ယုံကြည်သည့် အုပ်ချုပ်ခွင့် အာဏာ ( Divine Rights of Kings ) များ ကျဆုံးခြင်းတို့ကို ရောင်ပြန်ဟပ်သည်။ ထိုမှတစ်ဆင့် ကံကျွေးစနစ်ကြောင့် ပေါ်ပေါက်ခဲ့သည့် မှူးကြီးမတ်ကြီးများ၏ တန်ခိုးအာဏာ ကျ ဆုံး ရခြင်းများလည်း ပါဝင်သည်။ ဘုရင်များ၏ အာဏာကို စုစည်းတည်ဆောက်မှု ၊ ပြုပြင်ပြောင်းလဲရေး ကုန်စည်နှင့် အလုပ်သမားများအတွက် ပို၍ လွတ်လပ်သော ဈေးကွက် တည်ဆောက်ခြင်း စသည်တို့ သည် လစ်ဘရယ် ၀ါဒ တိုးတက်ဖွံ့ဖြိုး လာစေရန် အထောက်အကူပြုသည့် အကြောင်းများ ဖြစ်သည်။ အစိုးရနှင့် လူ့အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ လစ်ဘရယ်တို့ ရှုမြင်သည့် ကြန်အင်လက္ခဏာ အခြေ ခံများကို ဟော့တ်၏ သဘောတရားများတွင် တွေ့ရှိရသည် ။ ဂုဏ်အရည်အသွေးမရှိသော သက်ဦး ဆံပိုင် အုပ်ချုပ်ရေးကို လိုလားသူများအား ထောက်ခံရာတွင် မည်သူ့ကိုမျှ ဖယ်ထုတ်ခဲ့ခြင်း မရှိပေ။ အာဏာ၏ အခြေခံမှာ လူတစ်ဦးချင်း၏ ဘ၀လုံခြုံရေးအတွက် အာမခံချက်ရရှိစေရန် လိုအပ်ချက်များ တွင် အခြေခံ သည်။ ယင်းကို အခွင့်အရေး တစ်ရပ်ဟူ၍ သဘောမထားချေ။ ၁၇ ရာစုအတွင်းက ပေါ်ထွန်းခဲ့သည့် ဂျွန်လော့ စ် ( Jhon Locks) သည် လစ်ဘရယ် အယူ အဆ သဘောထားနှင့် စပ်လျဉ်း၍ ပိုမိုရှင်းလင်းစွာ ဖော်ပြခဲ့ သည်။ သူသည် အဘိဓမ္မာ ဆရာတစ်ဦး နိုင်ငံရေး သီအိုရီ သမားတစ်ဦး လည်းဖြစ်သည်။ သူကနိုင်ငံရေးအာဏာ သည်တစ်ဦးချင်း များ အကြားပြုလုပ် သော သဘောတူ ညီမှုများမှ ပေါ်ထွက်လာခြင်းဖြစ်သည် ဟု ဆိုသည်။ အကျိုးဖြစ်ထွန်းရန် အလားအလာကောင်းသည့် ဤအမျှော် အမြင် ရှိသော သဘောတရားများ သည် လူတစ်ဦးချင်း စိတ်ဝင်စားသည့် သဘောထားဖြစ်လာခဲ့သည်။ ယင်သဘောထားသည် နောင်သောအခါ လစ်ဘရယ် အယူဝါဒ၏ အရေးပါသော သဘောထားတစ်ရပ်ဖြစ်လာသည်။ ယင်းသည် လစ်ဘရယ် အယူ အဆ၏ နောက်ကွယ်တွင် အဆင့်နိမ့်ဆုံးနေရာ၌ ရောက်ရှိနေခဲ့သည်။ ဤအခြေအနေသည် အစိုးရ အလုပ်တွင် တရား ဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထောက်ပံ့ပေးသည့် လုပ်ရပ်တစ်ခု မျှသာ ဖြစ် သည်ဟု ရှုမြင်သည်။ သို့ဖြစ်၍ တစ်ဦးချင်းတို့သည် မိမိတို့၏ လှုပ်ရှားမှုများကို လုပ်ကြရမည်ဟု ဆိုသည်။ ဂျရေမီဘင်သန် ( Jeremy Bentham ) သည် ၁၉ ရာစု အစပိုင်းတွင် လစ်ဘရယ်ဝါဒ၏ တိကျ၍ သြဇာရှိသော သဘောတရားရေးရာအတည်ပြုချက်တစ်ရပ်ကို ထုတ်ပေးခဲ့သည်။ သူက လူပုဂ္ဂိုလ် တစ်ဦးချင်း တို့အား လွတ်လပ်ခွင့်ပေးနိုင်သမျှ ပေးရမည်။ သို့မှ သူတို့၏ ပျော်ရွှင်မှု ကိုမြှင့်တင်ပေးနိုင်မည် ဟု ဆိုသည်။ တစ်ဦးချင်းနှင့် ပုဂ္ဂိုလ်ရေး လွတ်လပ်မှုသည် ပေါ်ပေါက်လာသည့် လွတ်လပ်မှုများအတွက် တန်ဖိုး ရှိလာမည်ဖြစ်သည်။ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုများသည် တန်ဖိုးရှိခြင်းကြောင့် ယင်းသို့ ယူဆသည်မဟုတ် ချေ။ ယင်းတို့ သည် လူမှုရေး ကိစ္စများ အတွက် တန်ဖိုးရှိသည်ဟု ယူဆခြင်းကြောင့်သာ ယင်းတို့ တန်ဖိုး ရှိသည်ဟု ယူဆခြင်း ဖြစ်သည်။ ဤအယူအဆကို နောင်အခါ၌ အခြားသဘောတရားရေးရာကျွမ်းကျင်သူတစ်ဦး ( J.S.Mills) က အကာအကွယ်ပေး ခဲ့သည်။ ထို့ပြင် ပွင့်လင်းသော လူ့အဖွဲ့အစည်း ကိုလည်း ချီးကျူးခဲ့သည်။ လူတစ်ဦးချင်း အား လွတ်လပ်ခွင့်ပေးခြင်းသည် သူတို့စိတ်ကြိုက်အဆုံးဖြတ်ပေးနိုင်ရန်ဖြစ်သည်ဟုလည်း ဆိုသည်။ လူတစ် ဦးချင်း၏ အရေးကိစ္စတွင် အစိုးရက မတရားသဖြင့် ၀င်ရောက် စွက်ဖက်မှုများကို ဖယ်ရှား ပစ်ရမည်ဟု ဆို သည်။ ထို့ပြင်မတန်တဆဖြစ်သည့် လူအများ၏ ဝေဖန်မှုများကိုလည်း အလားတူဖယ်ရှားးပစ်ရမည် ဖြစ်သည်။ သူက လူသားကို တိုးတက်နေသော သတ္တ၀ါ အဖြစ် သတ်မှတ်သည်။ လူတစ်ဦးချင်း၏ လွတ်လပ်မှုကိုချီး ကျူးပြောဆိုရာတွင် လွတ်လပ်မှုကို အခြေခံအကြောင်း ရင်ဖြစ်သည်ဟု ဆိုသည်။ ၁၉ ရာစုကုန်ဆုံးချိန်တွင် လစ်ဘရယ်ဝါဒ၏ ယုံကြည်မှုဖြစ်သော တစ်ဦးချင်း၏ဘ၀တွင် လွတ်လပ် ခွင့်ကို အစိုးရက အနည်းဆုံးမျှကိုသာ ၀င်ရောက်စွက်ဖက်ရမည်ဆိုသည့် အယူအဆကို လှုပ်စေခဲ့ပါသည်။ ထို စဉ်အခါက ဗြိတိန်နိုင်ငံတွင် လစ်ဘရယ် များစွာတို့က နိုင်ငံတော်၏ အပြုသဘောဆောင်သော အခန်ကဏ္ဍ ကို ထောက်ခံပြောဆိုသည်။ နိုင်ငံတော်သည် လူမှုရေး ဆိုးသွမ်းမှု များကို နှိပ်ကွပ်ရာတွင် ပိုမိုကျယ်ပြန့်စွာ ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်သည်ဟု သဘောထားခဲ့ကြသည်။ ထိုအချိန်တွင် လစ်ဘရယ်ဝါဒသစ် ဟုခေါ်သည့် အယူအဆ သစ်တစ်ခု ပေါ်ပေါက်လာသည်။ ယင်း အယူအဆ သစ်က စဉ်းစားတွေးခေါ်မှု က လွတ်လပ် ခွင့်နှင့် ဆန့်ကျင်သည့် အယူအဆကို ပယ်ချ သည်။ ထို့ပြင် အလုပ်ရုံ ဥပဒေပြုခြင်း မျိုးကဲ့သို့သော ကိစ္စမျိုးတွင် နိုင်ငံတော်က ပါဝင်စွက်ဖက် ခြင်းသည် လွန်လပ်မှုကို ကျယ်ပြန့်စေသည်ဟု ဆိုသည်။ အဆိုပါ လစ်ဘရယ် ၀ါဒသစ်ကို တိုးတက်ဖွံ့ဖြိုး စေခဲ့သူ တစ်ဦး ပေါ်ပေါက်ခဲ့ သည်။ သူက ဂရင်း (T.H Greene) ဖြစ်သည်။ လူအများ ကောင်းကျိုးအတွက် အားထုတ်ရန်မှာ တစ်ဦးချင်း၏ တာဝန်ဖြစ်သည်ဟု သူကရှုမြင်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် လွတ် လပ်မှုအတွက် အကျိုးဖြစ်ထွန်းလာနိုင်သည် ဟုလည်း ဆိုသည်။ အလားတူပင် လူမှုရေး ကိစ္စများတွင် နိုင်ငံတော်က ပါဝင်ဆောင်ရွက် ခြင်းဖြင့် လူမှုရေး အခြေအနေ ပိုမိုကောင်းမွန်လာနိုင်သည်ဟု ယူဆခဲ့သည်။ နှစ်ဆယ်ရာစုအတွင်း လစ်ဘရယ် ၀ါဒ၏ အခြေအနေ (Libralism in the Twentieth Century ) လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘ၀တွင် နိုင်ငံတော်က ၀င်ရောက်စွက်ဖက်ခြင်းကို လိုလားသော လစ်ဘရယ် အယူဝါဒသည် ၂၀ ရာစု အလယ်ပိုင်းတွင် အရှိန်အဟုန် ပြင်းစွာဖြင့် ဖွံ့ဖြိုးလာခဲ့သည်။ ကင်းစ်( Kyenes) နှင့် ဘီးဗားရစ်( Beveridege) တို့သည် ဗြိတိန်တွင် လူမှု ဖူလုံ သော နိုင်ငံတော် ဖြစ်ပေါ်လာရေးကို ပုံဖော် ပေးခဲ့သည့် ဗိသုကာများဖြစ်သည်။ သူတို့သည် စီးပွားရေးစီမံချက်နှင့် စပ်လျဉ်း၍ သိသာထင်ရှား သော သဘောတရား သမားများဖြစ်ကြသည်။ တစ်ဦးချင်း အားဖြင့် သူတို့၏ ဘ၀လုံခြုံရေးအတွက် အာမခံချက် ရရှိစေရန် ရပ်တည်နိုင်မည့် အခြေအနေတစ်ရပ် ရှိစေလိုသူများ လည်းဖြစ်သည်။ သို့မှ တစ်ဆင့်တစ်ဦးချင်းလွတ်လပ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ လစ်ဘရယ်သီအိုရီသမားများကြားတွင် သေးငယ်သောနိုင်ငံ အတွက် ရှေ့နေလိုက်ပေးနေသူ များ ဆက်လက်ရှိနေခဲ့သည်။ ထင်ရှားသူမှာ သြစတြေးယား နိုင်ငံသား ဗွန်ဟေးယက် Von Hayeh ဖြစ်သည်။ သူသည် ဈေးကွက် စီးပွားရေး စနစ်ကို လူသား၏ ဆုံးဖြတ် ချက်များနှင့် လှုပ်ရှားမှု များကြောင့် လူမှုရေး အခြေခံ ပေါ်တွင် ပူးပေါင်း ဆောင်ရွက် ရန် ပေါ်ပေါက်လာသည့် တစ်ခုတည်းသော နည်လမ်းဖြစ်သည် ဟု ရှုမြင်သည်။ ယင်းနည်းအားဖြင့် အရည်အချင်း ပြည့်ဝမှုနှင့် လွတ်လပ်မှု တို့အတွက် လုံခြုံမှု ရှိသည်ဟု ဆို သည်။ ၂၀ရာစု နောက်ပိုင်းတွင် ထိုစဉ်က လက်ရှိ စီးပွားရေး စီမံချက်များ မအောင်မမြင်ဖြစ်နေသဖြင့် သူ၏ လစ်ဘရယ်ဝါ။သစ်သဘောတရားကို လူကြိုက်များ လာခဲ့သည်။ နော်ဇစ်က အသေးငယ်ဆုံးနိုင် ( Minimal State) ၏မြင်ကွင်းကို ပုံဖော်ပြခဲ့သည်။ ယင်းအယူ အဆကို သီအိုရီသမား အချို့က သဘောကျသည်။ လစ်ဘရယ် အယူအဆက တစ်ဦးချင်း၏ ဘ၀တွင် နိုင်ငံတော် က ပို၍ စွက်ဖက်သော လစ်ဘရယ်ဝါဒသည် နိုင်ငံရေး သီအိုရီ သမား အများစု၏ ချီးမွမ်းခြင်း ကို ခံခဲ့ရသည်။ သို့ရာတွင် ခေတ်ပြိုင်နိုင်ငံရေး သီအိုရီများ၏ အယူအဆ ဗဟိုအချက်မှာ ဘက်မလိုက်သော လစ်ဘရယ်ဝါဒကို တရားမျှတသည့် သဘောတရား အဖြစ် တည်ရှိနေစေလိုသည့် ခေတ်ပြိုင် အယူအဆတစ်ခုရှိသည်။ ယင်းသို့ဖြစ်စေလို သည်မှာ လစ်ဘရယ် ၀ါဒအနေဖြင့် ကောင်းသော ဘ၀ ဆိုသည့် အငြင်းပွား လျက်ရှိသော အယူအဆနှင့် စပ်လျဉ်း၍ ဘက်မလိုက်ဘဲနေခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤကိစ္စတွင် လစ်ဘရယ်များ က လူတစ်ဦးချင်းအား သူတို့ ကြိုက်သလို ရွေးချယ် ဆုံးဖြတ်ခွင့်ပြုခဲ့ခြင်း ကြောင့် ဖြစ်သည်။ သို့ရာတွင် လစ်ဘရယ်ဝါဒ အား ယခုလို အကာအကွယ် ပေးထားခြင်းဖြင့် အခြားသဘောတရား များ၏ ဖိအားကို ခံနိုင်ရည် စွမ်းအားရှိမရှိ ကြည့် ရဦးမည် ဖြစ်သည်။ ထို့ပြင် လူပုဂ္ဂိုလ် တစ်ဦးချင်း၏ လွတ်လပ်မှု သည် အခြေခိုင်သော ကောင်းကျိုးတစ်ရပ်ဟုတ်မဟုတ် အကဲဖြတ် ရန်လည်း လိုဦးမည်ဖြစ် သည်။

http://www.hin4ooe.com/

0 comments:

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP