Friday, July 16, 2010

နိုင်ငံရေးမိတ်ဆက် -နိုင်ငံရေးသဘောတရားများ (Political Ideologies)

နိုင်ငံရေးမိတ်ဆက် -နိုင်ငံရေးသဘောတရားများ (Political Ideologies)

နိုင်ငံရေးသဘောတရားများ၏ သဘောသဘာဝ
(The Nature of Political Ideologies)
နိုင်ငံရေးသဘောတရားများအကြောင်းကို လေ့လာရာတွင် ယင်းတို့၏ သဘောသဘာဝကိုလည်း ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ အလားတူပင် နိုင်ငံ ရေးသဘောတရားများ၏ သမိုင်းကိုလည်း စဉ်းစားဆင် ခြင်ရန်လိုအပ်သည်။ ထို့ပြင် နိုင်ငံရေးသဘောတရား ဆိုသည့် အသုံးအနှုန်း၏ ထူးခြားချက်ကိုလည်း ထည့် သွင်းစဉ်းစားရပေလိမ့်မည်။
သဘောတရားဆိုသည်မှာ အငြင်းပွားသည့် အယူအဆဖြစ်သည်။ ယင်း၏အဓိပ္ပာယ်မှာ သိလွယ်၊ မြင်လွယ်လောက်အောင် ရှင်းလင်းပြတ်သားခြင်းမရှိ ချေ။ အတိတ်ကသီဝရီများနှင့် သဘောတရားများကို မျက်မြင်တန်ဖိုးအတိုင်း သဘောမထားရန် သတိပြုရ မည်ဖြစ်သည်။ သီဝရီသမားတို့သည် သိလွယ်မြင်လွယ် မရှိသည့် ထူးခြားထွေပြားသောသီဝရီများကို ချမှတ် ပေးခဲ့ကြသည်။ ယင်းသို့ ပြုလုပ်ခဲ့ခြင်းမှာ ဂန္ထ၀င်သ ဘောတရားများကြောင့် အခြေမြင့်လာသော နိုင်ငံရေး ကို ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စအဖြစ် အရေးဆိုနေ ခြင်းကို လျော့ကျစေလိုသောကြောင့် ဖြစ်သည်။
နေ့စဉ်နိုင်ငံရေးဆိုင်ရာ စိတ်တက်<ကမှုသဘော တရားကို ထိခိုက်စေရန် ပြုလုပ်ခြင်းသည် လက်ဝဲလက် ယာနိုင်ငံရေးသမားတို့ ဖန်တီးသည့်လုပ်ထုံးလုပ်နည်း တစ်ရပ်သာဖြစ်သည်။ သဘောတရားဆိုသည့် စကား လုံးသည် ပြင်သစ်တော်လှန်ရေးကာလနှင့် နပိုလီယံ လက်ထက်တွင် ထင်ရှားခဲ့ခြင်းဖြစ်သည်။ သိမြင်နား လည်ခြင်း၏ အကောင်းမြင်သဘောထားကို လက်ခံ ယုံကြည်သူသည် စိတ်ကူးနှင့် အဖြစ်မှန်ကို ရှင်းလင်းစွာ သိမြင်နိုင်မည်ဖြစ်သည်။ ယင်းသို့ သိမြင်နိုင်ပါက သဘာဝကို တိုးတက်ကောင်းမွန်အောင်လုပ်နိုင်မည် ဖြစ်သည်။
အမှန်အားဖြင့်ဆိုရသော် သဘောတရားသည် စိတ်ကူးကို သိပ္ပံနည်းကျချဉ်းကပ်ခြင်းဖြစ်သည်ဟုယူဆ သူများလည်းရှိသည်။ စိတ်ကူးကို ယင်းသို့ သိပ္ပံနည်း ကျချဉ်းကပ်ရာတွင် စိတ်ကူးနှင့် တကယ့်လိုအပ်ချက် အစစ်အမှန်တို့၏ဆက်နွှယ်မှုကို ရှင်းလင်းသွားစေသည် ဟုလည်း ယူဆသည်။ စိတ်ကူးအပေါ်တွင် အကောင်း မြင်သဘောထားသည် မကြာမီအတွင်းမှာပင် နပိုလီ ယံ၏ အယူအဆနှင့် ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။ နပိုလီယံက လက်တွေ့မကျသည့် သဘောတရားများ ကို သေချာစွာဆန်းစစ်၍ ဖယ်ရှားခဲ့သည်။ သဘော တရားနှင့် သဘောတရားသမားများကို ဆန့်ကျင်ခြင်း သည် နပိုလီယံလက်ထက်မှစ၍ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။
မာ့ခ်နှင့်အိန်ဂျယ်တို့သည် အထင်ရှားဆုံးသော သီဝရီသမားများဖြစ်ကြသည်။ သူတို့သည် သဘော တရားအဆင့်အတန်းများအား မနှစ်သက်ကြောင်း မဆုတ်မနစ်အခိုင်အမာပြောဆိုခဲ့ကြသည်။ သူတို့အဖို့ ဆိုရလျှင် သဘောတရားသည် မူရင်းသဘောထား၏ အဓိပ္ပာယ်ပြောင်းလဲသွားစေရန် ဖန်တီးမှုတစ်ခုသာဖြစ် သည်။ သဘောတရားနှင့် စပ်လျဉ်း၍ အလေးအနက် ဖော်ပြထားသည့်သမိုင်းမှတ်တမ်းများသည် စိတ်ကူး သက်သက်ဖြစ်ရုံမျှမက အမှန်တရားမှ လမ်းလွှဲပေး ခြင်းလည်းဖြစ်သည်ဟု သူတို့ကဆိုသည်။ သဘော တရားအနေအထားတို့သည် ဘုရားရှိခိုးခြင်း၊ အကျင့် သီလကောင်းမွန်ရေးအတွက် ဟောပြောခြင်းနှင့်တရား ဥပဒေ တို့၏ နောက်ကွယ်တွင် မီးခိုးကန့်လန့်ကာများ (Smoke Screens) အဖြစ်သာရှိနေကြခြင်းဖြစ်သည်ဟု သူတို့က သဘောထားသည်။ သဘောတရားများသည် လူအုပ်စုများ သို့မဟုတ် လူတန်းစားများကို ထိုးနှက် ခြင်းအား အကာအကွယ်မပေးနိုင်ဟုဆိုလိုခြင်းဖြစ်သည်။
အလားတူပင် ခေတ်သစ်ကွန်ဆာဗေးတစ် တွေးခေါ်ရှင်များကလည်း သဘောတရားဆိုသည့်ဘာ သာစကားသည် သံသယဖြစ်ဖွယ်သော သဘောကို ဆောင်သည်ဟု ဆိုသည်။ မာ့ခ်နှင့် အိန်ဂျယ်တို့သည် သဘောတရားနှင့် စပ်လျဉ်း၍ အလွန်အရေးပါသော မူလအဓိပ္ပာယ်ကို ပေါ်လွင်အောင်ရှင်းလင်းပေးနိုင်သူ များဖြစ်သည်ဟု ခေတ်သစ်ကွန်ဆာဗေးတစ်များကဆို သည်။ သဘောတရားသည် စိတ်ကူးကို အမှန်တကယ် ကိုယ်စားပြု၍ ရှုပ်ထွေးသောနိုင်ငံရေးလောကအတွက် သီဝရီတစ်ရပ်အဖြစ် ဖန်တီးထားသည့်အရာသာဖြစ် သည်ဟုလည်းယုံကြည်သည်။ နိုင်ငံရေးလုပ်ငန်းအဆင့် ဆင့်တွင် မလွှဲမရှောင်သာဘဲ စိမ်းကားမှုများနှင့် သွေးခွဲ မှုများပေါ်ပေါက်လာတတ်သည်။ ယင်းသို့ မနှစ်မြို့ ဖွယ်ရာ လောကအထဲတွင် လူသားများ ကျေနပ်ရောင့် ရဲစွာနေထိုင်ကြရသည်။
သို့ဖြစ်ရာ သဘောတရားသည် အလွန် အန္တရာယ်များသည့် ရူးသွပ်မှုတစ်ခုသာဖြစ်သည်ဟု အချို့ဝေဖန်သုံးသပ်သူများက ယုံကြည်သည်။ စစ်မှန် သော လက်တွေ့လောကမှ လွတ်မြောက်ရေးအတွက် ထွက်ပေါက်တစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။ ဤအ နေအထားတွင် လူသား၏လွတ်လပ်မှုအတွက် အကောင် အထည်ရှိသည့် အကာအကွယ်မရှိသေးဟုယူဆသည်။ အလားတူပင် နိုင်ငံရေးလုပ်ရပ်များအတွက်လည်း အကာအကွယ်မရှိသေးဟု ဆိုသည်။ စိတ်ကူးယဉ် သဘောတရားနောက်သို့လိုက်နိုင်စေရန် အဆိုပါလွတ် လပ်ခွင့်များကို ဘေးဖယ်ထားရခြင်းဖြစ်သည်။
မာ့ခ်နှင့်အိန်ဂျယ်တို့အတွက် ဆိုပါမူ သဘော တရားများသည် အဓိပ္ပာယ်လွဲမှားစေရန် ဖန်တီးထား သည့်အယူအဆများသာဖြစ်သည်။ ယင်းသဘောတရား များအရ လူတန်းစားအကျိုးကို စံအဖြစ်ဖော်ပြထား ခြင်းများရှိသည်။ လူ့အဖွဲ့အစည်းအတွင်း လိုက်နာရန် တရားဥပဒေများကိုလည်း သတ်မှတ်ထားသည်။ သို့ရာ တွင် လူအများစု နစ်နာကြရပြီး အခွင့်ထူးခံလူတစ်စု ကသာ အကျိုးခံစားခွင့်ရှိသည်ဟု သူတို့က သုံးသပ် သည်။
နိုင်ငံရေးသဘောတရားနှင့်စပ်လျဉ်း၍ အပြင်း အထန်ငြင်းခုံခဲ့ကြသည်။ ယင်းသို့ ငြင်းခုံခဲ့ကြသည့် အကျိုးတရားအဖြစ် သဘောတရားဆိုင်ရာဆန့်ကျင်မှု ဆိုသည့် ဝေါဟာရတစ်ခုပေါ်ပေါက်လာခဲ့သည်။ ယင်း ငြင်းခုံမှုများကပင် သဘောတရားများ၏အကြောင်းကို သိမြင်စေခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးသဘောတရားနှင့် စပ်လျဉ်းသည့် ငြင်းခုန်မှုဟန်(Style) တစ်ခုလည်းပေါ် ပေါက်လာခဲ့သည်။ ယင်းဟန်သည်ပင်လျှင် သဘော တစ်ရပ်တစ်ခုဖြစ်သည်ဟုဆိုပြီး ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ ဘာသာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရေး ဟော ပြောမှုများနှင့် ညွှန်ကြားချက်များကို မာ့ခ်နှင့်အိန်ဂျယ် တို့က ဆန့်ကျင်ကြသည်။
ပညာရှင်တစ်ဦး (Minogue) က အကန့် အသတ်ရှိသော နိုင်ငံရေးသဘောတရားကို လက်ခံရန် လူအများအားဖျောင်းဖျ၍ ရေးသားခဲ့သည်။ ယင်းသည် လက်ရှိနိုင်ငံရေးဘ၀တွင် အံဝင်ခွင်ကျဖြစ်သည်ဟု သူ က ဆိုသည်။ မူလသဘောထားအကြောင်းရင်းကို အခြေခံမှစ၍ ပြောင်းလဲရန် ပြောဆိုခြင်းမျိုးကို ရှောင် ကြဉ်ခဲ့သည်။ ယင်းကဲ့သို့သော ရပ်တည်ချက်မျိုးကို သဘောတရားဟု ဆိုနိုင်သော်လည်း ယင်းသဘော တရားတွင် နိုင်ငံရေးနှင့်ပတ်သက်သည့်ကိစ္စများ၌ အများလက်ခံကျင့်သုံးလျက်ရှိသည့် ယေဘုယျသဘော ထားကို လက်ခံရန် ဆွယ်တရားဟောခြင်းများကို ပြု လုပ်နေကြောင်း တွေ့ရှိရသည်။ သူတို့ဆင်ခြေပေး၍ ရှင်း လင်းပြောကြားချက်များသည် ဂန္ထ၀င်သဘောတရား များပင်ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်းက ဝေဖန်သုံး သပ်သူ ပညာရှင်များသည် သဘောတရားများအပေါ် အာရုံစူးစိုက်မှုများ တိုးပွားလာခဲ့ကြောင်းတွေ့ရှိရသည်။ အာရုံစူးစိုက်မှုနှင့်အတူ ဝေဖန်သုံးသပ်မှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံရေးသဘောတရား များအပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ခဲ့ကြ သည်။ လူသားနှင့် လူ့အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ ဝေဖန်သုံးသပ်ရာတွင် နိုင်ငံရေးသဘောတရားဟန်အမျိုး မျိုး ပါဝင်သည်။ နိုင်ငံရေးသဘောတရားများအပေါ် ဝေဖန်သုံးသပ်ရာတွင် ပို၍တိကျသောစိတ်ကူးများကို ထောက်ခံခဲ့ကြသည်။ ယင်းအချက်သည် နိုင်ငံရေးလုပ် ရပ်၏ အခြေခံဖြစ်သည်ဟု ယူဆသည်။
ပညာရှင်တစ်ဦး (Eatwell) က ခွဲခြမ်း စိတ် ဖြာရာ၌ သဘောတရားများတွင် နိုင်ငံရေးလုပ်ရပ် အတွက် တိကျသော လုပ်ငန်းအစီအစဉ်များ ပါဝင်ရ မည်ဟု ဆိုသည်။ ယင်းအစီအစဉ်ကို လူအများက လက်ခံယုံကြည်ရမည်ဖြစ်သည်။ ယင်းသို့ ယုံကြည်မှ သာ ထောက်ခံကြမည်ဖြစ်သည်။ ယင်းအစီအစဉ်များ သည် လူသား၏သဘာဝအနေအထားနှင့် လိုက်လျော ညီထွေဖြစ်ရမည်ဟုလည်း ဆိုသည်။ သမိုင်း၏ ဖြစ်ရပ် ရှေ့နောက်အစီအစဉ်၊ လူမှုဆက်ဆံရေးနှင့် နိုင်ငံရေး စီမံဆောင်ရွက်ချက်များအပေါ်တွင် လူအများယုံကြည် မှုရှိရန်များစွာအရေးကြီးသည်။
နိုင်ငံရေးတွင် အမှန်အတိုင်းသာပြုလုပ်ရန် ဆုံးဖြတ်ချက်ချရာ၌ အရှုပ်အထွေးမရှိသော အကြောင်း အရာဟူ၍မရှိချေ။ လွတ်လပ်သော ဈေးကွက်စီးပွား ရေးစနစ်ကို ထောက်ခံသူသည် ဈေးကွက်ကလူတစ်ဦး ချင်း၏ လွတ်လပ်မှုကို တိုးမြင့်စေသည်ဟု ရှုမြင်မည် ဖြစ်သည်။ ထို့ပြင် လုပ်ငန်းစီမံချက်တိမ်းညွတ်မှု၊ ခြိမ်း ခြောက်မှုနှင့် ရှုပ်ထွေးပွေလီသော လုပ်ရပ်များကို စိစစ် ရမည်ဖြစ်သည်။ သို့ရာတွင် အစိုးရ၏ (နိုင်ငံတော်၏) စွက်ဖက်မှုမလွှဲမရှောင်ပါဝင်ရေးကို ထောက်ခံသူများ အနေဖြင့် လူမှုဖူလုံရေးကို တရားမျှတစွာ ဝေငှဖြန့်ဖြူး ရေးကိစ္စတွင် အခြေခံအကြောင်းရင်းဖြစ်သည့် သင့်တင့် လျောက်ပတ်သော သဘောထားနှင့်ဆင်ခြင်တုံတရား ဆိုင်ရာ အမျိုးမျိုးသောတန်ဖိုးများကို ရှုမြင်သုံးသပ်ရ မည်ဖြစ်သည်။ ယုတ္တိရှိ၍ ယုံကြည်လောက်သော နိုင်ငံ ရေးတန်ဖိုးများကို အပြီးအပြတ်တည်ဆောက်နိုင်သည့် နည်းလမ်းမရှိသကဲ့သို့ လူအများက ဆန့်ကျင်သည့် နိုင်ငံ ရေးလုပ်ရပ်ကို ပယ်ဖျက်ရန် လွယ်ကူသော နည်း လမ်းလည်းမရှိချေ။ ဖက်ဆစ်တို့ ကျင့်သုံးသည့် ရန်လို သော အမျိုးသားရေးဝါဒနှင့် လူတစ်စုကြီးစိုးရေးဝါဒ တို့သည် နိုင်ငံတော်နှင့် နိုင်ငံသားများအကြားတွင် ရှိ သည့် သာတူညီမျှစနစ်ကို ဆန့်ကျင်သည်။ သို့ရာတွင် ယင်းစနစ်ကို ဖယ်ရှားရန် ဆင်ခြင်တုံတရားအတိုင်း အကျိုးသင့်အကြောင်းသင့်ဆင်ခြင်သုံးသပ်မည့် နည်း လမ်းမရှိချေ။
နိုင်ငံရေးသဘောတရားနှင့် သမိုင်းစဉ်
(Political Ideology and History)
နိုင်ငံရေးသဘောတရားများသည် နိုင်ငံရေး နှင့် စပ်လျဉ်းသည့် တိတိကျကျသတ်မှတ်ထားသော အဆိုပြုချက်များနှင့် ယေဘုယျအဆိုပြုချက်များကို ပေါင်းစပ်ထားသည့် ယုံကြည်မှုများဖြစ်သည်။ အရေး ပါသည့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းများတွင် နိုင်ငံရေးသဘောတရားပညာရှင်များမပါမဖြစ်ပါဝင် ကြရသည်။ သူတို့ထောက်ခံတင်ပြသည့် အဆိုပြုချက် များကို နိုင်ငံရေးလောကတွင် အထူးအလေးထား၍ လိုက်နာကြရသည်။ လက်တွေ့ဘ၀တွင် နိုင်ငံရေး သဘောတရားများ ပတ်သက်ပါဝင်ခြင်းသည် ကမ္ဘာ ကြီး အပြောင်းအလဲဖြစ်ရာ၌ နိုင်ငံရေးသဘောတရား များ ပါဝင်သည်ဟု အဓိပ္ပာယ်သက်ရောက်သည်။ လက် တွေ့ ဘ၀၏ အပြောင်းအလဲအတွေ့အကြုံတစ်ရပ်ကို တွေ့ရှိနေရသည်။ ထူးခြားသည်မှာ ယင်းအတွေ့အကြုံ သည် အစဉ်ထာဝရရှိနေပြီး အတိတ်ဆီသို့ မရပ်မနား ရွေ့လျားပြောင်းလဲနေခြင်းဖြစ်သည်။ နိုင်ငံရေးသဘော တရားနှင့် ပြောင်းလဲနေသော ကမ္ဘာကြီးအကြားရှိ ဆက် စပ်မှုအရ အစဉ်ထာဝရတည်မြဲသောနိုင်ငံရေးသဘော တရားဟူ၍မရှိကြောင်း သိရှိရသည်။
နိုင်ငံရေးသမားများသည် မရပ်မနားပြောင်း လဲနေသော နိုင်ငံရေးလောကတွင် သူတို့၏ နိုင်ငံရေး အယူအဆများ မှန်ကန်ကြောင်း၊ ပြည်သူများအား တင်ပြ၍ မိမိတို့ဘက်သို့ပါဝင်အောင် စည်းရုံးကြရ သည်။ ယင်းသို့စည်းရုံးရာတွင် နိုင်ငံရေးသဘောတရား များကို အသုံးပြုကြရသည်။ ယင်းသို့ နိုင်ငံရေးသဘော တရားများ၏ရှေ့နောက်ဖြစ်စဉ်များကို ထုတ်ဖော်ပြော ဆိုခြင်းကြောင့် နိုင်ငံရေးသဘောတရားများ အဘယ် ကြောင့် အပြောင်းအလဲဖြစ်ရကြောင်း ထင်ရှားစွာ သိရခြင်းဖြစ်သည်။
ပတ်ဝန်းကျင် အခြေအနေသည် အချိန်နှင့် အတူ ပြောင်းလဲလျက်ရှိသည်။ သို့ဖြစ်ရာ ယခင်က ပြည်သူများထံတင်ပြခဲ့သည့် အဆိုပြုချက်နှင့် အယူ အဆများသည် နောက်တစ်ကြိမ်တွင် မသင့်လျော် တော့ကြောင်း တွေ့ရှိရသည်။ လက်တွေ့လုပ်ကိုင်ရသည့် ပတ်ဝန်းကျင်အခြေအနေသည်လည်း တစ်နေရာနှင့် တစ်နေရာ မတူဘဲ အပြောင်းအလဲများရှိသည်။ သို့ ဖြစ်၍ သဘောတရားအမြင်တို့က ဒေသအတွင်းအမျိုး မျိုး အဖုံဖုံဖြစ်နေကြောင်း အထင်အရှားတွေ့ရှိကြရသည်။ နိုင်ငံရေးသဘောတရားများ ထပ်တူထပ်မျှ တူညီရေး သည် အရာဝတ္ထုတစ်ခုကို အချိန်ကာလကြာမြင့်စွာ အပြောင်းအလဲမပြုလုပ်ဘဲ ထိန်းသိမ်းထားလိုသူများ အတွက် ပြဿနာတစ်ရပ်ဖြစ်နေလေသည်။ ယင်း အချက်ကို အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံရေး သဘော တရားအပြောင်းအလဲများအရ ထင်ရှားသိ သာသည်။ လစ်ဘရယ်အယူဝါဒကဲ့သို့သော နိုင်ငံရေး သဘောတရားသည် အပြောင်းအလဲလုပ်ရန် မလိုအပ် သော သဘောတရားတစ်ခုမဟုတ်ချေ။
ပညာရှင်အချို့က လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ၏ဘ၀တွင် နိုင်ငံတော်က ၀င်ရောက်စွက်ဖက်ခွင့်မရှိ ဟုယူဆသည်။ ယင်းသဘောတရားအတိုင်းဖြစ်စေရန် လည်း ရေးသားဖော်ပြခဲ့ကြသည်။ အခြားတစ်ဖက် တွင်မူ ယင်းအယူအဆကို ဆန့်ကျင်သူများရှိကြောင်း တွေ့ရှိရသည်။ လစ်ဘရယ်အယူဝါဒကို လက်ခံသူမျိုး ဆက်သစ်များက အစဉ်အလာအားဖြင့် လူပုဂ္ဂိုလ်တစ် ဦးတစ်ယောက်တည်းနှင့်သာသက်ဆိုင်သည်ဟုလက်ခံ ကျင့်သုံးခဲ့သည့် အရေးကိစ္စများတွင်ပင် နိုင်ငံတော်၏ စွက်ဖက်မှုလိုအပ်ကြောင်း သဘောပေါက်သိမြင်လာ ကြပြီဖြစ်သည်။ ။
ရည်ညွှန်း- Politics; An Introduction P.P 252-281

0 comments:

  © Blogger template Brooklyn by Ourblogtemplates.com 2008

Back to TOP